ရှမ်းပြည်နယ်သတင်းများ

ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမႈေၾကာင့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ပြားမႈႏႈန္းပိုမိုမ်ားျပားလာ

ေတာင္ႀကီး ေအာက္တိုဘာ - ၁၃

188

၂၀၁၈ ခုႏွစ္ အျပည္ျပည္ဆိုင္ရာသဘာဝေဘး ေလ်ာ့ပါးေရးေန႔အထိမ္းအမွတ္ကို ေအာက္တိုဘာ ၁၃ ရက္ နံနက္ ၉ နာရီခြဲက ေတာင္ႀကီးတကၠသိုလ္ဘက္စုံခန္းမ၌ က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျမန္မာႏိုင္ငံအပါအဝင္ ကမၻာ့ႏိုင္ငံ အသီးသီးမွာ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ပြားမႈႏႈန္းသည္ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုမ်ားျပားလာသည္ကို ေတြ႕ရမွာျဖစ္ၿပီး၊ ယခုလိုျဖစ္ရျခင္းသည္ အဓိကအားျဖင့္ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈ၏ အက်ိဳးဆက္တစ္ခု ျဖစ္ေၾကာင္း၊ ၂၀၁၈ ခုႏွစ္အတြင္းႏိုင္ငံတကာတြင္ ျဖစ္ပြားခဲ့ေသာ ပ်က္စီးဆုံး႐ႈံးမႈ ႀကီးမားသည့္ ေဘးကို ၾကည့္ျခင္း အားျဖင့္ ဇြန္လတြင္ျဖစ္ပြားခဲ့ေသာ ဂ်ပန္ႏိုင္ငံေရေဘး၊ ၾသဂုတ္လတြင္ အိႏၵိယႏိုင္ငံေရေဘး၊ စက္တင္ဘာလတြင္ ဂ်ပန္ႏိုင္ငံ မုန္တိုင္းႏွင့္ငလ်င္ေဘး၊ စက္တင္ဘာလထဲတြင္ ဖိလစ္ပိုင္ႏိုင္ငံ မန္းဂြတ္မုန္တိုင္းေဘးႏွင့္ စက္တင္ဘာလ ၂၈ ရက္ေန႔တြင္ အင္ဒိုနီးရွားႏိုင္ငံ ငလ်င္ေဘးႏွင့္ဆူနာမီေဘးတို႔ေၾကာင့္ ေသဆုံးဒါဏ္ရာရမႈႏွင့္ ထိခိုက္ဆုံး႐ႈံးမႈ မ်ားစြာႀကီးမားခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ ယခုႏွစ္ ဇူလိုင္လႏွင့္ ၾသဂုတ္လအတြင္း မိုးသည္းထန္စြာ ႐ြာသြန္းမႈ ေၾကာင့္ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ အျခားတိုင္းေဒသႀကီး/ ျပည္နယ္(၆)ခုတို႔တြင္ ျဖစ္ပြားခဲ့သည့္ ေရေဘးေၾကာင့္ လူေပါင္း ၂၂ ဦး ေသဆုံးခဲ့ရၿပီး အိမ္ေထာင္စုေပါင္း(၄၆၀၀၀) ေက်ာ္ လူဦးေရ (၂)သိန္းေက်ာ္ ေဘးဒုကၡခံစားခဲ့ရၿပီး၊ ကယ္ဆယ္ေရးစခန္းေပါင္း (၃၇၉)ခု ဖြင့္လွစ္ေစာင့္ေရွာက္မႈ ေပးခဲ့ရေၾကာင္း၊ ႏိုင္ငံေတာ္မွေထာက္ပံ့ေငြႏွင့္ ကယ္ဆယ္ေရးပစၥည္းတန္ဖိုး က်ပ္သန္းေပါင္း (၈၀၀)ခန္႔အထိ ေထာက္ပံ့ကူညီခဲ့ရေၾကာင္း၊ ေစတနာရွင္၊ အလႉရွင္၊ အဖြဲ႕အစည္းအသီးသီးႏွင့္ ျပည္သူလူထုမွလည္း တတ္အားသမၽွ ဝိုင္းဝန္းကူညီခဲ့ၾကရသည္ကို ေတြ႕ရမွာျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္၏ ေဘးအႏၲရာယ္ေလ်ာ့ခ်ေရးဆိုင္ရာ အထူးကိုယ္စားလွယ္၏ သဝဏ္လႊာအား ရွမ္းျပည္နယ္ UNCIEF ႐ုံးမွ တာဝန္ခံအရာရွိ ေဒၚခင္မိုးေအးက ဖတ္ၾကားၿပီး၊ ၂၀၁၈ ခုႏွစ္ အျပည္ျပည္ဆိုင္ရာ သဘာဝေဘးေလ်ာ့ပါးေရးေန႔အထိမ္းအမွတ္ စာစီစာကုံး၊ ပန္းခ်ီႏွင့္ ကာတြန္းၿပိဳင္ပြဲမ်ားတြင္ ဆုရရွိေသာ အေျခခံပညာအဆင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ား၊ အစိုးရအဖြဲ႕အတြင္းေရးမႉးႏွင့္ တာဝန္ရွိသူတို႔က ဆုမ်ားအသီးသီးခ်ီးျမႇင့္ၾကကာ၊ အျပည္ျပည္ ဆိုင္ရာ သဘာဝေဘးေလ်ာ့ပါးေရးေန႔အထိမ္းအမွတ္ ဗီဒီယိုျပသျခင္းကိုၾကည့္႐ႈ၍ ဆုရရွိသည့္ေက်ာင္းသား/ ေက်ာင္းသူမ်ား၏ သဘာဝေဘးအသိပညာေပးျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုနှုန်းပိုမိုများပြားလာ

