ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးၿမိဳ႕၊ တန္ေဆာင္တိုင္ပြဲေတာ္ အိတ္ပိတ္ေစ်းၿပိဳင္တင္ဒါသြင္းျခင္းကို မၽွမၽွတတႏွင့္စည္းကမ္းရွိရွိျဖစ္ေစခ်င္

ေတာင္ႀကီး ေအာက္တိုဘာ - ၉

185

၂၀၁၈ ခုႏွစ္ရွမ္းျပည္နယ္၊ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္အတြက္ ယာဥ္ရပ္နားစခန္းလုပ္ငန္း (၁၊ ၂၊ ၃)၊ ပ်ံက်ေစ်းေကာက္လုပ္ငန္း၊ ေစ်းဆိုင္ခန္းမ်ား၊ အေရာင္းျပခန္းမ်ား၊ ခ်ားရဟတ္ႏွင့္ ကေလးကစားကြင္းလုပ္ငန္းမ်ား အိတ္ပိတ္ ေစ်းၿပိဳင္ တင္ဒါသြင္းျခင္းကို ေအာက္တိုဘာ ၈ ရက္က ရွမ္းျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌ က်င္းပေၾကာင္း သိရသည္။

တန္ေဆာင္တိုင္ပြဲေတာ္ ဘ႑ာေရးလုပ္ငန္းေကာ္မတီဥကၠ႒၊ ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံ က ႏွစ္စဥ္ႏွစ္တိုင္းက်င္းပေလ့ရွိေသာ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္သည္ ယခု ၂၀၁၈ ခုႏွစ္ ျပန္လည္ ေရာက္ရွိလာၿပီျဖစ္၍  အိတ္ပိတ္တင္ဒါတင္သြင္းရျခင္းျဖစ္ေၾကာင္း၊ တင္ဒါလုပ္ငန္းကို မိမိကိုယ္တိုင္မလုပ္ႏိုင္ဘဲ တစ္ျခားတစ္ေယာက္ကိုေပးပါက လက္ခံႏိုင္မည္မဟုတ္ေၾကာင္း၊ ပြဲေတာ္ကို စီးပြားေရးဆန္ဆန္လုပ္၍ မျဖစ္ႏိုင္ ေၾကာင္း၊ မၽွမၽွတတႏွင့္ စည္းကမ္းရွိရွိ ျဖစ္ေစခ်င္ေၾကာင္း၊ သတ္မွတ္ထားသည့္စည္းကမ္းခ်က္မ်ားႏွင့္အညီ လုပ္ေစခ်င္ေၾကာင္း၊ မရွင္းလင္းပါက ပြင့္ပြင့္လင္းလင္း ေမးရန္လိုေၾကာင္း၊ သတ္မွတ္ထားသည့္အတိုင္းလုပ္ငန္း မ်ားကို သတ္မွတ္ႏႈန္းထားအတိုင္းေကာက္ခံရန္၊ ရွမ္းျပည္နယ္ တန္ေဆာင္တိုင္ပြဲေတာ္သည္ ျမန္မာျပည္သာမက ႏိုင္ငံျခားကပါ စိတ္ဝင္စားေသာေၾကာင့္ စည္းကမ္းတက် မွန္မွန္ကန္ကန္ျဖင့္ ေအာင္ျမင္စြာ လုပ္ေစခ်င္ေၾကာင္း ေျပာၾကားသည္။

အိတ္ပိတ္တင္ဒါစည္းကမ္းခ်က္မ်ားအား တန္ေဆာင္တိုင္ပြဲေတာ္ ဘ႑ာေရးလုပ္ငန္းေကာ္မတီ အတြင္းေရးမႉး၊ ျပည္နယ္အခြန္ဦးစီးဌာနမႉးက ရွင္းလင္းေျပာၾကားၿပီး၊ ဝန္ေဆာင္မႈလုပ္ငန္းရယူမည့္လုပ္ငန္းရွင္ မ်ားမွ တင္ဒါစည္းကမ္းခ်က္ မ်ားႏွင့္ပတ္သက္၍ မရွင္းလင္းသည့္အခ်က္မ်ားအား ေမးျမန္းေဆြးေႏြးၾကသည္။

