ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္စီးပြားေရး ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လုပ္ငန္းရွင္တို႔၏ အခန္းက႑ စီးပြားေရးဖိုရမ္ က်င္းပ

ေတာင္ႀကီး ေအာက္တိုဘာ - ၂၈

198

ရွမ္းျပည္နယ္ေဒသ၏ ေနာက္ထပ္တိုးတက္လာမည့္ လုပ္ငန္းတစ္ခုမွာ ခရီးသြားလုပ္ငန္းျဖစ္ၿပီး ျမန္မာႏိုင္ငံ ေရာက္ ႏိုင္ငံျခားခရီးသြား ဧည့္သည္မ်ားအေနျဖင့္ ပုဂံၿမိဳ႕ေဟာင္းၿပီးလၽွင္ ရွမ္းျပည္နယ္၏ အင္းေလးေဒသသည္ လာေရာက္လည္ပတ္ရန္ အေက်ာ္ၾကားဆုံးႏွင့္ စိတ္ဝင္စားမႈအရွိဆုံးျဖစ္ေၾကာင္း၊ ျပည္တြင္း/ျပည္ပ ခရီးသြားမ်ား အေနျဖင့္ အင္းေလးေဒသႏွင့္ တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္သည္ ခရီးသြားလည္ပတ္မႈအတြက္ စြဲေဆာင္ႏိုင္ဆုံး အမွတ္သားမ်ားျဖစ္ပါေၾကာင္း ေအာက္တိုဘာ ၂၈ ရက္ မြန္းလႊဲ ၁ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း႐ုံးတြင္က်င္းပေသာ ရွမ္းျပည္နယ္စီးပြားေရး ေရရွည္ဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ လုပ္ငန္းရွင္တို႔၏ အခန္းက႑ စီးပြားေရးဖိုရမ္ အခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာၾကားသြားသည္။

ရွမ္းျပည္နယ္ေဒသႀကီး၏ ေနာင္ျဖစ္ေပၚလာမည့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ အခြင့္အလမ္းေကာင္း မ်ားႏွင့္အတူ ရင္ဆိုင္ေတြ႕ရွိလာမည့္ စိန္ေခၚမႈမ်ားကို ဘယ္လိုေက်ာ္လႊားၾကမည္နည္း။ ရွမ္းျပည္နယ္ေဒသရွိ တန္ဖိုးရွိေသာ ေျမေပၚေျမေအာက္ သယံဇာတအရင္းအျမစ္မ်ားကို ထိေရာက္စြာ မည္ကဲ့သို႔ အသုံးခ်မည္နည္း။ ေဒသတြင္း ေနထိုင္ၾကေသာ တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ မတူညီသည့္ ယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ားႏွင့္အညီ လိုက္ေလ်ာညီစြာ အသုံးခ်ရမည့္ လူ႕စြမ္းအားအရင္းအျမစ္ဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ျဖစ္ေပၚလာမႈမ်ားကို မည္ကဲ့သို႔ ရွာေဖြေဖာ္ထုတ္မည္ဆိုတာႏွင့္ ပတ္သက္၍ ေဒသအတြင္း စီးပြားေရးလုပ္ကိုင္ေနၾကေသာ ေဒသခံစီးပြားေရး လုပ္ငန္းရွင္ႀကီးမ်ား၏အျမင္၊ ရပ္မိရပ္ဖမ်ား၏ အႀကံေပးခ်က္၊ ေဒသဆိုင္ရာအစိုးရအဖြဲ႕အစည္းႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္ႀကီးမ်ား၏ ပူးေပါင္းေဆာင္႐ြက္ မႈမ်ားႏွင့္အတူ ေမခေဆာင္ေဖာင္ေဒးရွင္းမွ စီးပြားေရးပညာဆိုင္ရာ ပညာရွင္မ်ား၏ တင္ျပေဆြးေႏြးသုံးသပ္ခ်က္၊ အႀကံျပဳခ်က္မ်ားႏွင့္တကြ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကုန္သည္ႀကီး မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းႏွင့္ ညီေနာင္အသင္းတို႔ ပူးေပါင္းပါဝင္ေဆြးေႏြးက်င္းပသည့္ ရည္႐ြယ္ခ်က္ေကာင္းမြန္ေသာ၊ အဓိပၸာယ္မ်ားစြာ ျပည့္ဝသည့္ စီးပြားေရးဖိုရမ္ေဆြးေႏြးပြဲ ျဖစ္ပါေၾကာင္း ၎က ေျပာၾကားသြားသည္။

