ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး  စက်တင်ဘာ  ၁၃

164






+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၁၃

ဆဋ္ဌမအကြိမ်မြောက်မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ လ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံဟာ လူကုန်ကူးမှု၏ မူရင်းအစပြုနေရာဖြစ်ခြင်း၊ နစ်နာမှုများပြားခြင်းတို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သည့် စုပေါင်းအားနဲ့မှသာ လူကုန်ကူးမှုတွေကို တိုက်ဖျက်နိုင်မှာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် ၂၀၁၈ ခုနှစ်လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက်(၄)ရပ်ဖြစ်တဲ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်။ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်။ လူကုန်ကူးခံရ သူများအားစာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်။ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပြည်သူ လူထုတစ်ရပ်လုံး၏ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်တို့ကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့်ဒီနှစ်ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ပုဒ်ဖြစ်တဲ့ လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံး ပါဝင်ပေးဖို့ တိုက်တွန်းပြောကြားပေးခဲ့သည်။

မြန်မာနိုင်ငံ၏လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်မှုများအား(၁၀)မိနစ်စာ နောက်ခံစကားပြော ဗီဒီယိုခွေပြသပေးပြီး ပညာရေးကောလိပ်ကျောင်းသား/ကျောင်းသူများက ရည်မှန်းချက်ပန်းတိုင် အသိပညာပေး ဇာတ်လမ်းသရုပ်ဖော်တင်ဆက်ပြသခဲ့သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က သရုပ်ဖော်တင်ဆက်ပြသသည့် ပညာရေးကောလိပ်ကျောင်းသား/ကျောင်းသူများမှအဖွဲ့ခေါင်းဆောင်အား အမှတ် တရလက်ဆောင်ပစ္စည်းပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ဝန်ကြီးများနှင့်သရုပ် ဖော်တင်ဆက်ပြသသည့်ကျောင်သား/ကျောင်းသူများနှင့်မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထိုနောက်တက် ရောက်လာသည့် ဧည့်သည်တော်ကြီးများနှင့်ပရိတ်သတ်များတို့က ခင်းကျင်းပြသထားသော လူကုန်ကူးမှုတိုက် ဖျက်ရေးဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ်စာရင်းချုပ်ဒေါ်နန်းဝိုဟိန်း၊ ပအိုပ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 46 guests and no members online