တောင်ကြီး အောက်တိုဘာ - ၁၃

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေး လျော့ပါးရေးနေ့အထိမ်းအမှတ်ကို အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးတက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ကို တွေ့ရမှာဖြစ်ပြီး၊ ယခုလိုဖြစ်ရခြင်းသည် အဓိကအားဖြင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၏ အကျိုးဆက်တစ်ခု ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်းနိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှု ကြီးမားသည့် ဘေးကို ကြည့်ခြင်း အားဖြင့် ဇွန်လတွင်ဖြစ်ပွားခဲ့သော ဂျပန်နိုင်ငံရေဘေး၊ သြဂုတ်လတွင် အိန္ဒိယနိုင်ငံရေဘေး၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ မုန်တိုင်းနှင့်ငလျင်ဘေး၊ စက်တင်ဘာလထဲတွင် ဖိလစ်ပိုင်နိုင်ငံ မန်းဂွတ်မုန်တိုင်းဘေးနှင့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ငလျင်ဘေးနှင့်ဆူနာမီဘေးတို့ကြောင့် သေဆုံးဒါဏ်ရာရမှုနှင့် ထိခိုက်ဆုံးရှုံးမှု များစွာကြီးမားခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်(၆)ခုတို့တွင် ဖြစ်ပွားခဲ့သည့် ရေဘေးကြောင့် လူပေါင်း ၂၂ ဦး သေဆုံးခဲ့ရပြီး အိမ်ထောင်စုပေါင်း(၄၆၀၀၀) ကျော် လူဦးရေ (၂)သိန်းကျော် ဘေးဒုက္ခခံစားခဲ့ရပြီး၊ ကယ်ဆယ်ရေးစခန်းပေါင်း (၃၇၉)ခု ဖွင့်လှစ်စောင့်ရှောက်မှု ပေးခဲ့ရကြောင်း၊ နိုင်ငံတော်မှထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး ကျပ်သန်းပေါင်း (၈၀၀)ခန့်အထိ ထောက်ပံ့ကူညီခဲ့ရကြောင်း၊ စေတနာရှင်၊ အလှူရှင်၊ အဖွဲ့အစည်းအသီးသီးနှင့် ပြည်သူလူထုမှလည်း တတ်အားသမျှ ဝိုင်းဝန်းကူညီခဲ့ကြရသည်ကို တွေ့ရမှာဖြစ်ကြောင်း ပြောကြားသွားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဝဏ်လွှာအား ရှမ်းပြည်နယ် UNCIEF ရုံးမှ တာဝန်ခံအရာရှိ ဒေါ်ခင်မိုးအေးက ဖတ်ကြားပြီး၊ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ကြကာ၊ အပြည်ပြည် ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် ဗီဒီယိုပြသခြင်းကိုကြည့်ရှု၍ ဆုရရှိသည့်ကျောင်းသား/ ကျောင်းသူများ၏ သဘာဝဘေးအသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ခရိုင် ပြန်/ဆက်

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 62 guests and no members online