ရှမ်းပြည်နယ်သတင်းများ

သိမ္းဆည္းေျမျပန္လည္စိစစ္ေရးလုပ္ငန္းေဆာင္႐ြက္မႈဆိုင္ရာ စြမ္းေဆာင္ရည္မ်ား ျပန္လည္သုံးသပ္ျခင္း၊ ျမႇင့္တင္ျခင္းဆိုင္ရာ အလုပ္႐ုံေဆြးေႏြး

ေတာင္ႀကီး ႏိုဝင္ဘာ - ၈

204

ရွမ္းျပည္နယ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ၏ သိမ္းဆည္း ေျမျပန္လည္စိစစ္ေရးလုပ္ငန္းေဆာင္႐ြက္မႈဆိုင္ရာ စြမ္းေဆာင္ရည္မ်ား ျပန္လည္သုံးသပ္ျခင္း၊ ျမႇင့္တင္ျခင္းဆိုင္ရာ ျပည္နယ္ အဆင့္ အလုပ္႐ုံေဆြးေႏြးပြဲကို ေအာက္တိုဘာ ၆ ရက္က ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌ က်င္းပ ေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္း ျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီမွ သိမ္းဆည္းေျမမ်ားအေပၚ စိစစ္ေဆာင္႐ြက္ႏိုင္ရန္ ခ်မွတ္ထားေသာ မူဝါဒမ်ား၊ လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ ေျမျပင္ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ား ပိုမို အဆင္ေျပေစရန္အတြက္ ႏိုင္ငံေတာ္ သမၼတ၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္တို႔၏ လမ္းၫႊန္မႈခံယူကာ ျပင္ဆင္ေဆာင္႐ြက္ခဲ့ၿပီး၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝးသို႔ အမွာစာေပးပို႔တင္ျပခဲ့ရာ သေဘာတူညီမႈရရွိခဲ့ၿပီး၊ ၂၀၁၈ ခုႏွစ္ မတ္လ ၂၁ ရက္ေန႔တြင္ လယ္ယာေျမႏွင့္ အျခားေျမမ်ားသိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီမွ ႏိုင္ငံေတာ္မွသိမ္းဆည္းထားသည့္ လယ္ယာေျမႏွင့္ အျခားေျမမ်ားကို မူလေျမပိုင္ရွင္မ်ားက ျပန္လည္ေလၽွာက္ထားသည့္ကိစၥရပ္ႏွင့္ စပ္လ်ဥ္းသည့္ မူဝါဒ (၁၀)ရပ္၊ တပ္ေျမ သိမ္းဆည္းမႈမ်ားႏွင့္ စပ္လ်ဥ္းသည့္ မူဝါဒ (၃)ရပ္၊ သိမ္းဆည္းေျမမ်ားကို ျပန္လည္ေပးအပ္ရန္ ေလၽွာက္ထားလာျခင္းႏွင့္ စပ္လ်ဥ္း၍ စိစစ္ရန္ အခ်က္(၄)ခ်က္၊ စြန္႔လႊတ္ႏိုင္ျခင္းမရွိသည့္ သိမ္းဆည္းေျမမ်ားႏွင့္ စပ္လ်ဥ္း၍ စိစစ္ရန္ အခ်က္(၅)ခ်က္၊ သိမ္းဆည္းထားသည့္ဌာနမွ စြန္႔လႊတ္သည့္ေျမမ်ားႏွင့္စပ္လ်ဥ္း၍ စိစစ္ရန္အခ်က္(၆)ခ်က္၊ စြန္႔လႊတ္သည့္ေျမမ်ား သက္ဆိုင္သူ လက္ဝယ္အျမန္ေရာက္ရွိေရး လုပ္ငန္းစဥ္(၉)ရပ္၊ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး/ျပည္နယ္ေကာ္မတီမ်ားမွ အေလးထား ေဆာင္႐ြက္ရန္ အခ်က္(၁၅)ခ်က္စသည့္ မူဝါဒလုပ္ငန္းစဥ္ (၅၂)ခ်က္ကို ခ်မွတ္ထားရွိၿပီးျဖစ္ေၾကာင္း အဖြင့္အမွာစကား၌ ထည့္သြင္းေျပာၾကားသြားသည္။

