ရှမ်းပြည်နယ်သတင်းများ

အမွတ္(၄၂၂)ေျချမန္တပ္ရင္းမွျပန္လည္စြန္႔လႊတ္ေျမႏွင့္ေခါင္းအိေက်းရြာအုပ္စုရွိ လယ္ယာေျမတို႔အား လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္(ပံုစံ-၇)ေပးအပ္ပြဲအခမ္းအနားက်င္းပ

ေတာင္ႀကီး  စက္တင္ဘာ  ၈

 162

ရွမ္းျပည္နယ္၊ေတာင္ႀကီးခရုိင္၊ဖယ္ခံုၿမိဳ႕နယ္အမွတ္(၄၂၂)ေျချမန္တပ္ရင္းမွျပန္လည္စြန္႔လြတ္ေျမႏွင့္ေခါင္းအိ ေက်းရြာအုပ္စုရွိ လယ္ယာေျမမ်ားအားလယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္(ပံုစံ-၇)ေပးအပ္ပြဲကို စက္တင္ဘာလ ၈ ရက္ေန႔ နံနက္ ၁၀ နာရီက ဖယ္ခံုၿမိဳ႕နယ္ခန္းမ၌ျပဳလုပ္ခဲ့သည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ က ေေတာင္သူလယ္ သမားမ်ား၏လူေနမႈဘဝတိုးတက္ျမင့္မားေရးေဆာင္ရြက္ရာမွာ ေတာင္သူလယ္သမားေတြရဲ႕ေျမပိုင္ဆိုင္ခြင့္လက္မွတ္ ေတြတစ္နိုင္ငံလံုးတစ္ႏွစ္အတြင္းရရွိဖို႕အျမန္ဆံုးႀကိဳးပမ္းေဆာင္ရြက္သြားၾကရန္ဆိုတဲ့အသံုးခ်ပိုင္ခြင့္ အမည္ေပါက္ရ ရွိေစေရးအတြက္ တည္ဆဲဥပေဒ၊လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ အျမန္ဆံုးၿပီးစီးေအာင္ အားသြန္ခြန္စိုက္စီမံခန္႔ခြဲ ေဆာင္ရြက္ေပးလ်က္ရွိသည္။

ယေန႔အခမ္းအနားမွာ ေတာင္ႀကီးခရုိင္၊ဖယ္ခံုၿမိဳ႕နယ္အတြင္းကာကြယ္ေရးဝန္ႀကီးဌာန၊အမွတ္(၄၂၂)ေျချမန္ တပ္ရင္းမွျပန္လည္စြန္႔လြတ္အပ္ႏွံခဲ့သည့္ေျမဧရိယာ(၃၇၇.၇၃)ဧကအနက္မွလယ္ယာေျမဧရိယာ(၂၄၆.၄၈)ဧကကို ေတာင္သူ(၂၂၈)ဦးထံသို႔လည္းေကာင္း၊ေခါင္းအိေက်းရြာအုပ္စုအတြင္းမွလယ္ယာေျမဧရိယာ(၂၃၁.၀၃)ဧကကို ေတာင္သူ(၁၃၀)ဦးထံသို႕လည္း သားစဥ္ေျမးဆက္ အဆက္ဆက္အသံုးခ်ပိုင္ခြင့္အမည္ေပါက္ရရွိေစေရးအတြက္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္(ပံုစံ-၇)မ်ားထုတ္ေပးသြားမွာျဖစ္ေၾကာင္းေျပာၾကားေပးခဲ့သည္။ျပည္နယ္စိုက္ ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဦးစိုင္းလံုေက်ာ္ က လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္(ပံုစံ-၇)ေပးအပ္ ျခင္းႏွင့္ပတ္္သက္၍ရွင္းလင္းတင္ျပခဲ့သည္။

ထိုေနာက္စြန္႔လႊတ္ေျမမ်ားအားမူလပိုင္ရွင္မ်ားထံသို႔ (ပံုစံ-၇)ျဖင့္လႊဲေျပာင္းေပးအပ္ျခင္းကို ရွမ္းျပည္နယ္အ စိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ က ကာကြယ္ေရးဝန္ႀကီးဌာန၊အမွတ္(၄၂၂)ေျချမန္တပ္ရင္းမွျပန္ လည္စြန္႔လြတ္ေျမ၏ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္(ပံုစံ-၇)မ်ားကိုမိုးၿဗဲေက်းရြာအုပ္စုရွိေတာာင္သူတစ္ဦးအား ေပးအပ္၍လည္ေကာင္း ျပည္နယ္စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဦးစိုင္းလံုေက်ာ္ ကလယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္(ပံုစံ-၇)မ်ားကိုေခါင္းအိေက်းရြာအုပ္စုရွိေတာင္သူတစ္ဦးအားေပးအပ္၍လည္ေကာင္း ၊ျပည္နယ္ဘ႑ာေရးဝန္ႀကီးဦးစိုင္းရွဲန္တစ္လံု၊ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးဦးခြန္ရဲေထြး၊ျပည္နယ္စာရင္းစစ္ခ်ဳပ္ေဒၚနန္းဝိုဟိန္း၊အမ်ဳိးသားလႊတ္ေတာ္ႏွင့္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္တို႔ကလယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္(ပံုစံ-၇)မ်ားကိုမူလပိုင္ရွင္မ်ားထံေပးအပ္ရာအသီးသီးလက္ခံယူခဲ့ၾကသည္။

