ရှမ်းပြည်နယ်သတင်းများ
ဓနုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဆာက္အဦအသစ္ဖြင့္ပြဲ
တောင်ကြီး  စက်တင်ဘာ  ၂၂
174
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဆာက်အဦအသစ်ဖွင့်ပွဲ
တောင်ကြီး  စက်တင်ဘာ  ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ပင်းတယမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဆာက် အဦအသစ်ဖွင့်ပွဲကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသစ်အဆောက်အဦ၌ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင်ကျင်းပခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဆာက်အဦအသစ်ကို ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ် အောင်မြတ်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့အလုပ်အမှုဆောင်ကော်မတီဝင်(၁)ဦးအေးမင်းစိုး၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အလုပ်အမှုဆောင် ကော်မတီဝင်(၂)ဦးညီလေးချမ်း၊အမျိုးသားလွှတ်တော်ကိုယ်စားလျယ်ဒေါ်မမလေး၊ပင်းတယမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးစိုးမြင့်၊ရွာငံမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးအောင်းစိုးမင်းတို့က ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဆာက်အဦအသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသစ်ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဧည့်သည်တော်များက စက်ခလုပ်နှိပ်၍ဖွင့်လှစ်ခဲ့ပြီးဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသစ်၏ကမ္ဗည်းမော်ကွန်းအားရှမ်းပြည်နယ်အစိုးရပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဧည့်သည်တော်များကအမွှေးနံ့သာရည်များဖြင့်ပက်ဖြန်းပေးခဲ့ကြ သည်။
အခမ်းအနားသို့ရှမ်းပြည်နယ်အစိုးရပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ဝန်းကြီးများ၊ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊အမျိုးသားလွှတ်တော်ကိုယ်စား လှယ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှည်များ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းနှင့်ဒေသဦးစီးအဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ရှမ်းပြည်နယ်အစိုးရပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိုင်ငံတော်အစိုးရမှနေရာဒေသ အသီးသီးမှာ မိမိဒေသအဆင့်များနှင့်ကိုက်ညီမယ့် ရုံးအဆောက်အဦတွေကိုဆောက်လုပ်ပေးနေသကဲ့သို့ အဆောက်အဦသစ်မှာနေထိုင်ပြီး၊နိုင်ငံ့တာဝန်ကိုထမ်းဆောင်ကြမယ့် ပြည်သူ့ဝန်ထမ်းများအနေနှင့်လည်းရုံးအဆင့် နှင့်လျော်ညီစွာနေထိုင်တတ်ဖီျ႔နဲ့အဆောက်အဦကို ရေရှည်တည်တံ့ခိုင်မြဲစေရန်ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်နှင့်နိုင်ငံ့ အကျိုး၊ပြည်သူ့အကျိုးကို ပြည်သူ့နှင့်အတူစိတ်ဓါတ်ခွန်အားအပြည့်ဖြင့် လက်တွဲ၍ဆောက်ရွက်သွားကြပါလိုအဖွင့် အမှာစကားပြောကြားပေးခဲ့သည်။ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း က ၁၄-၁၂-၂၀၁၆ ရက်နေ့မှာဒေသဦးစီးအဖွဲ့ဝင်များအပါအဝင်ဌာနဆိုင်ရာများပူးပေါင်း၍ ပန္နက်တင်မင်္ဂလာအခမ်းအနားကိုပြုလုပ်ခဲ့ပြီး အဆောက်အဦသစ်ကြီးကိုစတင်တည်ဆောက်ခဲ့ကြသည်။ယနေ့ရုံးသစ်ဖွင့်ပွဲအခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးခဲ့ကြသော ဌာနဆိုင်ရာများ၏အမှုထမ်း၊အရာထမ်းများ၊ကုမ္ပဏီမှတာဝန်ရှိ သူများ၊ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်နိုင်ငံတော်အစိုးရကိုလည်အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။ဧည့်သည်တော်များ၊ဒေသဦးစီးအဖွဲ့ဝင်များ၊တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်အတူ ရုံးသစ်ဖွင့်ပွဲအမှတ်တရအဖြင့် စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီးအခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ကြကြောင်းသိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)
မူလသို့
အစိုးရအဖွဲ့
သတင်းများ
ဆက်သွယ်ရန်
တိုင်းရင်းသား လူမျိုးများ
lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။
We have 79 guests and no members online