ရှမ်းပြည်နယ်သတင်းများ

လမ္းအသုံးျပဳသူမ်ား ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ကင္းရွင္းေရး အသိပညာေပးေဟာေျပာ

ေတာင္ႀကီး ႏိုဝင္ဘာ - ၈

205

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ လမ္းၫႊန္မႈျဖင့္ အမွတ္ (၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ (ရွမ္း/ေတာင္)၊ FXB Myanmar ႏွင့္ (NEPAS) တို႔ပူးေပါင္းေဆာင္႐ြက္ေသာ လမ္းအသုံးျပဳသူမ်ား ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ကင္းရွင္းေရး အသိပညာေပးေဟာေျပာပြဲကို ႏိုဝင္ဘာ ၆ ရက္ ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က ေဟာေျပာပြဲသို႔ တက္ေရာက္လာၾက ေသာ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၊ ေက်ာင္းသူ/ေက်ာင္းသားမ်ားအားလုံး သိရွိထားၾကသည့္အတိုင္း ယခုအခါ ကမၻာႏွင့္အဝွမ္း ယာဥ္မေတာ္တဆမႈမ်ိဳးစုံေၾကာင့္ ေန႔စဥ္ႏွင့္အမၽွ လူအမ်ားအျပားထိခိုက္ဒဏ္ရာရ ေသေၾကပ်က္စီး ဆုံး႐ႈံးေနမႈကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ခ႐ိုင္/ ၿမိဳ႕နယ္အလိုက္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ခ်ိဳးေဖာက္မႈမ်ား ကို ယာဥ္ထိန္းရဲတပ္ဖြဲ႕၊ အာဏာပိုင္အဖြဲ႕အစည္း၊ ဦးစီးဌာနဝန္ထမ္းမ်ားပါဝင္ေသာ ပူးေပါင္းစစ္ဆင္ေရးအဖြဲ႕မ်ားျဖင့္ ေန႔စဥ္ (သို႔မဟုတ္) ရက္ျခားစစ္ေဆးအေရးယူျခင္း၊ ခ႐ိုင္/ၿမိဳ႕နယ္အတြင္းသာမက ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ပူးေပါင္းစစ္ဆင္ေရးအဖြဲ႕မ်ားျဖင့္ ေရွာင္တခင္ရပ္တန္႔စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း၊ စစ္ေဆးအေရးယူမႈ မ်ား၊ ပညာေပးေဆာင္႐ြက္မႈမ်ား စဥ္ဆက္မျပတ္ေဆာင္႐ြက္ေနေသာ္လည္း ယာဥ္တိုက္မႈ၊ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ ေသဆုံးပ်က္စီးမႈမ်ားမွာ ျဖစ္ပြားလ်က္ရွိေနသည္ကို ျမင္ေတြ႕ရမွာ ျဖစ္ေၾကာင္း၊ အမ်ားျပည္သူမ်ား ယာဥ္အႏၲရာယ္ ကင္းရွင္းေရးအတြက္ ေဆာင္႐ြက္ရာတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕ႏွင့္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတို႔တြင္သာ တာဝန္ရွိသည္ဟု မမွတ္ယူဘဲ အျခားဌာနဆိုင္ရာအသီးသီးႏွင့္ အစိုးရအဖြဲ႕ မဟုတ္ေသာ လူမႈေရးအဖြဲ႕အစည္းမ်ားမွ ပူးေပါင္းေဆာင္႐ြက္သြားၾကရန္ႏွင့္ ျပည္သူတစ္ရပ္လုံးကလည္း ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလိုက္နာျခင္းျဖင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ လမ္းအသုံးျပဳသူမ်ား ယာဥ္အႏၲရာယ္ကင္းရွင္းေရးစီမံခ်က္ႏွင့္ အသိပညာေပးတစ္ခန္းရပ္ ျပဇာတ္အေၾကာင္းကို FXB Myanmar Country Director ေဒါက္တာ ေဒၚခ်ိဳခ်ိဳမာေက်ာ္မွ ရွင္းလင္းေျပာၾကားၿပီး FXB Myanmar လူငယ္ေလးမ်ားမွ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းႏွင့္ပတ္သက္ေသာ တစ္ခန္းရပ္ျပဇာတ္ျဖင့္ တင္ဆက္ေဖ်ာ္ေျဖကာ အမွတ္(၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ (ရွမ္း/ေတာင္)မွ ကေလးသူငယ္ မ်ား၏ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေတးသ႐ုပ္ေဖာ္ျဖင့္ တင္ဆက္ေဖ်ာ္ေျဖၾကေၾကာင္းႏွင့္ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕မွေပးအပ္ေသာ အလႉေငြက်ပ္ တစ္သိန္းစီကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္မွ ေပးအပ္ ခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

 

ခ႐ိုင္ (ျပန္/ဆက္)ဦးစီးဌာန

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြော

တောင်ကြီး နိုဝင်ဘာ - ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း/တောင်)၊ FXB Myanmar နှင့် (NEPAS) တို့ပူးပေါင်းဆောင်ရွက်သော လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၆ ရက် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ဟောပြောပွဲသို့ တက်ရောက်လာကြ သော သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသူ/ကျောင်းသားများအားလုံး သိရှိထားကြသည့်အတိုင်း ယခုအခါ ကမ္ဘာနှင့်အဝှမ်း ယာဉ်မတော်တဆမှုမျိုးစုံကြောင့် နေ့စဉ်နှင့်အမျှ လူအများအပြားထိခိုက်ဒဏ်ရာရ သေကြေပျက်စီး ဆုံးရှုံးနေမှုကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ခရိုင်/ မြို့နယ်အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများ ကို ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အာဏာပိုင်အဖွဲ့အစည်း၊ ဦးစီးဌာနဝန်ထမ်းများပါဝင်သော ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် နေ့စဉ် (သို့မဟုတ်) ရက်ခြားစစ်ဆေးအရေးယူခြင်း၊ ခရိုင်/မြို့နယ်အတွင်းသာမက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ရှောင်တခင်ရပ်တန့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆေးအရေးယူမှု များ၊ ပညာပေးဆောင်ရွက်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်နေသော်လည်း ယာဉ်တိုက်မှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးပျက်စီးမှုများမှာ ဖြစ်ပွားလျက်ရှိနေသည်ကို မြင်တွေ့ရမှာ ဖြစ်ကြောင်း၊ အများပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့တွင်သာ တာဝန်ရှိသည်ဟု မမှတ်ယူဘဲ အခြားဌာနဆိုင်ရာအသီးသီးနှင့် အစိုးရအဖွဲ့ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ပြည်သူတစ်ရပ်လုံးကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသွားသည်။

ဆက်လက်၍ လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးစီမံချက်နှင့် အသိပညာပေးတစ်ခန်းရပ် ပြဇာတ်အကြောင်းကို FXB Myanmar Country Director ဒေါက်တာ ဒေါ်ချိုချိုမာကျော်မှ ရှင်းလင်းပြောကြားပြီး FXB Myanmar လူငယ်လေးများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သော တစ်ခန်းရပ်ပြဇာတ်ဖြင့် တင်ဆက်ဖျော်ဖြေကာ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း/တောင်)မှ ကလေးသူငယ် များ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတေးသရုပ်ဖော်ဖြင့် တင်ဆက်ဖျော်ဖြေကြကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှပေးအပ်သော အလှူငွေကျပ် တစ်သိန်းစီကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်မှ ပေးအပ် ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် (ပြန်/ဆက်)ဦးစီးဌာန

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 41 guests and no members online