အမွတ္(၄၂၂)တပ္စြန္႔လႊတ္ေျမလယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္(ပံုစံ-၇)ရရွိသူေတာင္သူမ်ား၏ကိုယ္စား ေတာင္သူဦးေအာင္မ်ဳိးခန္႔က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားေပးခဲ့သည္။ အခမ္းအနားသို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဦးစိုင္း လံုေက်ာ္၊ျပည္နယ္ဘ႑ာေရးဝန္ႀကီးဦးစိုင္းရွဲန္တစ္လံု၊ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးဦးခြန္ရဲေထြး၊ျပည္ နယ္စာရင္းစစ္ခ်ဳပ္ေဒၚနန္းဝိုဟိန္း၊အမ်ဳိးသားလႊတ္ေတာ္ႏွင့္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ျပည္နယ္/ခရိုင္/ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ေတာင္သူမ်ားႏွင့္အျခာဖိတ္ၾကားထားသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္းသိရွိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး) 

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အမှတ်(၄၂၂)ခြေမြန်တပ်ရင်းမှပြန်လည်စွန့်လွှတ်မြေနှင့်ခေါင်းအိကျေးရွာအုပ်စုရှိ လယ်ယာမြေတို့အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၈

ရှမ်းပြည်နယ်၊တောင်ကြီးခရိုင်၊ဖယ်ခုံမြို့နယ်အမှတ်(၄၂၂)ခြေမြန်တပ်ရင်းမှပြန်လည်စွန့်လွတ်မြေနှင့်ခေါင်းအိ ကျေးရွာအုပ်စုရှိ လယ်ယာမြေများအားလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ်ပွဲကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ဖယ်ခုံမြို့နယ်ခန်းမ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က ေတောင်သူလယ် သမားများ၏လူနေမှုဘဝတိုးတက်မြင့်မားရေးဆောင်ရွက်ရာမှာ တောင်သူလယ်သမားတွေရဲ့မြေပိုင်ဆိုင်ခွင့်လက်မှတ် တွေတစ်နိုင်ငံလုံးတစ်နှစ်အတွင်းရရှိဖို့အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားကြရန်ဆိုတဲ့အသုံးချပိုင်ခွင့် အမည်ပေါက်ရ ရှိစေရေးအတွက် တည်ဆဲဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးပြီးစီးအောင် အားသွန်ခွန်စိုက်စီမံခန့်ခွဲ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့အခမ်းအနားမှာ တောင်ကြီးခရိုင်၊ဖယ်ခုံမြို့နယ်အတွင်းကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၄၂၂)ခြေမြန် တပ်ရင်းမှပြန်လည်စွန့်လွတ်အပ်နှံခဲ့သည့်မြေဧရိယာ(၃၇၇.၇၃)ဧကအနက်မှလယ်ယာမြေဧရိယာ(၂၄၆.၄၈)ဧကကို တောင်သူ(၂၂၈)ဦးထံသို့လည်းကောင်း၊ခေါင်းအိကျေးရွာအုပ်စုအတွင်းမှလယ်ယာမြေဧရိယာ(၂၃၁.၀၃)ဧကကို တောင်သူ(၁၃၀)ဦးထံသို့လည်း သားစဉ်မြေးဆက် အဆက်ဆက်အသုံးချပိုင်ခွင့်အမည်ပေါက်ရရှိစေရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များထုတ်ပေးသွားမှာဖြစ်ကြောင်းပြောကြားပေးခဲ့သည်။ပြည်နယ်စိုက် ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော် က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ် ခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့သည်။

ထိုနောက်စွန့်လွှတ်မြေများအားမူလပိုင်ရှင်များထံသို့ (ပုံစံ-၇)ဖြင့်လွှဲပြောင်းပေးအပ်ခြင်းကို ရှမ်းပြည်နယ်အ စိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၄၂၂)ခြေမြန်တပ်ရင်းမှပြန် လည်စွန့်လွတ်မြေ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကိုမိုးဗြဲကျေးရွာအုပ်စုရှိတောင်သူတစ်ဦးအား ပေးအပ်၍လည်ကောင်း ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော် ကလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကိုခေါင်းအိကျေးရွာအုပ်စုရှိတောင်သူတစ်ဦးအားပေးအပ်၍လည်ကောင်း ၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးစိုင်းရှဲန်တစ်လုံ၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေး၊ပြည်နယ်စာရင်းစစ်ချုပ်ဒေါ်နန်းဝိုဟိန်း၊အမျိုးသားလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ကလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကိုမူလပိုင်ရှင်များထံပေးအပ်ရာအသီးသီးလက်ခံယူခဲ့ကြသည်။

အမှတ်(၄၂၂)တပ်စွန့်လွှတ်မြေလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ရရှိသူတောင်သူများ၏ကိုယ်စား တောင်သူဦးအောင်မျိုးခန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်း လုံကျော်၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးစိုင်းရှဲန်တစ်လုံ၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေး၊ပြည် နယ်စာရင်းစစ်ချုပ်ဒေါ်နန်းဝိုဟိန်း၊အမျိုးသားလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တောင်သူများနှင့်အခြာဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး) 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 45 guests and no members online