ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ဖလားခ႐ိုင္အလိုက္အသက္(၁၉)ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲဖြင့္ပြဲ

ေတာင္ႀကီး  စက္တင္ဘာ  ၅

160

၂၀၁၈ ခုႏွစ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္အသက္(၁၉)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲဖြင့္ပြဲကိုျပည္နယ္အားကစားကြင္း၌စက္တင္ဘာလ ၅ ရက္ေန႔ မြန္းလြဲ ၂ နာရီ စတင္က်င္းပခဲ့သည္။

ေဘာလုံးၿပိဳင္ပြဲဖြင့္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္သယံဇာတႏွင့္ ပတ္ဝန္းက်င္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ၿပိဳင္ပြဲဝင္အားကစားမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ ဆရာ/ ဆရာမမ်ားႏွင့္ အားကစားဝါသနာရွင္မ်ားတို႔က လြိဳင္လင္ခ႐ိုင္အမ်ိဳးသား ေဘာလုံးအသင္းႏွင့္ လင္းေခးခ႐ိုင္အမ်ိဳးသားေဘာလုံးအသင္းတို႔ ယွဥ္ၿပိဳင္ေနမႈကိုအားေပးၾကည္႐ႈခဲ့ၾကသည္။

အခမ္းအနားအရ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားကို စစ္ေၾကာင္းမႉး ဦးမင္းကိုကိုဦးက ဦးေဆာင္၍ ရွမ္းျပည္နယ္ အစိုးရ အဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္အား အေလျပဳခဲ့ၾကသည္။ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က အခုလို အသက္(၁၉)ႏွစ္ေအာက္ ခ႐ိုင္အလိုက္ေဘာလုံးၿပိဳင္ပြဲႀကီး က်င္းပျပဳလုပ္ရတဲ့ရည္႐ြယ္ခ်က္ကေတာ့ ရွမ္းျပည္နယ္အတြင္းရွိ ေဒသမ်ားတြင္ ေဘာလုံးအဆင့္အတန္းတိုးတက္ျမင့္မားေရး၊ လူငယ္မ်ိဳဆက္သစ္အားကစားသမားမ်ား ေမြးထုတ္ေပးႏိုင္ေရး၊ လူငယ္လူ႐ြယ္အခ်င္းခ်င္းခ်စ္ခင္စည္းလုံးညီၫြတ္မႈရရွိကာ က်န္းမာၿပီးႀကံ႕ခိုင္ ေသာလူငယ္မ်ားအျဖစ္ ရွမ္းျပည္နယ္၏ အားကစားက႑တိုးတက္လာေစရန္ႏွင့္ ႏိုင္ငံ့ဂုဏ္ေဆာင္ မ်ိဳးဆက္သစ္ အားကစားသမားမ်ား ေပၚထြက္လာေစလိုတဲ့အတြက္ေၾကာင့္ က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

ခ႐ိုင္အဆင့္မွျပည္နယ္၊ ျပည္နယ္အဆင့္မွ ႏိုင္ငံ့လက္ေ႐ြးစင္အျဖစ္ တက္လွမ္းႏိုင္ေရး ရည္မွန္း ခ်က္ထားၿပီး အားသြန္ခြန္စိုက္ယွဥ္ၿပိဳင္ကစားသြားၾကပါလို႔ ၂၀၁၈ ခုႏွစ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဖလားခ႐ိုင္အလိုက္ အသက္(၁၉)ႏွစ္ေအာက္အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲအား ယခုအခ်ိန္ မွစ၍ ဖြင့္လွစ္ေပးလိုက္ေၾကာင့္ေျပာၾကားေပးခဲ့သည္။ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားကို စစ္ေၾကာင္းမႉး ဦးမင္းကိုကိုဦးက ဦးေဆာင္၍အားကစားသစၥာအဓိ႒ာန္႐ြတ္ဆို ခဲ့ၾကသည္။ ၿပိဳင္ပြဲဝင္အားကစားသမား မ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ားကလိုက္လံႏႈတ္ဆက္ခဲ့ၾကၿပီး၊ အားကစားကြင္းမွျပန္လည္ထြက္ခြာသြားခဲ့ၾကသည္။ ဆက္လက္၍လြိဳင္လင္ခ႐ိုင္အမ်ိဳးသား ေဘာလုံး အသင္းႏွင့္လင္းေခးခ႐ိုင္အမ်ိဳးသားေဘာလုံးအသင္းတို႔ယွဥ္ၿပိဳင္ကစားခဲ့ၾကေၾကာင္းသိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ

တောင်ကြီး  စက်တင်ဘာ  ၅

၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကိုပြည်နယ်အားကစားကွင်း၌စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ စတင်ကျင်းပခဲ့သည်။

ဘောလုံးပြိုင်ပွဲဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် အားကစားဝါသနာရှင်များတို့က လွိုင်လင်ခရိုင်အမျိုးသား ဘောလုံးအသင်းနှင့် လင်းခေးခရိုင်အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုကိုအားပေးကြည်ရှုခဲ့ကြသည်။

အခမ်းအနားအရ ပြိုင်ပွဲဝင်အားကစားသမားများကို စစ်ကြောင်းမှူး ဦးမင်းကိုကိုဦးက ဦးဆောင်၍ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ်အား အလေပြုခဲ့ကြသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က အခုလို အသက်(၁၉)နှစ်အောက် ခရိုင်အလိုက်ဘောလုံးပြိုင်ပွဲကြီး ကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်းရှိ ဒေသများတွင် ဘောလုံးအဆင့်အတန်းတိုးတက်မြင့်မားရေး၊ လူငယ်မျိုဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်းချစ်ခင်စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာပြီးကြံ့ခိုင် သောလူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍတိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေလိုတဲ့အတွက်ကြောင့် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ခရိုင်အဆင့်မှပြည်နယ်၊ ပြည်နယ်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဖြစ် တက်လှမ်းနိုင်ရေး ရည်မှန်း ချက်ထားပြီး အားသွန်ခွန်စိုက်ယှဉ်ပြိုင်ကစားသွားကြပါလို့ ၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်အလိုက် အသက်(၁၉)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲအား ယခုအချိန် မှစ၍ ဖွင့်လှစ်ပေးလိုက်ကြောင့်ပြောကြားပေးခဲ့သည်။ ပြိုင်ပွဲဝင်အားကစားသမားများကို စစ်ကြောင်းမှူး ဦးမင်းကိုကိုဦးက ဦးဆောင်၍အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို ခဲ့ကြသည်။ ပြိုင်ပွဲဝင်အားကစားသမား များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကလိုက်လံနှုတ်ဆက်ခဲ့ကြပြီး၊ အားကစားကွင်းမှပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ ဆက်လက်၍လွိုင်လင်ခရိုင်အမျိုးသား ဘောလုံး အသင်းနှင့်လင်းခေးခရိုင်အမျိုးသားဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 33 guests and no members online