ဆက္လက္၍ စီးပြားေရးတကၠသိုလ္ ေမခေဆာင္ ေဖာင္ေဒးရွင္းဥကၠဌ ဦးျမင့္ႏိုင္မွ ဖိုရမ္က်င္းပျပဳလုပ္ရျခင္း ရည္႐ြယ္ခ်က္ႏွင့္ ေမခေဆာင္ေဖာင္ေဒးရွင္းအေၾကာင္းကို ရွင္းလင္းတင္ျပၿပီး ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကုန္သည္ႀကီး မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေအာင္ဆန္းဝင္းမွ ေက်းဇူးတင္စကား ျပန္လည္ေျပာၾကား၍ စုေပါင္းမွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ကူးၾကေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ အရပ္ရပ္မွ ကိုယ္စားလွယ္ေတာ္ႀကီးမ်ား၊ ျပည္နယ္အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ရွမ္းျပည္နယ္ေဒသႀကီး၏ စီးပြားဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနၾကသည့္ စီးပြားေရးလုပ္ငန္းရွင္ႀကီး မ်ား ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားႏွင့္ ရပ္မိရပ္ဖမ်ား၊ စီးပြားေရးတကၠသိုလ္ ေမခေဆာင္ေဖာင္ေဒးရွင္းမွ နာယက ႀကီးမ်ားႏွင့္ အသင္းသူ/အသင္းသားမ်ား၊ ေဟာေျပာေဆြးေႏြးၾကမည့္ ဆရာႀကီးမ်ား၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ကုန္သည္ႀကီး မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္ ဦးစီးဌာန

၀၉-၂၅၀၁၃၂၉၄၃

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းရှင်တို့၏ အခန်းကဏ္ဍ စီးပွားရေးဖိုရမ် ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၈

ရှမ်းပြည်နယ်ဒေသ၏ နောက်ထပ်တိုးတက်လာမည့် လုပ်ငန်းတစ်ခုမှာ ခရီးသွားလုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံ ရောက် နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် ပုဂံမြို့ဟောင်းပြီးလျှင် ရှမ်းပြည်နယ်၏ အင်းလေးဒေသသည် လာရောက်လည်ပတ်ရန် အကျော်ကြားဆုံးနှင့် စိတ်ဝင်စားမှုအရှိဆုံးဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ခရီးသွားများ အနေဖြင့် အင်းလေးဒေသနှင့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သည် ခရီးသွားလည်ပတ်မှုအတွက် စွဲဆောင်နိုင်ဆုံး အမှတ်သားများဖြစ်ပါကြောင်း အောက်တိုဘာ ၂၈ ရက် မွန်းလွှဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင်ကျင်းပသော ရှမ်းပြည်နယ်စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုပ်ငန်းရှင်တို့၏ အခန်းကဏ္ဍ စီးပွားရေးဖိုရမ် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။

ရှမ်းပြည်နယ်ဒေသကြီး၏ နောင်ဖြစ်ပေါ်လာမည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းကောင်း များနှင့်အတူ ရင်ဆိုင်တွေ့ရှိလာမည့် စိန်ခေါ်မှုများကို ဘယ်လိုကျော်လွှားကြမည်နည်း။ ရှမ်းပြည်နယ်ဒေသရှိ တန်ဖိုးရှိသော မြေပေါ်မြေအောက် သယံဇာတအရင်းအမြစ်များကို ထိရောက်စွာ မည်ကဲ့သို့ အသုံးချမည်နည်း။ ဒေသတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ မတူညီသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ လိုက်လျောညီစွာ အသုံးချရမည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်လာမှုများကို မည်ကဲ့သို့ ရှာဖွေဖော်ထုတ်မည်ဆိုတာနှင့် ပတ်သက်၍ ဒေသအတွင်း စီးပွားရေးလုပ်ကိုင်နေကြသော ဒေသခံစီးပွားရေး လုပ်ငန်းရှင်ကြီးများ၏အမြင်၊ ရပ်မိရပ်ဖများ၏ အကြံပေးချက်၊ ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ ပူးပေါင်းဆောင်ရွက် မှုများနှင့်အတူ မေခဆောင်ဖောင်ဒေးရှင်းမှ စီးပွားရေးပညာဆိုင်ရာ ပညာရှင်များ၏ တင်ပြဆွေးနွေးသုံးသပ်ချက်၊ အကြံပြုချက်များနှင့်တကွ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းတို့ ပူးပေါင်းပါဝင်ဆွေးနွေးကျင်းပသည့် ရည်ရွယ်ချက်ကောင်းမွန်သော၊ အဓိပ္ပာယ်များစွာ ပြည့်ဝသည့် စီးပွားရေးဖိုရမ်ဆွေးနွေးပွဲ ဖြစ်ပါကြောင်း ၎င်းက ပြောကြားသွားသည်။

ဆက်လက်၍ စီးပွားရေးတက္ကသိုလ် မေခဆောင် ဖောင်ဒေးရှင်းဥက္ကဌ ဦးမြင့်နိုင်မှ ဖိုရမ်ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မေခဆောင်ဖောင်ဒေးရှင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် အရပ်ရပ်မှ ကိုယ်စားလှယ်တော်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ဒေသကြီး၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ရပ်မိရပ်ဖများ၊ စီးပွားရေးတက္ကသိုလ် မေခဆောင်ဖောင်ဒေးရှင်းမှ နာယက ကြီးများနှင့် အသင်းသူ/အသင်းသားများ၊ ဟောပြောဆွေးနွေးကြမည့် ဆရာကြီးများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက် ဦးစီးဌာန

၀၉-၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 60 guests and no members online