ရှမ်းပြည်နယ်သတင်းများ

ႏွလုံးသားတိုင္း က်န္းမာေစခ်င္

ေတာင္ႀကီး စက္တင္ဘာ - ၂၉

179

၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ ၂၉ ရက္ေန႔သည္ ကမၻာ့ႏွလုံးက်န္းမာေရးေန႔ျဖစ္၍ ကမၻာ့ႏွလုံးအဖြဲ႕ခ်ဳပ္ World Heart Federation တည္ေထာင္သည့္ သက္တမ္း(၄၀)ျပည့္ေျမာက္ႏွစ္ျဖစ္သည့္အတြက္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမတြင္ ယေန႔နံနက္ ၉ နာရီက ကမၻာ့ႏွလုံးက်န္းမာေရးေန႔အထိမ္းအမွတ္ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ကမၻာ့ႏွလုံးအဖြဲ႕ခ်ဳပ္သည္ ကမၻာေပၚ တြင္ ႏွလုံးႏွင့္ ေလျဖတ္ေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို အဖြဲ႕ဝင္ႏိုင္ငံေပါင္း (၂၀၀)ေက်ာ္ႏွင့္ ညီၫြတ္ေသာ အင္အားျဖင့္ ႏိုင္ငံအလိုက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီး သုံးစြဲမႈပေပ်ာက္ေရးလႈပ္ရွားမႈမ်ား ေဆာင္႐ြက္ျခင္း၊ ကေလးငယ္မ်ားတြင္ ျဖစ္ပြားသည့္ ေရာဂါပိုး ကူးစက္ျခင္းေၾကာင့္ျဖစ္ေသာ ေလးဖက္နာ ႏွလုံးေရာဂါႏွင့္ ပတ္သက္၍ ျပည္သူလူထုအတြင္း အသိပညာေပးျခင္း၊ ႏွလုံးက်န္းမာေရးလႈပ္ရွားမႈမ်ား ေဆာင္႐ြက္ႏိုင္ရန္ ရန္ပုံေငြရရွိေရးအတြက္ လႈံ႔ေဆာ္ျခင္းတို႔ကို အေလးထား ေဆာင္႐ြက္လၽွက္ရွိေၾကာင္း၊ ႏွလုံးေသြးေၾကာေရာဂါေၾကာင့္ ႏွစ္စဥ္လူေပါင္း (၁၇.၅)သန္း အခ်ိန္မတိုင္မီ အသက္ ေသဆုံးၾကရၿပီး လာမည့္ ၂၀၃၀ ခုႏွစ္အေရာက္တြင္ ေသဆုံးမႈဦးေရ (၂၃)သန္းထိ ျမင့္တက္သြားႏိုင္မည္ဟု ခန္႔မွန္း ထားေၾကာင္း၊ ဝင္ေငြအလည္အလတ္ရွိေသာ ႏိုင္ငံမ်ားတြင္ ျဖစ္ပြားသည့္ ေသဆုံးမႈမ်ား (၃၀)ရာခိုင္ႏႈန္းနီးပါးသည္ မကူးစက္ႏိုင္ေသာေရာဂါမ်ားေၾကာင့္ ျဖစ္ၿပီး မကူးစက္ႏိုင္ေသာေရာဂါမ်ားေၾကာင့္ အ႐ြယ္မတိုင္မီ ေသဆုံးမႈႏႈန္းမွာ ဝင္ေငြမ်ားေသာ ႏိုင္ငံတြင္ (၄)ရာခိုင္ႏႈန္းသာရွိ၍ ဝင္ေငြနည္းေသာႏိုင္ငံမ်ားတြင္ (၄၂)ရာခိုင္ႏႈန္းထိ ရွိေနေၾကာင္း၊ ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား၏ ေက်းလက္ေဒသ၊ ၿမိဳ႕ျပမ်ားမက်န္ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခရွိ ေသာ အေျခခံအေၾကာင္းအရာမ်ား ပိုမိုမ်ားျပားလာေနသည္ကို ေတြ႕ရွိရပါေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ကုသေရးႏွင့္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနမႉး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသူဇာခ်စ္တင္က အဖြင့္အမွာစကားေျပာၾကားျခင္းႏွင့္ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီး ပါေမာကၡ ဌာနမႉး (ႏွလုံး) ေဒါက္တာ ႏြယ္ႏြယ္က ကမၻာ့ႏွလုံးက်န္းမာေရးေန႔အထိမ္းအမွတ္ အခမ္းအနားျပဳလုပ္ရျခင္းအေၾကာင္း ရွင္းလင္း ေျပာၾကားၿပီး၊ တက္ေရာက္လာၾကေသာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားက ႏွလုံး၊ ေသြးတိုး၊ ဆီးခ်ိဳ၊ ေသြးခ်ိဳ စမ္းသပ္ေနေသာ ျပည္သူမ်ားအား လွည့္လည္ၾကည့္႐ႈအားေပးၾကေၾကာင္း သိရွိရသည္။

