ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔က်င္းပ

ေတာင္ႀကီး စက္တင္ဘာ - ၁၀

 163

၂၀၁၈ ခုႏွစ္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔အခမ္းအနားကို စက္တင္ဘာ ၈ ရက္ နံနက္ ၉ နာရီက၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ အမွတ္(၅)အေျခခံပညာအထက္တန္းေက်ာင္း၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးမွ အဖြင့္မိန္႔ခြန္းေျပာၾကား၍ ကမၻာ့ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္၏ ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔ သဝဏ္လႊာကို ျပည္နယ္ပညာေရးၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္က ဖတ္ၾကားကာ၊ ၂၀၁၈ ခုႏွစ္၊ ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔ အထိမ္းအမွတ္ စာစီစာကုံးႏွင့္ ပိုစတာၿပိဳင္ပြဲ ဆုရရွိသူမ်ားအား ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားမွ ဆုမ်ားအသီးသီးခ်ီးျမႇင့္ခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူမ်ားမွ "တို႔အင္တို႔အား" သီခ်င္းျဖင့္လည္းေကာင္း၊ အမွတ္(၄) အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူမ်ားမွ "ျမန္မာ့ေက်ာင္း" သီခ်င္းျဖင့္လည္းေကာင္းေဖ်ာ္ေျဖတင္ဆက္ၿပီး အခမ္းအနားကို ႐ုပ္သိမ္းခဲ့သည္။

အဆိုပါအခမ္းအနားသို႔ ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျပည္နယ္ပညာေရးၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္၊ ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာမ်ား၊ ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ ဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကေၾကာင္းသိရွိရသည္။

အစရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်(တောင်ပိုင်း) နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကျင်းပ

တောင်ကြီး စက်တင်ဘာ - ၁၀

 

၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီက၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်မိန့်ခွန်းပြောကြား၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ သဝဏ်လွှာကို ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်က ဖတ်ကြားကာ၊ ၂၀၁၈ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲ ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများမှ "တို့အင်တို့အား" သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများမှ "မြန်မာ့ကျောင်း" သီချင်းဖြင့်လည်းကောင်းဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရှိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 42 guests and no members online