ယခုျပဳလုပ္သည့္အလုပ္႐ုံေဆြးေႏြးပြဲမွ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ားႏွင့္ ပတ္သက္ၿပီး စိစစ္ေျဖရွင္းေဆာင္႐ြက္ရာတြင္ ေကာ္မတီအဆင့္ဆင့္၏ လုပ္ငန္းမ်ား၊ ထိေရာက္ေအာင္ျမင္မႈအားေကာင္းေစေရးႏွင့္ ေတြ႕ႀကဳံ ရသည့္ေျမယာျပႆနာအခက္အခဲမ်ားကို စိစစ္ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္မည့္ စံနမူနာအျဖစ္ ကိုးကားရေသာ တည္ဆဲေျမယာ ဥပေဒမ်ားႏွင့္ ညီၫႊတ္ေသာ အေျခခံေကာင္းမ်ားရရွိေစေရးအတြက္ ဗဟိုေကာ္မတီမွ ခ်မွတ္ထားရွိခဲ့ၿပီးျဖစ္ေသာ မူဝါဒ လုပ္ငန္းစဥ္မ်ား တည္ဆဲေျမယာဥပေဒ၊ နည္းဥပေဒမ်ား၊ လုပ္ထုံးလုပ္နည္း၊ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ပြင့္ပြင့္လင္းလင္း ၫွိႏႈိင္းေဆာင္႐ြက္ေပးၾကရန္ ၎ကေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္က အမွာစကားေျပာၾကားၿပီး စုေပါင္းဓါတ္ပုံမွတ္တမ္းတင္ ႐ိုက္ကူးၾကကာ အဆိုပါအခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ လႊတ္ေတာ္အဆင့္ဆင့္တို႔မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ ျပည္နယ္ေျမ/စစ္ေကာ္မတီဝင္မ်ား၊ ေျမယာမ႑ိဳင္အဖြဲ႕မွ ကိုယ္စားလွယ္ေတာ္ႀကီးမ်ား၊ ခ႐ိုင္/ၿမိဳ႕နယ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ေကာ္မတီဝင္မ်ား တက္ေရာက္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

 

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သိမ်းဆည်းမြေပြန်လည်စိစစ်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်များ ပြန်လည်သုံးသပ်ခြင်း၊ မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေး

တောင်ကြီး နိုဝင်ဘာ - ၈

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ သိမ်းဆည်း မြေပြန်လည်စိစစ်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်များ ပြန်လည်သုံးသပ်ခြင်း၊ မြှင့်တင်ခြင်းဆိုင်ရာ ပြည်နယ် အဆင့် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၆ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ သိမ်းဆည်းမြေများအပေါ် စိစစ်ဆောင်ရွက်နိုင်ရန် ချမှတ်ထားသော မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြေပြင်တွေ့ကြုံရသည့် အခက်အခဲများ ပိုမို အဆင်ပြေစေရန်အတွက် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်မှုခံယူကာ ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ အမှာစာပေးပို့တင်ပြခဲ့ရာ သဘောတူညီမှုရရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ နိုင်ငံတော်မှသိမ်းဆည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလမြေပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့်ကိစ္စရပ်နှင့် စပ်လျဉ်းသည့် မူဝါဒ (၁၀)ရပ်၊ တပ်မြေ သိမ်းဆည်းမှုများနှင့် စပ်လျဉ်းသည့် မူဝါဒ (၃)ရပ်၊ သိမ်းဆည်းမြေများကို ပြန်လည်ပေးအပ်ရန် လျှောက်ထားလာခြင်းနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက်(၄)ချက်၊ စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက်(၅)ချက်၊ သိမ်းဆည်းထားသည့်ဌာနမှ စွန့်လွှတ်သည့်မြေများနှင့်စပ်လျဉ်း၍ စိစစ်ရန်အချက်(၆)ချက်၊ စွန့်လွှတ်သည့်မြေများ သက်ဆိုင်သူ လက်ဝယ်အမြန်ရောက်ရှိရေး လုပ်ငန်းစဉ်(၉)ရပ်၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ကော်မတီများမှ အလေးထား ဆောင်ရွက်ရန် အချက်(၁၅)ချက်စသည့် မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်ကို ချမှတ်ထားရှိပြီးဖြစ်ကြောင်း အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားသည်။

ယခုပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲမှ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများနှင့် ပတ်သက်ပြီး စိစစ်ဖြေရှင်းဆောင်ရွက်ရာတွင် ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းများ၊ ထိရောက်အောင်မြင်မှုအားကောင်းစေရေးနှင့် တွေ့ကြုံ ရသည့်မြေယာပြဿနာအခက်အခဲများကို စိစစ်ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် စံနမူနာအဖြစ် ကိုးကားရသော တည်ဆဲမြေယာ ဥပဒေများနှင့် ညီညွှတ်သော အခြေခံကောင်းများရရှိစေရေးအတွက် ဗဟိုကော်မတီမှ ချမှတ်ထားရှိခဲ့ပြီးဖြစ်သော မူဝါဒ လုပ်ငန်းစဉ်များ တည်ဆဲမြေယာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆောင်ရွက်ပေးကြရန် ၎င်းကပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်က အမှာစကားပြောကြားပြီး စုပေါင်းဓါတ်ပုံမှတ်တမ်းတင် ရိုက်ကူးကြကာ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ လွှတ်တော်အဆင့်ဆင့်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်မြေ/စစ်ကော်မတီဝင်များ၊ မြေယာမဏ္ဍိုင်အဖွဲ့မှ ကိုယ်စားလှယ်တော်ကြီးများ၊ ခရိုင်/မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဝင်များ တက်ရောက်ကြကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 64 guests and no members online