ရှမ်းပြည်နယ်သတင်းများ

ေဆးလိပ္ေငြ႕ ကင္းစင္ရွမ္းျပည္တစ္ခြင္ ေက်ာင္းအေျချပဳ မီနီမာရသြန္ၿပိဳင္ပြဲက်င္းပ

ကေလာ စက္တင္ဘာ - ၅

159

၂၀၁၈ ခုႏွစ္ ၾသဂုတ္လ ၂၆ ရက္ နံနက္(၆)နာရီက ကေလာၿမိဳ႕၌ ၂၀၁၈ခုႏွစ္၊ ရွမ္းျပည္နယ္အစိုးရဖြဲ႕၏ လမ္းၫႊန္မႈျဖင့္ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန၊ ျပည္နယ္ကုသေရးႏွင့္ျပည္သူ႕က်န္းမာေရးဦးစီး ဌာနႏွင့္ ပညာေရးဌာနတို႔ ပူးေပါင္းက်င္းပသည့္ ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ ေက်ာင္းအေျချပဳ မီနီမာရသြန္ ၿပိဳင္ပြဲ က်င္းပျပဳလုပ္ခဲ့ရာ (ေက်ာင္းသား/ ေက်ာင္းသူ) ၇၂၈ ဦး ပါဝင္ယွဥ္ၿပိဳင္ၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာေကာ္မတီ ဥကၠဌ ေဒါက္တာ မ်ိဳးထြန္းမွ ေသနတ္ ပစ္ေဖာက္၍ တာလႊတ္ေပးခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ၿပိဳင္ပြဲဝင္ဆုရရွိေသာ အားကစားသမားမ်ားအား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ပါေၾကာင္း၊ ၎ေနာက္ ကေလာၿမိဳ႕ေတာ္ခန္းမတြင္ ေဆးလိပ္ေငြ႕ကင္းစင္ေဒသမ်ား ထူေထာင္ျခင္းဆိုင္ရာ ေဟာေျပာပြဲက်င္းပရာ ျပည္နယ္လူမႈေရးဝန္ႀကီး  ေဒါက္တာမ်ိဳးထြန္းမွ ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ဆိုင္ရာ အဖြင့္အမွာစကား ေျပာၾကားၿပီး ဒုတိယျပည္နယ္ျပည္သူ႕က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာစိုင္းဝင္းေဇာ္လႈိင္က ေဆးလိပ္ေငြ႕ ကင္းစင္ေဒသမ်ားထူေထာင္ျခင္းဆိုင္ရာ ကိစၥရပ္မ်ားကို ပါဝါပြိဳင့္ျဖင့္ ေဟာေျပာေဆြးေႏြးၿပီး တက္ေရာက္လာသူ မ်ား၏ ေမးျမန္းခ်က္မ်ားကို ျပန္လည္ရွင္းလင္းေျဖၾကားခဲ့ပါသည္၊ အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယ ပညာေကာ္မတီ ဥကၠဌ ေဒါက္တာ မ်ိဳးထြန္း၊ ဒုျပည္နယ္ျပည္သူ႕က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာ စိုင္းဝင္းေဇာ္လႈိင္၊ ကေလာၿမိဳ႕ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္၊ ျပည္နယ္အား/ကာဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး ဦးထန္အိတ္ႏွင့္အဖြဲ႕၊ ကေလာၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္ျပည္သူ႕ က်န္းမာေရးဦးစီးဌာနမႉး၊ ကေလာၿမိဳ႕နယ္ အား/ကာဦးစီးဌာနမွ ဝန္ထမ္းမ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား၊ အေျခခံပညာေက်ာင္းမ်ားမွ ဆရာ/ ဆရာမမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

အဖရ(ရွမ္း)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကျင်းပ

ကလော စက်တင်ဘာ - ၅

၂၀၁၈ ခုနှစ် သြဂုတ်လ ၂၆ ရက် နံနက်(၆)နာရီက ကလောမြို့၌ ၂၀၁၈ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ (ကျောင်းသား/ ကျောင်းသူ) ၇၂၈ ဦး ပါဝင်ယှဉ်ပြိုင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာ မျိုးထွန်းမှ သေနတ် ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ၎င်းနောက် ကလောမြို့တော်ခန်းမတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ခြင်းဆိုင်ရာ ဟောပြောပွဲကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး  ဒေါက်တာမျိုးထွန်းမှ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်ဆိုင်ရာ အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ဆေးလိပ်ငွေ့ ကင်းစင်ဒေသများထူထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ပါဝါပွိုင့်ဖြင့် ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူ များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်၊ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယ ပညာကော်မတီ ဥက္ကဌ ဒေါက်တာ မျိုးထွန်း၊ ဒုပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ ကလောမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၊ ပြည်နယ်အား/ကာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထန်အိတ်နှင့်အဖွဲ့၊ ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ကလောမြို့နယ် အား/ကာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဖရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 44 guests and no members online