ရှမ်းပြည်နယ်သတင်းများ

ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝး က်င္းပ

ေတာင္ႀကီး ေအာက္တိုဘာ - ၂၉

200

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးကို ေအာက္တိုဘာ - ၂၉ ရက္ မြန္းလႊဲ ၁ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ အစည္းအေဝးခန္းမ(၁)၌ က်င္းပေၾကာင္း သိရသည္။

ဆက္လက္၍ ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕ ဥကၠဌ ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္က အဖြင့္အမွာစကား ေျပာၾကားၿပီး တက္ေရာက္လာသည့္ ျပည္နယ္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ေဆြးေႏြးရာ လုပ္ငန္းႏွင့္ပတ္သက္၍ သတင္းရယူတည္ေဆာက္ျခင္း၊ စခန္းသြင္းစစ္ေဆးျခင္း၊ ယာဥ္တင္စစ္ေဆးျခင္းတို႔ကို အဖြဲ႕အစည္းမ်ားျဖင့္ စစ္ေဆးျခင္း၊ လုံၿခဳံေရးသတင္းအဖြဲ႕ ႏွင့္ ဆက္သြယ္ျခင္း၊ သတင္းေပးအဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ျခင္း၊ တဖက္သတင္းေပးအဖြဲ႕မွ ေဖာ္ထုတ္မႈမ်ားကို ေစာင့္ၾကည့္ဖမ္းဆီးျခင္း၊   လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အာဏာပိုင္အဖြဲ႕အစည္းမ်ားက သတင္းရယူ တည္ေဆာက္ျခင္း၊ ေရွာင္ကြင္းလမ္းမ်ား စစ္ေဆးျခင္း၊ မႏၲေလး ၁၆ မိုင္ႏွင့္ မူဆယ္ ၁၀၅ မိုင္ဂိတ္တို႔ႏွင့္ ခ်ိတ္ဆက္ ေဆာင္႐ြက္ျခင္းစသည့္ လုပ္ငန္းကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးသြားေၾကာင္း သိရသည္။

ထို႔ေနာက္ တက္ေရာက္လာသည့္ ဌာနဆိုင္ရာမ်ားမွ တင္ျပေဆြးေႏြးရာ ရွမ္းျပည္နယ္ကုန္သြယ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး၊ မူဆယ္တာဝန္ခံ ဦးတင္ရဲဝင္းက ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရး အထူးအဖြဲ႕လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးသည္ ပထမအႀကိမ္ျဖစ္ပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ အုပ္ခ်ဳပ္မႈ နယ္ေျမအတြင္းတြင္ ရွိေသာ မူဆယ္၊ ခ်င္းေ႐ႊေဟာ္၊ တာခ်ီလိတ္အပါအဝင္ နယ္စပ္ကုန္သြယ္မႈမ်ားအပါအဝင္ တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးႏိုင္ေရးေခၚယူျပဳလုပ္သည့္အစည္းအေဝးျဖစ္ပါေၾကာင္း၊ တရားမဝင္ကုန္သြယ္ မႈ သုံးမ်ိဳးရွိပါေၾကာင္း၊ လိုင္စင္(ID) တနည္းအားျဖင့္ စာ႐ြက္စာတမ္းအေထာက္အထား မပါရွိဘဲ ကုန္ပစၥည္းမ်ား သယ္ေဆာင္ျခင္း၊ လိုင္စင္(ID) ပါရွိေသာ္လည္း ကုန္ပစၥည္းမ်ား ကြဲလြဲစြာ ပိုမိုသယ္ေဆာင္ျခင္း၊ တန္ဖိုးကို ေလ်ာ့ျပ၍ အခြန္ေပးေဆာင္ၿပီး ႏိုင္ငံေတာ္အခြန္ နစ္နာေအာင္ တရားမဝင္သယ္ေဆာင္ျခင္း၊ လုပ္ငန္းစီမံခ်က္မ်ားကိုလည္း တစ္ပတ္အတြင္းတင္ျပႏိုင္ရန္ တာဝန္ေပးအပ္ထားေၾကာင္း၊ ေရးဆြဲထားသည့္ စီမံခ်က္(မူၾကမ္း)အေပၚ ျပည္နယ္ အဆင့္ တာဝန္ရွိသူမ်ားက ေလ့လာ၍ လိုအပ္ခ်က္မ်ားစိစစ္ေတြ႕ရွိပါက အႀကံျပဳခ်က္၊ ျဖည့္စြက္ခ်က္မ်ားျပဳလုပ္ကာ ေျမျပင္တြင္ အမွန္တကယ္လုပ္ငန္းလုပ္ေဆာင္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

