ရှမ်းပြည်နယ်သတင်းများ

ကမၻာ့ဆရာမ်ားေန႔အထိမ္းအမွတ္က်င္းပ

ေတာင္ႀကီး ေအာက္တိုဘာ - ၅

183

ဆရာဟူသည္မွာ ပညာသင္ၾကားေပးသူ၊ သြန္သင္ဆုံးမနည္းလမ္းျပသူျဖစ္ၿပီး၊ ဆရာမရွိဘဲ တတ္သည့္ပညာ ဟူ၍လည္း မရွိႏိုင္ပါ အခ်ိဳ႕ေသာပညာရပ္မ်ားကို ဆရာကိုယ္တိုင္သင္ၾကားေပးျခင္းမရွိေသာ္လည္း အၾကားျဖင့္ ေသာ္လည္းေကာင္း၊ အျမင္ျဖင့္ေသာ္လည္းေကာင္း၊ တတ္ေျမာက္ျခင္းမ်ိဳးလည္းရွိေသာေၾကာင့္ ေလာကတြင္ သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာဟူ၍ ရွိခဲ့ျခင္းျဖစ္ေၾကာင္း ေအာက္တိုဘာ ၅ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္း ေဒၚခင္သိန္းခန္းမ၌က်င္းပေသာ ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ကေျပာၾကားသည္။

ေစတနာ၊ ဝါသနာ၊ အနစ္နာ နာ(၃)နာရွင္ဆရာမ်ားကို ျမန္မာမႈနယ္ပယ္တြင္ ျမတ္ဆရာဟု ကမၺည္းတင္ကာ ပညာအလင္းျဖင့္ လမ္းျပေပးသူဟူ၍လည္း ေခၚဆိုေၾကာင္း၊ စာကိုသင္၍ လူမ်ားကိုလည္းပဲ့ျပင္ေပးႏိုင္ၿပီး မိမိထက္ ပို၍ ခၽြန္ေသာ မြန္ေသာတပည့္မ်ား ေမြးထုတ္ေပးႏိုင္ကာ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ ႏိုင္ငံေတာ္ႀကီး တည္ေဆာက္ ႏိုင္မည္ျဖစ္ပါေၾကာင္း၊ ဆရာႀကီး၊ ဆရာမႀကီးမ်ား၏ ေမတၱာေစတနာမ်ားေၾကာင့္ လက္ရွိေရာ အနာဂတ္ပါ ပညာ ဂုဏ္မ်ားျဖင့္ မႊန္းထုံလၽွက္ တိုင္းျပည္၏ဂုဏ္အၿမဲတင့္တယ္ေနႏိုင္ၿပီး တိုးတက္မႈမ်ား ေအာင္ျမင္မႈမ်ားရရွိလာ ႏိုင္မည္ျဖစ္ေၾကာင္း ၎ကေျပာၾကားသြားသည္။

ကမၻာ့ဆရာမ်ားေန႔ အခမ္းအနားသို႔ ေပးပို႔လာေသာသဝဏ္လႊာကို ရွမ္းျပည္နယ္ပညာေရးမႉး႐ုံးမွ ၫႊန္ၾကားေရးမႉး ဆရာႀကီးဦးဝင္းေမာင္က ဖတ္ၾကားၿပီး၊ ၂၀၁၈ ခုႏွစ္ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္ စာစီစာကုံး ႏွင့္ကဗ်ာၿပိဳင္ပြဲဆုရရွိသူမ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းတို႔မွ ဆုမ်ားခ်ီးျမႇင့္ေပးၾကကာ အမွတ္(၁၄)အေျခခံပညာအလယ္တန္းေက်ာင္းမွ ေက်ာင္းသား/ေက်ာင္းသူ ေလးမ်ားက ေက်းဇူးႀကီးတဲ့ျမတ္ေသာဆရာသီခ်င္းျဖင့္ ဂါရဝျပဳသီဆို၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား ႏွင့္ တာဝန္ရွိသူတို႔က ကန္ေတာ့ခံ ဆရာႀကီး၊ ဆရာမႀကီးမ်ားအား ေနရာအေရာက္ကန္ေတာ့ပစၥည္းမ်ားအား ေပးအပ္ၿပီး၊ ခန္းမအတြင္း ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္ျပခန္းမ်ားကို လွည့္လည္ၾကည့္႐ႈ အားေပးၾကေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၅

ဆရာဟူသည်မှာ ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူဖြစ်ပြီး၊ ဆရာမရှိဘဲ တတ်သည့်ပညာ ဟူ၍လည်း မရှိနိုင်ပါ အချို့သောပညာရပ်များကို ဆရာကိုယ်တိုင်သင်ကြားပေးခြင်းမရှိသော်လည်း အကြားဖြင့် သော်လည်းကောင်း၊ အမြင်ဖြင့်သော်လည်းကောင်း၊ တတ်မြောက်ခြင်းမျိုးလည်းရှိသောကြောင့် လောကတွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ ရှိခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ကျင်းပသော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကပြောကြားသည်။

စေတနာ၊ ဝါသနာ၊ အနစ်နာ နာ(၃)နာရှင်ဆရာများကို မြန်မာမှုနယ်ပယ်တွင် မြတ်ဆရာဟု ကမ္ဗည်းတင်ကာ ပညာအလင်းဖြင့် လမ်းပြပေးသူဟူ၍လည်း ခေါ်ဆိုကြောင်း၊ စာကိုသင်၍ လူများကိုလည်းပဲ့ပြင်ပေးနိုင်ပြီး မိမိထက် ပို၍ ချွန်သော မွန်သောတပည့်များ မွေးထုတ်ပေးနိုင်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများ၏ မေတ္တာစေတနာများကြောင့် လက်ရှိရော အနာဂတ်ပါ ပညာ ဂုဏ်များဖြင့် မွှန်းထုံလျှက် တိုင်းပြည်၏ဂုဏ်အမြဲတင့်တယ်နေနိုင်ပြီး တိုးတက်မှုများ အောင်မြင်မှုများရရှိလာ နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသွားသည်။

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့လာသောသဝဏ်လွှာကို ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဆရာကြီးဦးဝင်းမောင်က ဖတ်ကြားပြီး၊ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး နှင့်ကဗျာပြိုင်ပွဲဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းတို့မှ ဆုများချီးမြှင့်ပေးကြကာ အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက ကျေးဇူးကြီးတဲ့မြတ်သောဆရာသီချင်းဖြင့် ဂါရဝပြုသီဆို၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့က ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား နေရာအရောက်ကန်တော့ပစ္စည်းများအား ပေးအပ်ပြီး၊ ခန်းမအတွင်း ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 57 guests and no members online