ရှမ်းပြည်နယ်သတင်းများ

ေက်ာင္းအဆင့္ တိုးျမႇင့္ဖြင့္ပြဲ အခမ္းအနားက်င္းပ

ေတာင္ႀကီး ၾသဂုတ္ - ၂၁

150

ရွမ္းျပည္နယ္၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ႐ြာငံၿမိဳ႕နယ္၊ အင္းႀကီး(မ)ေက်း႐ြာ၊ အေျခခံပညာ အထက္တန္း ေက်ာင္း(ခြဲ) အဆင့္မွ အေျခခံပညာအထက္တန္းေက်ာင္းအဆင့္တိုးျမႇင့္ဖြင့္ပြဲ အခမ္းအနားကို ၾသဂုတ္လ ၂၀ ရက္ နံနက္ ၁၀ နာရီက အဆိုပါေက်း႐ြာ၌ က်င္းပျပဳလုပ္ရာ ရွမ္းျပည္နယ္လႊတ္ေတာ္ ဒုဥကၠဌ ဦးစဝ္ေအာင္ျမတ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဥကၠဌ ဦးအာကာလင္း၊ ျပည္နယ္ပညာေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္၊ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ႐ြာသူ/႐ြာသားမ်ား၊ ရပ္မိရပ္ဖမ်ား၊ ဆရာ/ ဆရာမမ်ား၊ ေက်ာင္းသူ/ေက်ာင္းသားမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ တာဝန္ရွိသူမ်ားမွ ေက်ာင္းဆိုင္းဘုတ္အား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ခဲ့ၿပီး ရွမ္းျပည္နယ္လႊတ္ေတာ္ ဒုဥကၠဌ၊ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ေဒသဦးစီးဥကၠဌ၊ ျပည္နယ္ပညာေရးမႉးတို႔မွ အမွာစကားေျပာၾကားခဲ့ၾကၿပီး ေဒသခံ ရပ္မိ ရပ္ဖတစ္ဦးမွ ေက်းဇူးတင္စကားေျပာၾကားခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္လႊတ္ေတာ္ ဒုဥကၠဌမွ အလႉေငြက်ပ္ တစ္သိန္း၊ ျပည္နယ္လူမႈေရး ဝန္ႀကီးမွ ဗလာစာအုပ္ ဒါဇင္ ၁၀၀ ႏွင့္ အားကစားပစၥည္းမ်ား၊ ေဒသဦးစီးဥကၠဌမွ အလႉေငြ က်ပ္တစ္သိန္းႏွင့္ ေဆးေသတၱာ(၃)လုံး၊ ေထာက္ပံ့ေပးအပ္ခဲ့ၿပီး၊ ရပ္႐ြာမွ ေက်ာင္းအဆင့္တိုးျမႇင့္ဖြင့္ပြဲအထိမ္းအမွတ္ အလံႏွင့္ လက္ေဆာင္ ပစၥည္းမ်ားကို ေပးအပ္ကာ အခမ္းအနားကို ႐ုပ္သိမ္းခဲ့ေၾကာင္း သိရသည္။

၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္တြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ အ.ထ.က(၁၁)ေက်ာင္း၊ အ.ထ.က (ခြဲ) (၅)ေက်ာင္း၊ အလက(၅၈)၊ အ.လ.က(ခြဲ) (၃၇)ေက်ာင္း၊ မူလြန္ေက်ာင္း (၄၆)ေက်ာင္း၊ အ.မ.က (၇၃)ေက်ာင္း၊ အ.မ.က(ခြဲ) (၄၁)ေက်ာင္း၊ စုစုေပါင္း (၂၇၁)ေက်ာင္း အဆင့္တိုးျမႇင့္ဖြင့္လွစ္ခြင့္ရရွိခဲ့သျဖင့္ ေဒသခံတိုင္းရင္းသား လူငယ္မ်ား အေျခခံ ပညာအဆင့္  ပညာရပ္မ်ားကို မိမိရပ္႐ြာေဒသ၌ပင္ အဆင္ေျပေခ်ာေမြ႕စြာ သင္ယူႏိုင္ၾကေၾကာင္း သိရသည္။

အဖရ(ရွမ္း)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး သြဂုတ် - ၂၁

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အင်းကြီး(မ)ကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) အဆင့်မှ အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၂၀ ရက် နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးစဝ်အောင်မြတ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးအာကာလင်း၊ ပြည်နယ်ပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွာသူ/ရွာသားများ၊ ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ရှိသူများမှ ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေသဦးစီးဥက္ကဌ၊ ပြည်နယ်ပညာရေးမှူးတို့မှ အမှာစကားပြောကြားခဲ့ကြပြီး ဒေသခံ ရပ်မိ ရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဌမှ အလှူငွေကျပ် တစ်သိန်း၊ ပြည်နယ်လူမှုရေး ဝန်ကြီးမှ ဗလာစာအုပ် ဒါဇင် ၁၀၀ နှင့် အားကစားပစ္စည်းများ၊ ဒေသဦးစီးဥက္ကဌမှ အလှူငွေ ကျပ်တစ်သိန်းနှင့် ဆေးသေတ္တာ(၃)လုံး၊ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ရပ်ရွာမှ ကျောင်းအဆင့်တိုးမြှင့်ဖွင့်ပွဲအထိမ်းအမှတ် အလံနှင့် လက်ဆောင် ပစ္စည်းများကို ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အ.ထ.က(၁၁)ကျောင်း၊ အ.ထ.က (ခွဲ) (၅)ကျောင်း၊ အလက(၅၈)၊ အ.လ.က(ခွဲ) (၃၇)ကျောင်း၊ မူလွန်ကျောင်း (၄၆)ကျောင်း၊ အ.မ.က (၇၃)ကျောင်း၊ အ.မ.က(ခွဲ) (၄၁)ကျောင်း၊ စုစုပေါင်း (၂၇၁)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသား လူငယ်များ အခြေခံ ပညာအဆင့်  ပညာရပ်များကို မိမိရပ်ရွာဒေသ၌ပင် အဆင်ပြေချောမွေ့စွာ သင်ယူနိုင်ကြကြောင်း သိရသည်။

 

အဖရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 70 guests and no members online