 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ျပန္/ဆက္ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

နှလုံးသားတိုင်း ကျန်းမာစေချင်

တောင်ကြီး စက်တင်ဘာ - ၂၉

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့သည် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ဖြစ်၍ ကမ္ဘာ့နှလုံးအဖွဲ့ချုပ် World Heart Federation တည်ထောင်သည့် သက်တမ်း(၄၀)ပြည့်မြောက်နှစ်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ် ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘာ့နှလုံးအဖွဲ့ချုပ်သည် ကမ္ဘာပေါ် တွင် နှလုံးနှင့် လေဖြတ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံပေါင်း (၂၀၀)ကျော်နှင့် ညီညွတ်သော အင်အားဖြင့် နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုပပျောက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ ကလေးငယ်များတွင် ဖြစ်ပွားသည့် ရောဂါပိုး ကူးစက်ခြင်းကြောင့်ဖြစ်သော လေးဖက်နာ နှလုံးရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အသိပညာပေးခြင်း၊ နှလုံးကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေရရှိရေးအတွက် လှုံ့ဆော်ခြင်းတို့ကို အလေးထား ဆောင်ရွက်လျှက်ရှိကြောင်း၊ နှလုံးသွေးကြောရောဂါကြောင့် နှစ်စဉ်လူပေါင်း (၁၇.၅)သန်း အချိန်မတိုင်မီ အသက် သေဆုံးကြရပြီး လာမည့် ၂၀၃၀ ခုနှစ်အရောက်တွင် သေဆုံးမှုဦးရေ (၂၃)သန်းထိ မြင့်တက်သွားနိုင်မည်ဟု ခန့်မှန်း ထားကြောင်း၊ ဝင်ငွေအလည်အလတ်ရှိသော နိုင်ငံများတွင် ဖြစ်ပွားသည့် သေဆုံးမှုများ (၃၀)ရာခိုင်နှုန်းနီးပါးသည် မကူးစက်နိုင်သောရောဂါများကြောင့် ဖြစ်ပြီး မကူးစက်နိုင်သောရောဂါများကြောင့် အရွယ်မတိုင်မီ သေဆုံးမှုနှုန်းမှာ ဝင်ငွေများသော နိုင်ငံတွင် (၄)ရာခိုင်နှုန်းသာရှိ၍ ဝင်ငွေနည်းသောနိုင်ငံများတွင် (၄၂)ရာခိုင်နှုန်းထိ ရှိနေကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ ကျေးလက်ဒေသ၊ မြို့ပြများမကျန် နှလုံးရောဂါဖြစ်နိုင်ခြေရှိ သော အခြေခံအကြောင်းအရာများ ပိုမိုများပြားလာနေသည်ကို တွေ့ရှိရပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခ ဌာနမှူး (နှလုံး) ဒေါက်တာ နွယ်နွယ်က ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားပြီး၊ တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နှလုံး၊ သွေးတိုး၊ ဆီးချို၊ သွေးချို စမ်းသပ်နေသော ပြည်သူများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

ပြန်/ဆက်ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 41 guests and no members online