ရှမ်းပြည်နယ်သတင်းများ

ပၪၥမအႀကိမ္သူနာျပဳ- သားဖြားဒီပလိုမာ (၃)ႏွစ္သင္တန္း ဒီပလိုမာေအာင္လက္မွတ္အပ္ႏွင္းပြဲက်င္းပ

ေတာင္ႀကီး ေအာက္တိုဘာ -  ၃၀

201

အပါတ္စဥ္(၄၁) ပၪၥမအႀကိမ္ သူနာျပဳသင္တန္းေက်ာင္း၊ သူနာျပဳ- သားဖြားဒီပလိုမာ (၃)ႏွစ္သင္တန္း ဒီပလိုမာ ေအာင္လက္မွတ္အပ္ႏွင္းပြဲကို ေအာက္တိုဘာ ၃၀ ရက္နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌က်င္းပသည္။

အဆိုပါသင္တန္းဆင္းပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေဆးသိပၸံ ပညာရပ္မ်ား ကၽြမ္းက်င္တတ္ေျမာက္႐ုံသာမက မိမိႏိုင္ငံႏွင့္ မိမိလူမ်ိဳးအက်ိဳး စီးပြားျဖစ္ထြန္းေရးအတြက္ ႀကိဳးပမ္း ေဆာင္႐ြက္လိုသည့္ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈအျပင္ ျပည္သူမ်ားအေပၚ က်န္းမာေရးေစာင့္ေရွာက္မႈေပးရာတြင္ ထားရွိအပ္ေသာ ေစတနာ၊ စိတ္ထား၊ က်င့္ဝတ္တို႔ကိုပါ အေလးထားေဖာ္ေဆာင္ေပးၿပီး သင္႐ိုးၫႊန္းတမ္းမ်ားကို ေရးဆြဲ ႏိုင္ခဲ့သည့္ သင္႐ႈိးၫႊန္းတမ္းမ်ားအတိုင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနပါေၾကာင္း၊ သူနာျပဳမ်ား၏ အခန္းက႑တြင္ က်န္းမာေရးလူ႕စြမ္းအားအရင္းအျမစ္ ဦးစီးဌာနေအာက္၌ သူနာျပဳတကၠသိုလ္ ၂ ခုႏွင့္ သူနာျပဳသားဖြားသင္တန္းေက်ာင္း ၄၆ ေက်ာင္းအထိတိုးျမႇင့္ဖြင့္လွစ္ေပးထားၿပီး၊ သူနာျပဳမဟာသိပၸံ ဘြဲ႕လြန္သင္တန္း ၉ လ အထူးျပဳဒီပလိုမာသင္တန္းမ်ားကိုလည္း သူနာျပဳတကၠသိုလ္ ၂ ခုလုံးတြင္ ဖြင့္လွစ္သင္ၾကားေပးႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း၊ သူနာျပဳသားဖြားဒီပလိုမာေအာင္လက္မွတ္ရ ေမာင္မယ္တို႔အား မွာၾကားလိုသည္မွာ သူနာျပဳအတတ္ပညာမ်ားကို ကၽြမ္းက်င္တတ္ေျမာက္ေအာင္ ကိုယ္စြမ္း၊ ဉာဏ္စြမ္း စိုက္ထုတ္ၿပီး ဆက္လက္ေလ့လာဆည္းပူးၾကရန္၊ မိမိတို႔ကၽြမ္းက်င္ရာ သူနာျပဳစုျခင္းႏွင့္အတူ ကမၻာအရပ္ရပ္က အသိပညာ၊ အတတ္ပညာတို႔ကိုလည္း တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ားကို ျဖန္႔ျဖဴးေဝငွေပးၾကရန္၊ အမ်ိဳးသား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ကိုယ္စြမ္း၊ ဉာဏ္စြမ္းရွိသမၽွ က်ရာအခန္းက႑က တက္တက္ႂကြႂကြပါဝင္ေဆာင္႐ြက္ ၾကရန္ႏွင့္ တိုးတက္ေနေသာ ကမၻာ့ေဆးပညာရပ္နယ္ပယ္မ်ားကို အၿမဲတေစ ႏွံ႔စပ္ေအာင္ေလ့လာၾကရန္ ၊ ဒီပလိုမာ ေအာင္လက္မွတ္ရၿပီး လုပ္ငန္းခြင္အသီးသီးကိုဝင္သည့္အခါ ႏိုင္ငံေတာ္၏ ေက်းဇူးသစၥာကို အစဥ္ထာဝရေစာင့္သိ႐ိုေသၾကရန္ ျပည္သူလူထုႏွင့္ ဆက္ဆံရာတြင္ ေမတၱာ၊ ေစတနာအရင္းခံၿပီး ျပည္သူႏွင့္တစ္သားတည္းျဖစ္ေအာင္ ဆက္ဆံၾကရန္၊ အဓိကအေနျဖင့္ မိမိတို႔ ရွမ္းျပည္နယ္ႏွင့္ အမိေက်ာင္းေတာ္ႀကီး၏ ဂုဏ္သိကၡာကို အစဥ္ျမႇင့္တင္ေပးၾကရန္ အေလးအနက္ထားမွာၾကားလိုေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ျပည္နယ္ကုသေရးႏွင့္ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ သူဇာခ်စ္တင္က သင္တန္းသူ/သင္တန္းသားမ်ားအား သင္တန္းဆင္းအမွာစကားေျပာၾကားၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက ဒီပလိုမာေအာင္လက္မွတ္ ရယူၾကမည့္ သင္တန္းသား/သင္တန္းသူမ်ားအား ရင္းႏွီးစြာႏႈတ္ဆက္အားေပးစကားေျပာၾကားခဲ့ေၾကာင္းသိရွိရသည္။

