ရှမ်းပြည်နယ်သတင်းများ

အျပည္ျပည္ဆိုင္ရာသက္ႀကီး႐ြယ္အိုမ်ားေန႔က်င္းပ

ေတာင္ႀကီး ေအာက္တိုဘာ - ၂

181

ႏွစ္စဥ္ႏွစ္တိုင္းေအာက္တိုဘာလ (၁) ရက္ေန႔ကို အျပည္ျပည္ဆိုင္ရာသက္ႀကီး႐ြယ္အိုမ်ားေန႔ဟု ကုလသမဂၢ အဖြဲ႕ႀကီးက ဂုဏ္ျပဳသတ္မွတ္ထားခဲ့ရာ ျမန္မာႏိုင္ငံအေနျဖင့္ သတ္မွတ္ထားသည့္ ၁၉၉၉ ခုႏွစ္က စ၍ အျပည္ျပည္ဆိုင္ရာသက္ႀကီး႐ြယ္အိုမ်ားေန႔အခမ္းအနားကို ႏွစ္စဥ္မပ်က္မကြက္က်င္းပခဲ့ၿပီးျဖစ္ရာ ယခုဆိုလ်င္ ႏွစ္(၂၀)တိုင္ရွိၿပီးျဖစ္ရာ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕လယ္ဓမၼာ႐ုံတြင္ အဆိုပါအခမ္းအနားကို က်င္းပခဲ့ေၾကာင္းသိရသည္။ 

ျမန္မာႏိုင္ငံ၏လူဦးေရ(၅၃)သန္းခန္႔ရွိသည့္အနက္ အသက္ ၆၀ ႏွစ္အထက္ သက္ႀကီး႐ြယ္အို အေရအတြက္ သည္ ၄.၉ သန္းခန္႔ျဖစ္ၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၉.၂ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း၊ တစ္နည္းအားျဖင့္ လူဦးေရ ၁၁ ဦးတြင္ တစ္ဦးသည္ သက္ႀကီး႐ြယ္အိုမ်ားျဖစ္ၿပီး ဘိုးစဥ္ေဘာင္ဆက္ ယဥ္ေက်းမႈအဆင့္အတန္းျမင့္မားလာခဲ့ေသာ ျမန္မာ ႏိုင္ငံအေနျဖင့္ ကုလသမဂၢအဖြဲ႕ႀကီးက သက္ႀကီး႐ြယ္အိုမ်ား၏ ဘဝသာယာခ်မ္းေျမ႕ေစရန္ ခ်မွတ္ထားခဲ့ေသာ အေျခခံမူ (၅)ရပ္တြင္ အမွီအခိုကင္းၿပီးလြတ္လပ္ခြင့္အျပည့္အဝရရွိရန္၊ ပါဝင္ေဆာင္႐ြက္ခြင့္ရရွိရန္၊ အျပန္အလွန္ ကူညီေဆာင္႐ြက္မႈျပဳၾကရန္၊ မိမိကိုယ္တိုင္ျဖည့္စြမ္းႏိုင္ရန္၊ ဂုဏ္သိကၡာရွိရွိရပ္တည္ခြင့္ရရွိရန္ ဆိုသည့္အခ်က္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ အေျခခံအုတ္ျမစ္ျဖစ္ေသာ သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာဥပေဒတြင္ ထည့္သြင္း ေရးဆြဲထားၿပီးျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္တစ္ျပည္နယ္လုံးအေနျဖင့္ ၂၀၁၇ ဧၿပီလမွ ၂၀၁၈ စက္တင္ဘာလအထိ ဘိုးဘြားဦးေရး(၁၀၂၃၇)ဦးအား စုစုေပါင္းက်ပ္(၂၆၈.၁၁၂)သန္းအား ဆဌမအႀကိမ္ေျမာက္အထိေထာက္ပံ့ေပးအပ္ ႏိုင္ခဲ့ၿပီး၊ ၂၀၁၈ ေအာက္တိုဘာလမွစ၍ အသက္ ၈၅ ႏွစ္ႏွင့္အထက္ သက္ႀကီး႐ြယ္အိုဘိုးဘြားမ်ားအား ဆက္လက္ ေထာက္ပံ့ေပးသြားမည္ဟု ဘိုးဘြားမ်ားကိုယ္စား ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ မ်ားစြာဂုဏ္ယူဝမ္းေျမာက္ ေၾကာင္း၊ အျပည္ျပည္ဆိုင္ရာသက္ႀကီး႐ြယ္အိုမ်ားေန႔အခမ္းအနားတြင္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕ေပၚရွိ ရပ္ကြက္ ၂၂ ရပ္ကြက္ႏွင့္ ေအးသာယာၿမိဳ႕တို႔မွ အသက္ ၈၇ ႏွစ္ႏွင့္အထက္ အဘိုးအဘြားစုစုေပါင္း(၃၃၈)ဦးအနက္ အခမ္းအနားသို႔ တက္ေရာက္လာသည့္ အဘိုးအဘြား ၈၇ ဦးကို ဂုဏ္ျပဳပူေဇာ္သြားမည္ျဖစ္ေၾကာင္း ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ကေျပာၾကားသြားသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားက အဘိုးအဘြားမ်ားအား ပူေဇာ္ကန္ေတာ့ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ဇနီးေဒၚနန္းေ႐ႊျမင့္၊ ျပည္နယ္ဝန္ႀကီးမ်ားတို႔မွ ဘိုးဘြားမ်ားအား ပူေဇာ္ကန္ေတာ့္ေငြ၊ လႉဖြယ္ဝတၳဳပစၥည္းမ်ား လႉဒါန္းၾကကာ အဘိုးအဘြားမ်ား၏ကိုယ္စား အဘြားတစ္ဦးမွ ဆုေတာင္းေမတၱာပို႔သေပးၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂

