ရှမ်းပြည်နယ်သတင်းများ

ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းဆိုင်ရာ သဘောတူစာချုပ် MOA လက်မှတ်ရေးထိုး

တောင်ကြီး သြဂုတ် - ၃၁

151

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား ကျိုင်းတုံမြို့နယ် မိုင်းခွန် ကျေးရွာအုပ်စု နမ့်ဝုတ်(၂) ရေအားလျှပ်စစ်စီမံကိန်းနှင့် နမ့်စိုရေအားလျှပ်စစ်စီမံကိန်းတို့နှစ်ခုအတွက်ရေအား လျှပ်စစ်ထုပ်လုပ်ရေးစီမံကိန်းဆိုင်ရာ သဘောတူစာချုပ် MOA လက်မှတ်ရေးထိုးခြင်းကို သြဂုတ် - ၃၁ ရက် မွန်းလွဲ (၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးရုံးခန်း၌ ကျင်းပကြောင်းသိရသည်။ 

ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမိတက်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာအနီးတွင် (၁.၈၉)မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်သည့် နမ့်ဝုတ်(၂) ရေအားလျှပ်စစ်စီမံကိန်းနှင့် မိုင်းခွန်ကျေးရွာအုပ်စု ဝမ်ကျင်းကျေးရွာအနီးတွင် (၂.၅၀) မဂ္ဂါဝပ် ရေအား လျှပ်စစ်ထုတ်လုပ်သည့် နမ့်စိုရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း ယခင် အစိုးရလက်ထပ်တွင် အစိုးရပိုင်စက်ရုံအား ဝန်ကြီးဌာနမှ စက်ရုံနှင့် ဝန်ထမ်းများကိုပါ လွှဲပြောင်း လက်ခံရယူလုပ်ကိုင်ခဲ့ပြီး ဓါတ်အားလုံလောက်မှုမရှိသဖြင့် ကုမ္ပဏီ၏ ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုဖြင့် ထပ်မံ တိုးချဲ့ဆောင်ရွက်ခဲ့ရာ နမ့်ဝုတ်(၂)ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့၍ ဓါတ်အားထပ်မံလိုအပ်ချက်အရ နမ့်စိုရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်တည်ဆောက်ခဲ့ရာ ၂၀၁၆ ခုနှစ် တွင် ပြီးစီးကာ ပြည်သူများကို လျှပ်စစ်ဓါတ်အားဖြန့်ဝေဆောင်ရွက်လျှက်ရှိပါကြောင်း၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့် နမ့်ဝုတ်(၂)ရေအားလျှပ်စစ်စီမံကိန်းနှင့် နမ့်စိုရေအား လျှပ်စစ်စီမံကိန်းတို့ကို သစ်တောကြိုးဝိုင်းမြေ နှစ်ရှည်ငှားရမ်းခွင့်ပြုချက်ရရှိပြီးလျှင် လုပ်ငန်းဆက်လက် ဆောင်ရွက်ခွင့်ရရှိနိုင်ရေးအတွက်ယခုသဘောတူညီမှုစာချုပ် MOA ကို လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က အဖွင့်အမှာစကား၌ ပြောကြားသွားသည်။ 

ဆက်လက်၍ ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ သဘောတူစာချုပ်လက်မှတ်ရေးထိုးကာ စာချုပ်များကို အပြန်အလှန်လဲလည်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ေရအားလၽွပ္စစ္ထုတ္လုပ္ေရး စီမံကိန္းဆိုင္ရာ သေဘာတူစာခ်ဳပ္ MOA လက္မွတ္ေရးထိုး

ေတာင္ႀကီး ၾသဂုတ္ - ၃၁

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ က်ိဳင္းတုံစြမ္းအင္ကုမၸဏီလီမိတက္တို႔အၾကား က်ိဳင္းတုံၿမိဳ႕နယ္ မိုင္းခြန္ ေက်း႐ြာအုပ္စု နမ့္ဝုတ္(၂) ေရအားလၽွပ္စစ္စီမံကိန္းႏွင့္ နမ့္စိုေရအားလၽွပ္စစ္စီမံကိန္းတို႔ႏွစ္ခုအတြက္ေရအား လၽွပ္စစ္ထုပ္လုပ္ေရးစီမံကိန္းဆိုင္ရာ သေဘာတူစာခ်ဳပ္ MOA လက္မွတ္ေရးထိုးျခင္းကို ၾသဂုတ္ - ၃၁ ရက္ မြန္းလြဲ (၁)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး႐ုံးခန္း၌ က်င္းပေၾကာင္းသိရသည္။ 