 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပဉ္စမအကြိမ်သူနာပြု- သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ -  ၃၀

အပါတ်စဉ်(၄၁) ပဉ္စမအကြိမ် သူနာပြုသင်တန်းကျောင်း၊ သူနာပြု- သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို အောက်တိုဘာ ၃၀ ရက်နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆေးသိပ္ပံ ပညာရပ်များ ကျွမ်းကျင်တတ်မြောက်ရုံသာမက မိမိနိုင်ငံနှင့် မိမိလူမျိုးအကျိုး စီးပွားဖြစ်ထွန်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လိုသည့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပြင် ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ထားရှိအပ်သော စေတနာ၊ စိတ်ထား၊ ကျင့်ဝတ်တို့ကိုပါ အလေးထားဖော်ဆောင်ပေးပြီး သင်ရိုးညွှန်းတမ်းများကို ရေးဆွဲ နိုင်ခဲ့သည့် သင်ရှိုးညွှန်းတမ်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ သူနာပြုများ၏ အခန်းကဏ္ဍတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်၌ သူနာပြုတက္ကသိုလ် ၂ ခုနှင့် သူနာပြုသားဖွားသင်တန်းကျောင်း ၄၆ ကျောင်းအထိတိုးမြှင့်ဖွင့်လှစ်ပေးထားပြီး၊ သူနာပြုမဟာသိပ္ပံ ဘွဲ့လွန်သင်တန်း ၉ လ အထူးပြုဒီပလိုမာသင်တန်းများကိုလည်း သူနာပြုတက္ကသိုလ် ၂ ခုလုံးတွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သူနာပြုသားဖွားဒီပလိုမာအောင်လက်မှတ်ရ မောင်မယ်တို့အား မှာကြားလိုသည်မှာ သူနာပြုအတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း စိုက်ထုတ်ပြီး ဆက်လက်လေ့လာဆည်းပူးကြရန်၊ မိမိတို့ကျွမ်းကျင်ရာ သူနာပြုစုခြင်းနှင့်အတူ ကမ္ဘာအရပ်ရပ်က အသိပညာ၊ အတတ်ပညာတို့ကိုလည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ဖြန့်ဖြူးဝေငှပေးကြရန်၊ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကျရာအခန်းကဏ္ဍက တက်တက်ကြွကြွပါဝင်ဆောင်ရွက် ကြရန်နှင့် တိုးတက်နေသော ကမ္ဘာ့ဆေးပညာရပ်နယ်ပယ်များကို အမြဲတစေ နှံ့စပ်အောင်လေ့လာကြရန် ၊ ဒီပလိုမာ အောင်လက်မှတ်ရပြီး လုပ်ငန်းခွင်အသီးသီးကိုဝင်သည့်အခါ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို အစဉ်ထာဝရစောင့်သိရိုသေကြရန် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် မေတ္တာ၊ စေတနာအရင်းခံပြီး ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ဆက်ဆံကြရန်၊ အဓိကအနေဖြင့် မိမိတို့ ရှမ်းပြည်နယ်နှင့် အမိကျောင်းတော်ကြီး၏ ဂုဏ်သိက္ခာကို အစဉ်မြှင့်တင်ပေးကြရန် အလေးအနက်ထားမှာကြားလိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သူဇာချစ်တင်က သင်တန်းသူ/သင်တန်းသားများအား သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒီပလိုမာအောင်လက်မှတ် ရယူကြမည့် သင်တန်းသား/သင်တန်းသူများအား ရင်းနှီးစွာနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

 

 

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 57 guests and no members online