ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္အထိမ္းအမွတ္ စာေပဆိုင္ရာၿပိဳင္ပြဲမ်ား ထည့္သြင္းက်င္းပသြားမည္

ေတာင္ႀကီး ေအာက္တိုဘာ - ၄

182

႐ိုးရာမပ်က္အစဥ္အလာျဖင့္ ႏွစ္စဥ္က်င္းပလ်က္ရွိေသာ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ေတာ္ တန္ေဆာင္တိုင္ပြဲေတာ္ကို မၾကာမီ ႏိုဝင္ဘာလတြင္က်င္းပေတာ့မည္၊ ေတာင္ႀကီးၿမိဳ႕ေတာ္၏ တန္ေဆာင္တိုင္ ပြဲေတာ္တြင္ ႏွစ္စဥ္ၿပိဳင္ပြဲမ်ားျဖစ္သည့္ မီးပုံးပ်ံ ေန႔လႊတ္၊ ညလႊတ္၊ မသိုးသကၤန္းရက္ၿပိဳင္ပြဲ၊ မဟာဘုံကထိန္ လွည့္လည္ျခင္း၊ မီးပေဒသာလွည့္လည္ပူေဇာ္ပြဲ၊ ဓါတ္ပုံၿပိဳင္ပြဲစသည့္ ေခါင္းစဥ္မ်ားျဖင့္ ၿပိဳင္ပြဲမ်ားက်င္းပေလ့ရွိရာ ယခုႏွစ္တြင္ စာေပႏွင့္သက္ဆိုင္သည့္ ေဆာင္းပါး၊ ကဗ်ာ၊ ဝတၳဳတို၊ ကာတြန္းၿပိဳင္ပြဲမ်ား ထည့္သြင္းက်င္းပသြားမည္ ျဖစ္ေၾကာင္းသိရသည္။

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္သည္ ရွမ္းျပည္နယ္အျပင္ ျမန္မာႏိုင္ငံ၏ အထင္ကရပြဲေတာ္ျဖစ္သည္ ႏွင့္အညီ ပြဲေတာ္ႏွင့္ပတ္သက္သည့္ သမိုင္းဆိုင္ရာ အေထာက္အထားမ်ား၊ အခိုင္အမာျဖစ္ေပၚလာေစရန္အတြက္  အမ်ားျပည္သူမ်ားႏွင့္ ခရီးသြားဧည့္သည္မ်ားမွ ပြဲေတာ္ႏွင့္ပတ္သက္သည့္အေၾကာင္းအရာမ်ားအား သိရွိႏိုင္ေစရန္ အတြက္ စာေပက႑ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ယခုကဲ့သို႔စာေပႏွင့္သက္ဆိုင္သည့္ ၿပိဳင္ပြဲမ်ားအား ထည့္သြင္းက်င္းပျခင္း ျဖစ္ေၾကာင္းသိရသည္။

စာေပႏွင့္သက္ဆိုင္သည့္ၿပိဳင္ပြဲစည္းကမ္းခ်က္မ်ား သတ္မွတ္ျခင္း၊ စာမူမ်ားဖိတ္ေခၚျခင္း၊ ၿပိဳင္ပြဲေခါင္းစဥ္ မ်ား သတ္မွတ္ေပးျခင္း၊ အမွတ္ေပးစည္းမ်ဥ္းသတ္မွတ္ျခင္း၊ ဆုရရွိသူမ်ားအား ထုတ္ျပန္ေၾကျငာျခင္း၊ တင္ျပျခင္း၊ မွတ္တမ္းျပဳစုျခင္း စသည့္လုပ္ငန္းတာဝန္မ်ားသတ္မွတ္ေဆြးေႏြးျခင္းကို လုပ္ငန္းေကာ္မတီက ေအာက္တိုဘာ ၃ ရက္ မြန္းလြဲ ၁ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္ျပန္ၾကားေရးႏွင့္ျပည္သူ႕ဆက္ဆံေရးဦးစီးဌာန႐ုံး လူထုအေျချပဳ ဗဟိုခန္းမ၌ က်င္းပေၾကာင္း သိရသည္။

