ရှမ်းပြည်နယ်သတင်းများ

ျပည့္သူမ်ားအတြက္ သြားႏွင့္ခံတြင္းက်န္းမာေရးေစာင့္ေရွာက္မႈ(အခမဲ့)ကုသရာတို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္အဖြဲ႕လာေရာက္ၾကည့္႐ႈအားေပးျခင္း

ေတာင္ႀကီး  စက္တင္ဘာ  ၄

156

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ဦးေဆာင္မႈျဖင့္ ျမန္မာႏိုင္ငံသြားႏွင့္ခံတြင္းေဆးေကာင္စီ (Myanmar Dental Council)၊ ျမန္မာႏိုင္ငံသြားႏွင့္ခံတြင္းဆရာဝန္အသင္း (ရွမ္းျပည္နယ္/ မႏၲေလးတိုင္းေဒသႀကီးအသင္းခြဲ) ႏွင့္ အျပည္ျပည္ဆိုင္ရာသြားဘက္ဆိုင္ရာေဆးေကာလိပ္အဖြဲ႕ဝင္ဆရာဝန္မ်ား(ICD, Region42, Myanmar) တို႔ ပူးေပါင္းေဆာင္႐ြက္သည့္ ျပည္သူမ်ား၏ သြားႏွင့္ခံတြင္းက်န္းမာေရးေစာင့္ေရွာက္မႈ(အခမဲ့)ကုသျခင္း အခမ္းအနား ကို ေညာင္ေ႐ႊၿမိဳ႕၌ စက္တင္ဘာလ ၄ ရက္ နံနက္ ၉နာရီခြဲက  ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းႏွင့္ ဌာနဆိုင္ရာမ်ား သြားေရာက္ၾကည့္႐ႈအားေပး ခဲ့သည္။

ျပည့္သူမ်ား၏သြားႏွင့္ခံတြင္းက်န္းမာေရးေစာင့္ေရွာက္မႈ(အခမဲ့) ကုသျခင္းအခမ္းအနားတြင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းႏွင့္ ဌာနဆိုင္ ရာမ်ားတို႔က ေဒါက္တာစင္းလွပို(F.I.C.D)မိသားစု(မူဆယ္ၿမိဳ႕)မွ လႉဒါန္းေသာသြားတိုက္ေဆးမ်ားကို လက္ခံရယူ ေပးခဲ့ ၿပီးကုသေနေသာလူနာမ်ားကို အားေပးစကားေျပာၾကားေပးခဲ့သည္။

ထိုေနာက္ ေညာင္ေ႐ႊၿမိဳ႕၊ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္း၊ ပတၱျမားခန္းမတြင္ ေဒါက္တာ ေက်ာ္ေနဇာသင္းက သြားႏွင့္ခံတြင္းက်န္းမာေရးအေၾကာင္းသိေကာင္းစရာေခါင္းစဥ္ အထက္တန္း/အလယ္တန္း ေက်ာင္းသား/ေက်ာင္းသူမ်ား ေဆြးေႏြးေဟာေျပာေနရာတို႔ သြားေရာက္၍ ေဟာေျပာမႈမ်ားကို အားေပးၾကည့္႐ႈခဲ့ၾက ေၾကာင္း သိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည့်သူများအတွက် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့)ကုသရာတို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့လာရောက်ကြည့်ရှုအားပေးခြင်း

တောင်ကြီး  စက်တင်ဘာ  ၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆေးကောင်စီ (Myanmar Dental Council)၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း (ရှမ်းပြည်နယ်/ မန္တလေးတိုင်းဒေသကြီးအသင်းခွဲ) နှင့် အပြည်ပြည်ဆိုင်ရာသွားဘက်ဆိုင်ရာဆေးကောလိပ်အဖွဲ့ဝင်ဆရာဝန်များ(ICD, Region42, Myanmar) တို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်သူများ၏ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့)ကုသခြင်း အခမ်းအနား ကို ညောင်ရွှေမြို့၌ စက်တင်ဘာလ ၄ ရက် နံနက် ၉နာရီခွဲက  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် ဌာနဆိုင်ရာများ သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။

ပြည့်သူများ၏သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့) ကုသခြင်းအခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် ဌာနဆိုင် ရာများတို့က ဒေါက်တာစင်းလှပို(F.I.C.D)မိသားစု(မူဆယ်မြို့)မှ လှူဒါန်းသောသွားတိုက်ဆေးများကို လက်ခံရယူ ပေးခဲ့ ပြီးကုသနေသောလူနာများကို အားပေးစကားပြောကြားပေးခဲ့သည်။

ထိုနောက် ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ဒေါက်တာ ကျော်နေဇာသင်းက သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်းသိကောင်းစရာခေါင်းစဉ် အထက်တန်း/အလယ်တန်း ကျောင်းသား/ကျောင်းသူများ ဆွေးနွေးဟောပြောနေရာတို့ သွားရောက်၍ ဟောပြောမှုများကို အားပေးကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 58 guests and no members online