ရှမ်းပြည်နယ်သတင်းများ

မိုးရာသီအတြင္း မေဆာင္႐ြက္ႏိုင္ခဲ့ေသာ ရင္းႏွီးျမဳပ္ႏွံမႈႀကီးၾကပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေရး ႀကိဳတင္စီမံထားရွိရန္

ေတာင္ႀကီး ေအာက္တိုဘာ - ၁၂

187

ရွမ္းျပည္နယ္ရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီအစည္းအေဝးအမွတ္စဥ္ (၅/၂၀၁၈)ကို ေအာက္တိုဘာ ၁၂ ရက္ မြန္းလြဲ ၁ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပသည္။

ရွမ္းျပည္နယ္ရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီဥကၠဌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ယေန႔အစည္းအေဝးတြင္ တင္ျပလာေသာ အတည္ျပဳမိန္႔ေလၽွာက္ထားလႊာ ၂ ခုႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈပမာဏ ျပင္ဆင္ေလၽွာက္ထားလႊာ ၁ ခုတို႔ႏွင့္ ပတ္သက္ၿပီး ေကာ္မတီဝင္မ်ား စိစစ္ေဆြးေႏြး၍ အတည္ျပဳမိန္႔ ထုတ္ေပး သြားရန္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္ရင္းႏွံမႈေကာ္မတီအေနျဖင့္ အတည္ျပဳမိန္႔ခြင့္ျပဳေပးႏိုင္မႈ အေရအတြက္ နည္းပါး ေနေသးေသာေၾကာင့္ ေကာ္မတီဝင္မ်ားအေနျဖင့္ စည္း႐ုံးလႈံ႔ေဆာ္ေပးၾကပါရန္ တိုက္တြန္းလိုပါေၾကာင္း၊ ေကာ္မတီ အဖြဲ႕ဝင္တစ္ဦးလစ္လပ္သြားမႈအတြက္လည္း အစားထိုးျဖည့္စြက္ႏိုင္ေရး ေဆာင္႐ြက္သြားရန္ ႏွင့္ အစားထိုး တာဝန္ေပးအပ္ၿပီးပါက ေကာ္မတီအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုစီးဝင္လာေစေရး ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္ သြားၾကရန္ မၾကာမီတြင္ ပြင့္လင္းရာသီကာလ ေရာက္ရွိေတာ့မည္ျဖစ္သည့္အတြက္ မိုးရာသီအတြင္း မေဆာင္႐ြက္ ႏိုင္ခဲ့ေသာ ရင္းႏွီးျမႇဳပ္ႏွံမႈႀကီးၾကပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္သြားေရး ႀကိဳတင္စီမံထားရွိရန္ မွာၾကားလိုေၾကာင္း၊ ေကာ္မတီ႐ုံးတည္ေဆာက္ႏိုင္ရန္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ေငြလုံးခြင့္ျပဳေငြ ရရွိထားၿပီး ျဖစ္သည့္အတြက္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို လုပ္ထုံးလုပ္နည္း အမိန္႔ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ စနစ္တက် အေလအလြင့္ မရွိေအာင္ စီမံေဆာင္႐ြက္သြားၾကရန္ႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈမ်ား ပိုမိုစီးဝင္လာေစေရး အားလုံးႀကိဳးပမ္း ေဆာင္႐ြက္ ေပးၾကရန္၊ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ပြင့္လင္းျမင္သာမႈရွိရန္ လာဘ္ေပးလာဘ္ယူ ကင္းရွင္းရန္ႏွင့္ တာဝန္ ယူမႈ ၊ တာဝန္ခံမႈအျပည့္ရွိရန္ အထူးဂ႐ုျပဳေဆာင္႐ြက္ၾကရန္ ေျပာၾကားသြားသည္။