အဆိုပါ ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္တြင္ စာေပႏွင့္သက္ဆိုင္သည့္ ေဆာင္းပါး၊ ကဗ်ာ၊ ဝတၳဳတို၊ ကာတြန္းၿပိဳင္ပြဲမ်ားအတြက္ စာမူမ်ားကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလမွ ႏိုဝင္ဘာလ ၅ ရက္ေန႔အထိ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ရွိ ျပည္နယ္ျပန္ၾကားေရးႏွင့္ျပည္သူ႕ဆက္ဆံေရးဦးစီးဌာန႐ုံး(သို႔မဟုတ္) This email address is being protected from spambots. You need JavaScript enabled to view it. သို႔ေပးပို႔ရမည္ျဖစ္ၿပီး ဆုရရွိသူမ်ားအား ႏိုဝင္ဘာလ ၁၄ ရက္တြင္ ေၾကျငာသြားမည္ျဖစ္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် စာပေဆိုင်ရာပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်

တောင်ကြီး အောက်တိုဘာ - ၄

ရိုးရာမပျက်အစဉ်အလာဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို မကြာမီ နိုဝင်ဘာလတွင်ကျင်းပတော့မည်၊ တောင်ကြီးမြို့တော်၏ တန်ဆောင်တိုင် ပွဲတော်တွင် နှစ်စဉ်ပြိုင်ပွဲများဖြစ်သည့် မီးပုံးပျံ နေ့လွှတ်၊ ညလွှတ်၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ မဟာဘုံကထိန် လှည့်လည်ခြင်း၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲစသည့် ခေါင်းစဉ်များဖြင့် ပြိုင်ပွဲများကျင်းပလေ့ရှိရာ ယခုနှစ်တွင် စာပေနှင့်သက်ဆိုင်သည့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်းပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ်အပြင် မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်ဖြစ်သည် နှင့်အညီ ပွဲတော်နှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာ အထောက်အထားများ၊ အခိုင်အမာဖြစ်ပေါ်လာစေရန်အတွက်  အများပြည်သူများနှင့် ခရီးသွားဧည့်သည်များမှ ပွဲတော်နှင့်ပတ်သက်သည့်အကြောင်းအရာများအား သိရှိနိုင်စေရန် အတွက် စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ယခုကဲ့သို့စာပေနှင့်သက်ဆိုင်သည့် ပြိုင်ပွဲများအား ထည့်သွင်းကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

စာပေနှင့်သက်ဆိုင်သည့်ပြိုင်ပွဲစည်းကမ်းချက်များ သတ်မှတ်ခြင်း၊ စာမူများဖိတ်ခေါ်ခြင်း၊ ပြိုင်ပွဲခေါင်းစဉ် များ သတ်မှတ်ပေးခြင်း၊ အမှတ်ပေးစည်းမျဉ်းသတ်မှတ်ခြင်း၊ ဆုရရှိသူများအား ထုတ်ပြန်ကြေငြာခြင်း၊ တင်ပြခြင်း၊ မှတ်တမ်းပြုစုခြင်း စသည့်လုပ်ငန်းတာဝန်များသတ်မှတ်ဆွေးနွေးခြင်းကို လုပ်ငန်းကော်မတီက အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် စာပေနှင့်သက်ဆိုင်သည့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်းပြိုင်ပွဲများအတွက် စာမူများကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(သို့မဟုတ်) This email address is being protected from spambots. You need JavaScript enabled to view it. သို့ပေးပို့ရမည်ဖြစ်ပြီး ဆုရရှိသူများအား နိုဝင်ဘာလ ၁၄ ရက်တွင် ကြေငြာသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 42 guests and no members online