ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးအျပည္ျပည္ဆိုင္ရာကုန္စည္ျပပြဲဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ေအာက္တိုဘာ - ၅

184

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွ ဦးေဆာင္ၿပီး အျပည္ျပည္ ဆိုင္ရာကုန္စည္ျပပြဲ ၂၀၁၈ ကို ေအာက္တိုဘာ ၅ ရက္ နံနက္ ၁၀ နာရီခြဲက ေတာင္ႀကီးၿမိဳ႕ လြတ္လပ္ေရး ေက်ာက္တိုင္ကြင္း မိုးလုံေလလုံအားကစားခန္းမတြင္ ရွမ္းျပည္နယ္တြင္ ပထမဆုံးအႀကိမ္က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ကုန္စည္ျပပြဲကို ျပည္တြင္း ျပည္ပ ႏိုင္ငံမ်ားမွ လာေရာက္ျပသသည့္အတြက္ ၎တို႔၏အရည္အေသြးျမႇင့္ ထုတ္ကုန္အမွတ္တံဆိပ္မ်ားကို တေပါင္း တစည္းတည္း ေတြ႕ျမင္ႏိုင္ၿပီး ရွမ္းျပည္နယ္အတြင္းမွ လုပ္ငန္းရွင္မ်ားအတြက္ စီးပြားေရးစႀကၤန္တစ္ခုကို ဖန္တီး ေပးႏိုင္၍ စီးပြားေရးကြန္ယက္ ခ်ဲ႕ထြင္ႏိုင္မွာျဖစ္ကာ ကုန္စည္ျပပြဲ အေတြ႕အႀကဳံမ်ားကို ေလ့လာသိရွိႏိုင္မွာ ျဖစ္ေၾကာင္း၊ ယခု(၇)ႏိုင္ငံပါဝင္ေသာ ကုန္စည္ျပပြဲက်င္းပျခင္းသည္ ျပည္နယ္အတြက္ ကုန္သြယ္မႈျမႇင့္တင္ေရး ေဆာင္႐ြက္ရာတြင္ အဓိကနည္းလမ္းတစ္ရပ္ျဖစ္ၿပီး ရွမ္းျပည္နယ္သည္ ျမန္မာႏိုင္ငံမွာရွိသည့္ ျပည္နယ္မ်ားအနက္ ဧရိယာအက်ယ္ဆုံးျပည္နယ္ျဖစ္ကာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ကုန္ထုတ္လုပ္ငန္းမ်ား လုပ္ကိုင္ရန္အတြက္ သယံဇာတ အရင္းအျမစ္မ်ားစြာရွိေသာ ျပည္နယ္ျဖစ္ပါေၾကာင္း၊ ခရီးသြားလုပ္ငန္းမ်ားအတြက္လည္း အလြန္ သာယာလွပသည့္အတြက္ စိတ္ဝင္စားစရာေဒသတစ္ခုျဖစ္ၿပီး၊ ရွမ္းျပည္နယ္ထြက္ကုန္မ်ားျဖစ္သည့္ စိုက္ပ်ိဳးေရး ထြက္ကုန္မ်ား၊ အင္းေလးေဒသ႐ိုးရာထြက္ကုန္ပစၥည္းမ်ား၊ စားေသာက္ကုန္ပစၥည္းမ်ား၊ ခရီးသြားဝန္ေဆာင္မႈ၊ ဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ားဆိုင္ရာ စက္ပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ လၽွပ္စစ္အသုံးအေဆာင္ ပစၥည္းမ်ား၊ အီလက္ထေရာနစ္ပစၥည္းမ်ား၊ အိမ္သုံးပစၥည္းမ်ားႏွင့္ ဖက္ရွင္အသုံးအေဆာင္ပစၥည္းမ်ားကို ျပသမွာျဖစ္ပါေၾကာင္း ကုန္စည္ျပပြဲႏွင့္အတူ ဒုတိယေျမာက္ေန႔တြင္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွဦးေဆာင္ၿပီး Taunggyi Export Promotion Forum ကိုလည္း က်င္းပျပဳလုပ္သြားမွာျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးမွ အမွာစကား ေျပာၾကားၿပီး၊ ေတာင္ႀကီးအျပည္ျပည္ဆိုင္ရာကုန္စည္ျပပြဲအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ဒုတိယဝန္ႀကီး ဦးေအာင္ထူး၊ ျပည္နယ္စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္၊ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရး အဖြဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္ သံ႐ုံးကိုယ္စားလွယ္တစ္ဦးတို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾက၍ စုေပါင္း ဓါတ္ပုံ ႐ိုက္ကူးကာ ကုန္စည္ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈအားေပးၾကေၾကာင္းသိရွိရသည္။ 