ရွမ္းျပည္နယ္ရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီအတြင္းေရးမႉး ဦးေလးႏိုင္မွ ရွမ္းျပည္နယ္ရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီသို႔ အတည္ျပဳေလၽွာက္ထားလႊာလုပ္ငန္း ၂ ခုႏွင့္ အတည္ျပဳမိန္႔တြင္ ရင္းႏွီးျမဳပ္ႏွံမႈတန္ဖိုး ျဖည့္စြက္ျပင္ဆင္ျခင္း လုပ္ငန္း ၁ခု ေလၽွာက္ထားလာျခင္းအား ေဆြးေႏြးတင္ျပၿပီး၊ ကုမၸဏီလုပ္ငန္းရွင္မ်ားမွ အတည္ျပဳ ေလ်ာက္ထားလႊာ လုပ္ငန္း ၂ ခုႏွင့္ပတ္သက္သည့္အခ်က္အလက္မ်ားအား ေဆြးေႏြးတင္ျပၾကၿပီး ရွမ္းျပည္နယ္ရင္းႏွီးျမဳပ္ႏွံမႈ ေကာ္မတီအဖြဲ႕ဝင္မ်ားမွ လုပ္ငန္းအလိုက္ ေဆြးေႏြးဆုံးျဖတ္ခဲ့ၾကေၾကာင္းသိရွိရသည္။ 

 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

09-250132943

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မိုးရာသီအတွင်း မဆောင်ရွက်နိုင်ခဲ့သော ရင်းနှီးမြုပ်နှံမှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံထားရှိရန်

တောင်ကြီး အောက်တိုဘာ - ၁၂

ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၅/၂၀၁၈)ကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယနေ့အစည်းအဝေးတွင် တင်ပြလာသော အတည်ပြုမိန့်လျှောက်ထားလွှာ ၂ ခုနှင့် ရင်းနှီးမြုပ်နှံမှုပမာဏ ပြင်ဆင်လျှောက်ထားလွှာ ၁ ခုတို့နှင့် ပတ်သက်ပြီး ကော်မတီဝင်များ စိစစ်ဆွေးနွေး၍ အတည်ပြုမိန့် ထုတ်ပေး သွားရန်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရင်းနှံမှုကော်မတီအနေဖြင့် အတည်ပြုမိန့်ခွင့်ပြုပေးနိုင်မှု အရေအတွက် နည်းပါး နေသေးသောကြောင့် ကော်မတီဝင်များအနေဖြင့် စည်းရုံးလှုံ့ဆော်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ကော်မတီ အဖွဲ့ဝင်တစ်ဦးလစ်လပ်သွားမှုအတွက်လည်း အစားထိုးဖြည့်စွက်နိုင်ရေး ဆောင်ရွက်သွားရန် နှင့် အစားထိုး တာဝန်ပေးအပ်ပြီးပါက ကော်မတီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန် မကြာမီတွင် ပွင့်လင်းရာသီကာလ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် မိုးရာသီအတွင်း မဆောင်ရွက် နိုင်ခဲ့သော ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရေး ကြိုတင်စီမံထားရှိရန် မှာကြားလိုကြောင်း၊ ကော်မတီရုံးတည်ဆောက်နိုင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေလုံးခွင့်ပြုငွေ ရရှိထားပြီး ဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ အလေအလွင့် မရှိအောင် စီမံဆောင်ရွက်သွားကြရန်နှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး အားလုံးကြိုးပမ်း ဆောင်ရွက် ပေးကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် လာဘ်ပေးလာဘ်ယူ ကင်းရှင်းရန်နှင့် တာဝန် ယူမှု ၊ တာဝန်ခံမှုအပြည့်ရှိရန် အထူးဂရုပြုဆောင်ရွက်ကြရန် ပြောကြားသွားသည်။

ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးလေးနိုင်မှ ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီသို့ အတည်ပြုလျှောက်ထားလွှာလုပ်ငန်း ၂ ခုနှင့် အတည်ပြုမိန့်တွင် ရင်းနှီးမြုပ်နှံမှုတန်ဖိုး ဖြည့်စွက်ပြင်ဆင်ခြင်း လုပ်ငန်း ၁ခု လျှောက်ထားလာခြင်းအား ဆွေးနွေးတင်ပြပြီး၊ ကုမ္ပဏီလုပ်ငန်းရှင်များမှ အတည်ပြု လျောက်ထားလွှာ လုပ်ငန်း ၂ ခုနှင့်ပတ်သက်သည့်အချက်အလက်များအား ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှု ကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းအလိုက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်းသိရှိရသည်။ 

 

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

09-250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 35 guests and no members online