၎ေနာက္ ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕ ဥကၠဌ ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္မွ နိဂုံးခ်ဳပ္စကားေျပာၾကားသြားေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ (ျပန္/ဆက္) ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ - ၂၉ ရက် မွန်းလွှဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ အစည်းအဝေးခန်းမ(၁)၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ ဥက္ကဌ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဆွေးနွေးရာ လုပ်ငန်းနှင့်ပတ်သက်၍ သတင်းရယူတည်ဆောက်ခြင်း၊ စခန်းသွင်းစစ်ဆေးခြင်း၊ ယာဉ်တင်စစ်ဆေးခြင်းတို့ကို အဖွဲ့အစည်းများဖြင့် စစ်ဆေးခြင်း၊ လုံခြုံရေးသတင်းအဖွဲ့ နှင့် ဆက်သွယ်ခြင်း၊ သတင်းပေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ တဖက်သတင်းပေးအဖွဲ့မှ ဖော်ထုတ်မှုများကို စောင့်ကြည့်ဖမ်းဆီးခြင်း၊   လွှတ်တော်ကိုယ်စားလှယ်များနှင့် အာဏာပိုင်အဖွဲ့အစည်းများက သတင်းရယူ တည်ဆောက်ခြင်း၊ ရှောင်ကွင်းလမ်းများ စစ်ဆေးခြင်း၊ မန္တလေး ၁၆ မိုင်နှင့် မူဆယ် ၁၀၅ မိုင်ဂိတ်တို့နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသွားကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တင်ပြဆွေးနွေးရာ ရှမ်းပြည်နယ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ မူဆယ်တာဝန်ခံ ဦးတင်ရဲဝင်းက ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ပထမအကြိမ်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်မှု နယ်မြေအတွင်းတွင် ရှိသော မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်အပါအဝင် နယ်စပ်ကုန်သွယ်မှုများအပါအဝင် တရားမဝင်ကုန်သွယ်မှုများ တားဆီးနိုင်ရေးခေါ်ယူပြုလုပ်သည့်အစည်းအဝေးဖြစ်ပါကြောင်း၊ တရားမဝင်ကုန်သွယ် မှု သုံးမျိုးရှိပါကြောင်း၊ လိုင်စင်(ID) တနည်းအားဖြင့် စာရွက်စာတမ်းအထောက်အထား မပါရှိဘဲ ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း၊ လိုင်စင်(ID) ပါရှိသော်လည်း ကုန်ပစ္စည်းများ ကွဲလွဲစွာ ပိုမိုသယ်ဆောင်ခြင်း၊ တန်ဖိုးကို လျော့ပြ၍ အခွန်ပေးဆောင်ပြီး နိုင်ငံတော်အခွန် နစ်နာအောင် တရားမဝင်သယ်ဆောင်ခြင်း၊ လုပ်ငန်းစီမံချက်များကိုလည်း တစ်ပတ်အတွင်းတင်ပြနိုင်ရန် တာဝန်ပေးအပ်ထားကြောင်း၊ ရေးဆွဲထားသည့် စီမံချက်(မူကြမ်း)အပေါ် ပြည်နယ် အဆင့် တာဝန်ရှိသူများက လေ့လာ၍ လိုအပ်ချက်များစိစစ်တွေ့ရှိပါက အကြံပြုချက်၊ ဖြည့်စွက်ချက်များပြုလုပ်ကာ မြေပြင်တွင် အမှန်တကယ်လုပ်ငန်းလုပ်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းနောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ ဥက္ကဌ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်မှ နိဂုံးချုပ်စကားပြောကြားသွားကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် (ပြန်/ဆက်) ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 48 guests and no members online