ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး သြဂုတ် ၁၅

1447

နှစ်စဉ်သြဂုတ်လ၏ ပထမပတ်သည် ကမ္ဘာ့မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ် လည်း ဖြစ်ပါကြောင်း အာဟာရဖွံ့ဖြိုရေးလှုပ်ရှားမှု ရက်သတ္တပတ်များကို ပထမရက်သတ္တပတ်ကို မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ် ၊ဒုတိယ ရက်သတ္တပတ်ကို ငါးနှစ်အောက်ကလေး များနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ၊ တတိယ ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ၊ စတုတ္ထ ရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်များအနေနှင့် သတ်မှတ်ဆောင်ရွက်နေပြီး ယခုနှစ်အတွက် ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၏ လုပ်ငန်းဆောင်ပုဒ်မှာ Breastfeeding: Foundation of Life ဖြစ်၍ မိခင်နို့ရေ ချိုမြမြ ရင်သွေးငယ် ဘ၀စိတ်ချရ ဖြစ်ပါ ကြောင်းနှင့် မိခင်နို့သည် ကလေးအတွက်အကောင်းဆုံးသော အာဟာရဖြစ်ပြီး မွေးစမှ ကလေး အသက် (၆)လထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးရန် လိုအပ်ပါကြောင်း ၊ အသက်(၆)လ ပြည့်ပြီးပါက နောက်လည်း ဖြည့်စွက်စာနှင့်အတူ အသက် (၂)နှစ်ထိ မိခင်နို့ကို ဆက်လက် တိုက်ကျွေး ရန် လိုအပ်ပါကြောင်း ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံမှ အချိန်အဟုတ်မြင့် ဆောင်ရွက်ရာတွင် နှီးနွယ်ဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူများအနေဖြင့် ဟန်ချက်ညီညီ ဆက်လက်ပြီး လက်တွဲကာ အဟာရအခြေအနေတိုးကာ နိုင်ငံဖွံ့ဖြိုးလာစေရန် အလေးထားဆောင်ရွက်ပေးကြရန် သြဂုတ်(၁၅)ရက် နံနက် (၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ၂၀၁၈ခုနှစ် အာဟာရ ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။ 



+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အဟာရရက်သတ္တပတ်များ လှုပ်ရှားမှုဖွင့်ပွဲကျင်းပ

တောင်ကြီး ဩဂုတ် ၁၅

 

နှစ်စဉ်ဩဂုတ်လ၏ ပထမပတ်သည် ကမ္ဘာ့မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ် လည်း ဖြစ်ပါကြောင်း အာဟာရဖွံ့ဖြိူရေးလှုပ်ရှားမှု ရက်သတ္တပတ်များကို ပထမရက်သတ္တပတ်ကို မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ် ၊ဒုတိယ ရက်သတ္တပတ်ကို ငါးနှစ်အောက်ကလေး များနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ၊ တတိယ ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ၊ စတုတ္ထ ရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်များအနေနှင့် သတ်မှတ်ဆောင်ရွက်နေပြီး ယခုနှစ်အတွက် ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၏ လုပ်ငန်းဆောင်ပုဒ်မှာ Breastfeeding: Foundation of Life ဖြစ်၍ မိခင်နို့ရေ ချိုမြမြ ရင်သွေးငယ် ဘဝစိတ်ချရ ဖြစ်ပါ ကြောင်းနှင့် မိခင်နို့သည် ကလေးအတွက်အကောင်းဆုံးသော အာဟာရဖြစ်ပြီး မွေးစမှ ကလေး အသက် (၆)လထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးရန် လိုအပ်ပါကြောင်း ၊ အသက်(၆)လ ပြည့်ပြီးပါက နောက်လည်း ဖြည့်စွက်စာနှင့်အတူ အသက် (၂)နှစ်ထိ မိခင်နို့ကို ဆက်လက် တိုက်ကျွေး ရန် လိုအပ်ပါကြောင်း ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံမှ အချိန်အဟုတ်မြင့် ဆောင်ရွက်ရာတွင် နှီးနွယ်ဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူများအနေဖြင့် ဟန်ချက်ညီညီ ဆက်လက်ပြီး လက်တွဲကာ အဟာရအခြေအနေတိုးကာ နိုင်ငံဖွံ့ဖြိုးလာစေရန် အလေးထားဆောင်ရွက်ပေးကြရန် ဩဂုတ်(၁၅)ရက် နံနက် (၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ၂၀၁၈ခုနှစ် အာဟာရ ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။ 

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင် က အာဟာရ ရက်သတ္တပတ်အကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီး ၊ တာဝန်ရှိသူတို့က မူကြိုကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေး ကာ ကိုယ်ဝန်ဆောင်မိခင်များအား ဗီတာမင်ဘီဝမ်း ဆေးပြားနှင့် အာဟာရအားဖြည့် ဆန်များ ပေးဝေခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 85 guests and no members online