ဆက္လက္၍ ေစ်းၿပိဳင္စနစ္ အိတ္ပိတ္တင္ဒါစတင္ဖြင့္လွစ္ရာ ယာဥ္ရပ္နားစခန္းလုပ္ငန္း(၁)ကို (၁၀၅)သိန္း၊ ယာဥ္ရပ္နားစခန္းလုပ္ငန္း(၂)ကို (၁၀၇)သိန္း၊ ယာဥ္ရပ္နားစခန္းလုပ္ငန္း(၃)ကို (၁၀၃)သိန္းကို ဦးဆန္းေမာင္က လည္းေကာင္း၊ ပ်ံက်ေစ်းေကာက္လုပ္ငန္းကို ေဒၚအိၿဖိဳးဦး (၂၅၀.၃)သိန္းျဖင့္လည္းေကာင္း၊ (ေစ်းဆိုင္ခန္းမ်ား/ အေရာင္း ျပခန္းမ်ား/ ခ်ားရဟတ္ႏွင့္ ကေလးကစားကြင္း)လုပ္ငန္းမ်ားကို ေဒၚစန္းစန္းျမင့္က (၂၈၇၁)သိန္းျဖင့္ အသီးသီး ရရွိၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် အိတ်ပိတ်စျေးပြိုင်တင်ဒါသွင်းခြင်းကို မျှမျှတတနှင့်စည်းကမ်းရှိရှိဖြစ်စေချင်

တောင်ကြီး အောက်တိုဘာ - ၉

၂၀၁၈ ခုနှစ်ရှမ်းပြည်နယ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ယာဉ်ရပ်နားစခန်းလုပ်ငန်း (၁၊ ၂၊ ၃)၊ ပျံကျစျေးကောက်လုပ်ငန်း၊ စျေးဆိုင်ခန်းများ၊ အရောင်းပြခန်းများ၊ ချားရဟတ်နှင့် ကလေးကစားကွင်းလုပ်ငန်းများ အိတ်ပိတ် စျေးပြိုင် တင်ဒါသွင်းခြင်းကို အောက်တိုဘာ ၈ ရက်က ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော် ဘဏ္ဍာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ က နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ယခု ၂၀၁၈ ခုနှစ် ပြန်လည် ရောက်ရှိလာပြီဖြစ်၍  အိတ်ပိတ်တင်ဒါတင်သွင်းရခြင်းဖြစ်ကြောင်း၊ တင်ဒါလုပ်ငန်းကို မိမိကိုယ်တိုင်မလုပ်နိုင်ဘဲ တစ်ခြားတစ်ယောက်ကိုပေးပါက လက်ခံနိုင်မည်မဟုတ်ကြောင်း၊ ပွဲတော်ကို စီးပွားရေးဆန်ဆန်လုပ်၍ မဖြစ်နိုင် ကြောင်း၊ မျှမျှတတနှင့် စည်းကမ်းရှိရှိ ဖြစ်စေချင်ကြောင်း၊ သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ လုပ်စေချင်ကြောင်း၊ မရှင်းလင်းပါက ပွင့်ပွင့်လင်းလင်း မေးရန်လိုကြောင်း၊ သတ်မှတ်ထားသည့်အတိုင်းလုပ်ငန်း များကို သတ်မှတ်နှုန်းထားအတိုင်းကောက်ခံရန်၊ ရှမ်းပြည်နယ် တန်ဆောင်တိုင်ပွဲတော်သည် မြန်မာပြည်သာမက နိုင်ငံခြားကပါ စိတ်ဝင်စားသောကြောင့် စည်းကမ်းတကျ မှန်မှန်ကန်ကန်ဖြင့် အောင်မြင်စွာ လုပ်စေချင်ကြောင်း ပြောကြားသည်။

အိတ်ပိတ်တင်ဒါစည်းကမ်းချက်များအား တန်ဆောင်တိုင်ပွဲတော် ဘဏ္ဍာရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းပြောကြားပြီး၊ ဝန်ဆောင်မှုလုပ်ငန်းရယူမည့်လုပ်ငန်းရှင် များမှ တင်ဒါစည်းကမ်းချက် များနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များအား မေးမြန်းဆွေးနွေးကြသည်။

ဆက်လက်၍ စျေးပြိုင်စနစ် အိတ်ပိတ်တင်ဒါစတင်ဖွင့်လှစ်ရာ ယာဉ်ရပ်နားစခန်းလုပ်ငန်း(၁)ကို (၁၀၅)သိန်း၊ ယာဉ်ရပ်နားစခန်းလုပ်ငန်း(၂)ကို (၁၀၇)သိန်း၊ ယာဉ်ရပ်နားစခန်းလုပ်ငန်း(၃)ကို (၁၀၃)သိန်းကို ဦးဆန်းမောင်က လည်းကောင်း၊ ပျံကျစျေးကောက်လုပ်ငန်းကို ဒေါ်အိဖြိုးဦး (၂၅၀.၃)သိန်းဖြင့်လည်းကောင်း၊ (စျေးဆိုင်ခန်းများ/ အရောင်း ပြခန်းများ/ ချားရဟတ်နှင့် ကလေးကစားကွင်း)လုပ်ငန်းများကို ဒေါ်စန်းစန်းမြင့်က (၂၈၇၁)သိန်းဖြင့် အသီးသီး ရရှိကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 50 guests and no members online