အဆိုပါကုန္စည္ျပပြဲကို ေအာက္တိုဘာ ၅ရက္ မွ ၈ ရက္ထိ ဆိုင္ခန္းေပါင္း ၈၀ ေက်ာ္ခန္႔ ပါဝင္ခင္းက်င္း ျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ - ၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်ပြီး အပြည်ပြည် ဆိုင်ရာကုန်စည်ပြပွဲ ၂၀၁၈ ကို အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း မိုးလုံလေလုံအားကစားခန်းမတွင် ရှမ်းပြည်နယ်တွင် ပထမဆုံးအကြိမ်ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကုန်စည်ပြပွဲကို ပြည်တွင်း ပြည်ပ နိုင်ငံများမှ လာရောက်ပြသသည့်အတွက် ၎င်းတို့၏အရည်အသွေးမြှင့် ထုတ်ကုန်အမှတ်တံဆိပ်များကို တပေါင်း တစည်းတည်း တွေ့မြင်နိုင်ပြီး ရှမ်းပြည်နယ်အတွင်းမှ လုပ်ငန်းရှင်များအတွက် စီးပွားရေးစင်္ကြန်တစ်ခုကို ဖန်တီး ပေးနိုင်၍ စီးပွားရေးကွန်ယက် ချဲ့ထွင်နိုင်မှာဖြစ်ကာ ကုန်စည်ပြပွဲ အတွေ့အကြုံများကို လေ့လာသိရှိနိုင်မှာ ဖြစ်ကြောင်း၊ ယခု(၇)နိုင်ငံပါဝင်သော ကုန်စည်ပြပွဲကျင်းပခြင်းသည် ပြည်နယ်အတွက် ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် အဓိကနည်းလမ်းတစ်ရပ်ဖြစ်ပြီး ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံမှာရှိသည့် ပြည်နယ်များအနက် ဧရိယာအကျယ်ဆုံးပြည်နယ်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် သယံဇာတ အရင်းအမြစ်များစွာရှိသော ပြည်နယ်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများအတွက်လည်း အလွန် သာယာလှပသည့်အတွက် စိတ်ဝင်စားစရာဒေသတစ်ခုဖြစ်ပြီး၊ ရှမ်းပြည်နယ်ထွက်ကုန်များဖြစ်သည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ အင်းလေးဒေသရိုးရာထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ခရီးသွားဝန်ဆောင်မှု၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဆိုင်ရာ စက်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို ပြသမှာဖြစ်ပါကြောင်း ကုန်စည်ပြပွဲနှင့်အတူ ဒုတိယမြောက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဦးဆောင်ပြီး Taunggyi Export Promotion Forum ကိုလည်း ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးမှ အမှာစကား ပြောကြားပြီး၊ တောင်ကြီးအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် သံရုံးကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ၍ စုပေါင်း ဓါတ်ပုံ ရိုက်ကူးကာ ကုန်စည်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။ 

အဆိုပါကုန်စည်ပြပွဲကို အောက်တိုဘာ ၅ရက် မှ ၈ ရက်ထိ ဆိုင်ခန်းပေါင်း ၈၀ ကျော်ခန့် ပါဝင်ခင်းကျင်း ပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 39 guests and no members online