
မောက်မယ် စက်တင်ဘာ - ၎

 



အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိ၊ရပ်ဖများနှင့် ဒေသခံပြည်သူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သိရသည်။

အဖရ(ရှမ်း)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ထူထောင်ခြင်းအသိပညာပေးဆွေးနွေးပွဲကျင်းပ

မောက်မယ် စက်တင်ဘာ - ၄

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ထူထောင်ခြင်းအသိပညာဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက် ညနေ ၄ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်နယ်တစ်ခွင် ထူထောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဟောပြောပြသပြီးနောက် တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအ154ဖွဲ့ ဝင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိ၊ရပ်ဖများနှင့် ဒေသခံပြည်သူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သိရသည်။

 

အဖရ(ရှမ်း)