ရှမ်းပြည်နယ်သတင်းများ

တာချီလိတ်ခရိုင်၊ မယ်ဟုတ်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန်အတွက် လက်မှတ်ရေးထိုး


192





ခရိုင် ပြန်/ဆက်

09-250132943

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တာချီလိတ်ခရိုင်၊ မယ်ဟုတ်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန်အတွက် သဘောတူညီမှုစာချုပ် (MoA) လက်မှတ်ရေးထိုး

တောင်ကြီး အောက်တိုဘာ -၁၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာဧရာမွန်ဆိပ်ကမ်းနှင့် မြစ်များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် တို့အကြား တာချီလိတ်ခရိုင်၊ မယ်ဟုတ်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန်အတွက် သဘောတူညီမှုစာချုပ် (MoA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို အောက်တိုဘာ ၁၆ ရက်မွန်းလွဲ ၂ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဦးစိုးညွှန့်လွင်က မြန်မာဧရာမွန်ဆိပ်ကမ်းနှင့် မြစ်များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးတို့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် မယ်ဟုတ်ချောင်း ရေအားလျှပ်စစ်စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးခဲ့ပြီး မယ်ဟုတ်ချောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေစမ်းသပ်တိုင်းတာ ကွင်းဆင်းလေ့လာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာ (FSR-Feasibility  Study Report)ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် တင်ပြခဲ့ပြီးဖြစ်ပေါကြောင်း၊ ဆက်လက်ပြီး မယ်ဟုတ် ၁၇ မီဂါဝပ် ရေအား လျှပ်စစ်တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချုပ် (MoA)ကို ချုပ်ဆိုရခြင်းဖြစ်ပါကြောင်းပြောကြား သွားသည်။

ဆက်လက်၍မြန်မာဧရာမွန်ဆိပ်ကမ်းနှင့် မြစ်များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးမှ  သဘောတူစာချုပ် လက်မှတ်ရေးထိုးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့နှင့် မြန်မာဧရာမွန်ဆိပ်ကမ်းနှင့် မြစ်များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတို့မှ မယ်ဟုတ်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန်အတွက် သဘောတူညီမှုစာချုပ် (MoA) လက်မှတ်ရေးထိုးကာ စာချုပ်များကို အပြန်အလှန်လဲလှယ်ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

 

09-250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 48 guests and no members online