ရှမ်းပြည်နယ်သတင်းများ

အင္းေလးေဖာင္ေတာ္ဦး ျမတ္စြာဘုရားမ်ား မူလကိန္းဝပ္စံပယ္ေတာ္မႈသည့္ ရတနာစံေက်ာင္ေတာ္ႀကီးေပၚသို႔ ျပန္လည္ႂကြဝင္

ေတာင္ႀကီး               ေအာက္တိုဘာ -  ၂၈

197

အင္းေလးေဖာင္ေတာ္ဦး ျမတ္စြာဘုရားမ်ားသည္ အင္းေလးေဒသ (၂၁) ဌာနသို႔ ႂကြခ်ီအပူ ေဇာ္ခံၿပီး မူလကိန္းဝပ္စံပယ္ေတာ္မူသည့္ ရတနာစံေက်ာင္းေတာ္ႀကီးေပၚသို႔ ျပန္လည္ႂကြဝင္သည့္ အခမ္းအနားကို ေအာက္ဘာ (၂၇) ရက္ နံနက္ ၉ နာရီက အဆိုပါစံေက်ာင္းေတာ္၌ က်င္းပရာ ပထမဦးစြာ ကရဝိတ္ ေဖာင္ေတာ္ေပၚမွ ေဖာင္ေတာ္ဦးျမတ္စြာဘုရားမ်ားအား စံေက်ာင္းေတာ္ႀကီးေပၚသို႔ ပင့္ေဆာင္ရာ ကိုယ္စားေတာ္ျမတ္မ်ားကို ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊  ျပည္နယ္ ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က အသီးသီးပင့္ေဆာင္ၾကေၾကာင္းသိရသည္။ 

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး ေဒၚနန္းေ႐ႊျမင့္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က ေဖာင္ေတာ္ဦးျမတ္စြာဘုရားမ်ားအား ဆြမ္း၊ ဆီမီး၊ ေရခ်မ္း ဆက္ကပ္ လႉဒါန္းၿပီး ေဂါပက အဖြဲ႕မွ ဓမၼလက္ေဆာင္ (၂၁) ဌာန ၾကာသကၤန္းမ်ား ေဝဌေပးၿပီး  ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး ၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က နန္းဟူးဘုန္းေတာ္ႀကီးေက်ာင္းတြင္ ေတာင္ေျခေက်ာင္းဆရာေတာ္ႀကီး ဦးေကာဝိဒထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ဇနီးႏွင့္  ျပည္နယ္ဝန္ႀကီးမ်ားတို႔က ဆရာေတာ္မ်ားအား လႉဖြယ္ ပစၥည္း ဆက္ကပ္လႉဒါန္းၾကသည္။ 

ထို႔ေနာက္ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီး၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ အင္းသား႐ိုးရာ ေလွၿပိဳင္ပြဲ ယွဥ္ၿပိဳင္ေနမႈကို ၾကည့္႐ူအားေပးၾကၿပီး ဆုမ်ားခ်ီးျမႇင့္ေပးအပ္ရာ အင္းသား႐ိုးရာ ဆြမ္းပို႔ေလွအဖြဲ႕ႏွင့္ ေလွယဥ္ဆု၊ ယဥ္ေက်းမႈ ဆုတို႔ကို  ျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္ဝိုးဟိန္း ႏွင့္ တာဝန္ရွိသူတို႔က ဆုခ်ီးျမႇင့္၍ လည္းေကာင္း၊ အမ်ိဳးသမီး (၂၆) တက္ ပထမဆု၊ ဒုတိယဆုရရွိသူတို႔ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ေဒၚနန္းေ႐ႊျမင့္မွ ဆုခ်ီးျမႇင့္၍ လည္းေကာင္း၊ အမ်ိဳးသား (၄၆) တက္ ႏွစ္သိမ့္ဆု ရရွိသူမ်ားကို အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉးမွ ဆုခ်ီးျမႇင့္၍ လည္းေကာင္း အမ်ိဳးသားရာေက်ာ္ေလွ ႏွစ္သိမ့္ဆုရရွိသူမ်ားကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္မွ ဆုခ်ီးျမႇင့္၍ လည္းေကာင္း၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ဆုရရွိေသာ ေလွၿပိဳင္အသင္းမ်ားကို လိုက္လံ ႏႈတ္ဆက္ၾကကာ အခမ္းအနားကို ေနာင္အင္းေလးသီခ်င္းျဖင့္ ႐ုပ္သိမ္းလိုက္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္ ဦးစီးဌာန

၀၉-၂၅၀၁၃၂၉၄၃

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားများ မူလကိန်းဝပ်စံပယ်တော်မှုသည့် ရတနာစံကျောင်တော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်

တောင်ကြီး               အောက်တိုဘာ -  ၂၈

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားများသည် အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီအပူ ဇော်ခံပြီး မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်သည့် အခမ်းအနားကို အောက်ဘာ (၂၇) ရက် နံနက် ၉ နာရီက အဆိုပါစံကျောင်းတော်၌ ကျင်းပရာ ပထမဦးစွာ ကရဝိတ် ဖောင်တော်ပေါ်မှ ဖောင်တော်ဦးမြတ်စွာဘုရားများအား စံကျောင်းတော်ကြီးပေါ်သို့ ပင့်ဆောင်ရာ ကိုယ်စားတော်မြတ်များကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အသီးသီးပင့်ဆောင်ကြကြောင်းသိရသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဖောင်တော်ဦးမြတ်စွာဘုရားများအား ဆွမ်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ် လှူဒါန်းပြီး ဂေါပက အဖွဲ့မှ ဓမ္မလက်ဆောင် (၂၁) ဌာန ကြာသင်္ကန်းများ ဝေဌပေးပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နန်းဟူးဘုန်းတော်ကြီးကျောင်းတွင် တောင်ခြေကျောင်းဆရာတော်ကြီး ဦးကောဝိဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးနှင့်  ပြည်နယ်ဝန်ကြီးများတို့က ဆရာတော်များအား လှူဖွယ် ပစ္စည်း ဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အင်းသားရိုးရာ လှေပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရူအားပေးကြပြီး ဆုများချီးမြှင့်ပေးအပ်ရာ အင်းသားရိုးရာ ဆွမ်းပို့လှေအဖွဲ့နှင့် လှေယဉ်ဆု၊ ယဉ်ကျေးမှု ဆုတို့ကို  ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်ဝိုးဟိန်း နှင့် တာဝန်ရှိသူတို့က ဆုချီးမြှင့်၍ လည်းကောင်း၊ အမျိုးသမီး (၂၆) တက် ပထမဆု၊ ဒုတိယဆုရရှိသူတို့ကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့်မှ ဆုချီးမြှင့်၍ လည်းကောင်း၊ အမျိုးသား (၄၆) တက် နှစ်သိမ့်ဆု ရရှိသူများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ ဆုချီးမြှင့်၍ လည်းကောင်း အမျိုးသားရာကျော်လှေ နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ ဆုချီးမြှင့်၍ လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆုရရှိသော လှေပြိုင်အသင်းများကို လိုက်လံ နှုတ်ဆက်ကြကာ အခမ်းအနားကို နောင်အင်းလေးသီချင်းဖြင့် ရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက် ဦးစီးဌာန

၀၉-၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 47 guests and no members online