နှစ်စဉ်နှစ်တိုင်းအောက်တိုဘာလ (၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ထားခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် သတ်မှတ်ထားသည့် ၁၉၉၉ ခုနှစ်က စ၍ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကို နှစ်စဉ်မပျက်မကွက်ကျင်းပခဲ့ပြီးဖြစ်ရာ ယခုဆိုလျင် နှစ်(၂၀)တိုင်ရှိပြီးဖြစ်ရာ တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံတွင် အဆိုပါအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။ 

မြန်မာနိုင်ငံ၏လူဦးရေ(၅၃)သန်းခန့်ရှိသည့်အနက် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အို အရေအတွက် သည် ၄.၉ သန်းခန့်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၉.၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် လူဦးရေ ၁၁ ဦးတွင် တစ်ဦးသည် သက်ကြီးရွယ်အိုများဖြစ်ပြီး ဘိုးစဉ်ဘောင်ဆက် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားလာခဲ့သော မြန်မာ နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက သက်ကြီးရွယ်အိုများ၏ ဘဝသာယာချမ်းမြေ့စေရန် ချမှတ်ထားခဲ့သော အခြေခံမူ (၅)ရပ်တွင် အမှီအခိုကင်းပြီးလွတ်လပ်ခွင့်အပြည့်အဝရရှိရန်၊ ပါဝင်ဆောင်ရွက်ခွင့်ရရှိရန်၊ အပြန်အလှန် ကူညီဆောင်ရွက်မှုပြုကြရန်၊ မိမိကိုယ်တိုင်ဖြည့်စွမ်းနိုင်ရန်၊ ဂုဏ်သိက္ခာရှိရှိရပ်တည်ခွင့်ရရှိရန် ဆိုသည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အခြေခံအုတ်မြစ်ဖြစ်သော သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေတွင် ထည့်သွင်း ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးအနေဖြင့် ၂၀၁၇ ဧပြီလမှ ၂၀၁၈ စက်တင်ဘာလအထိ ဘိုးဘွားဦးရေး(၁၀၂၃၇)ဦးအား စုစုပေါင်းကျပ်(၂၆၈.၁၁၂)သန်းအား ဆဌမအကြိမ်မြောက်အထိထောက်ပံ့ပေးအပ် နိုင်ခဲ့ပြီး၊ ၂၀၁၈ အောက်တိုဘာလမှစ၍ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား ဆက်လက် ထောက်ပံ့ပေးသွားမည်ဟု ဘိုးဘွားများကိုယ်စား ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက် ကြောင်း၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် ၂၂ ရပ်ကွက်နှင့် အေးသာယာမြို့တို့မှ အသက် ၈၇ နှစ်နှင့်အထက် အဘိုးအဘွားစုစုပေါင်း(၃၃၈)ဦးအနက် အခမ်းအနားသို့ တက်ရောက်လာသည့် အဘိုးအဘွား ၈၇ ဦးကို ဂုဏ်ပြုပူဇော်သွားမည်ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကပြောကြားသွားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အဘိုးအဘွားများအား ပူဇော်ကန်တော့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဇနီးဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများတို့မှ ဘိုးဘွားများအား ပူဇော်ကန်တော့်ငွေ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြကာ အဘိုးအဘွားများ၏ကိုယ်စား အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာပို့သပေးကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 35 guests and no members online