က်ိဳင္းတုံစြမ္းအင္ကုမၸဏီလီမိတက္သည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံခ႐ိုင္၊ က်ိဳင္းတုံၿမိဳ႕နယ္၊ မိုင္းခြန္ေက်း႐ြာအုပ္စု၊ ေဟြဟိေက်း႐ြာအနီးတြင္ (၁.၈၉)မဂၢါဝပ္ ေရအားလၽွပ္စစ္ထုတ္လုပ္သည့္ နမ့္ဝုတ္(၂) ေရအားလၽွပ္စစ္စီမံကိန္းႏွင့္ မိုင္းခြန္ေက်း႐ြာအုပ္စု ဝမ္က်င္းေက်း႐ြာအနီးတြင္ (၂.၅၀) မဂၢါဝပ္ ေရအား လၽွပ္စစ္ထုတ္လုပ္သည့္ နမ့္စိုေရအားလၽွပ္စစ္စီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္လၽွက္ရွိေၾကာင္း ယခင္ အစိုးရလက္ထပ္တြင္ အစိုးရပိုင္စက္႐ုံအား ဝန္ႀကီးဌာနမွ စက္႐ုံႏွင့္ ဝန္ထမ္းမ်ားကိုပါ လႊဲေျပာင္း လက္ခံရယူလုပ္ကိုင္ခဲ့ၿပီး ဓါတ္အားလုံေလာက္မႈမရွိသျဖင့္ ကုမၸဏီ၏ ရာႏႈန္းျပည့္ ရင္းႏွီးျမဳပ္ႏွံမႈျဖင့္ ထပ္မံ တိုးခ်ဲ႕ေဆာင္႐ြက္ခဲ့ရာ နမ့္ဝုတ္(၂)ေရအားလၽွပ္စစ္စီမံကိန္းကို ၂၀၁၄ ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးခဲ့၍ ဓါတ္အားထပ္မံလိုအပ္ခ်က္အရ နမ့္စိုေရအားလၽွပ္စစ္စီမံကိန္းကို ဆက္လက္တည္ေဆာက္ခဲ့ရာ ၂၀၁၆ ခုႏွစ္ တြင္ ၿပီးစီးကာ ျပည္သူမ်ားကို လၽွပ္စစ္ဓါတ္အားျဖန္႔ေဝေဆာင္႐ြက္လၽွက္ရွိပါေၾကာင္း၊ လၽွပ္စစ္ဓါတ္အား ျဖန္႔ျဖဴးျခင္းလုပ္ငန္း လုပ္ကိုင္ေဆာင္႐ြက္လၽွက္ရွိသည့္ နမ့္ဝုတ္(၂)ေရအားလၽွပ္စစ္စီမံကိန္းႏွင့္ နမ့္စိုေရအား လၽွပ္စစ္စီမံကိန္းတို႔ကို သစ္ေတာႀကိဳးဝိုင္းေျမ ႏွစ္ရွည္ငွားရမ္းခြင့္ျပဳခ်က္ရရွိၿပီးလၽွင္ လုပ္ငန္းဆက္လက္ ေဆာင္႐ြက္ခြင့္ရရွိႏိုင္ေရးအတြက္ယခုသေဘာတူညီမႈစာခ်ဳပ္ MOA ကို လက္မွတ္ေရးထိုးရျခင္းျဖစ္ေၾကာင္း ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္က အဖြင့္အမွာစကား၌ ေျပာၾကားသြားသည္။ 

ဆက္လက္၍ က်ိဳင္းတုံစြမ္းအင္ကုမၸဏီလီမိတက္မွ တာဝန္ရွိသူတစ္ဦးက သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပၿပီး၊ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးကာ စာခ်ဳပ္မ်ားကို အျပန္အလွန္လဲလည္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 38 guests and no members online