ရှမ်းပြည်နယ်သတင်းများ

ျမန္မာႏိုင္ငံအတြက္ ပထမဦးဆုံး လူထုမီးဖိုေဆာင္ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ - ၉

206

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပုံးၿမိဳ႕နယ္၊ ေနာင္ေတာင္းပရဟိတတပ္ဦးဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း ၌ ႏိုဝင္ဘာ ၉ ရက္ နံနက္ ၈ နာရီခြဲက ျမန္မာႏိုင္ငံအတြက္ ပထမဦးဆုံး လူထုမီးဖိုေဆာင္ဖြင့္ပြဲက်င္းပရာ ေနာင္ေတာင္း ပရဟိတတပ္ဦးဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း ဆရာေတာ္ ဦးရာဇိႏၵသီရိက က ဝမ္းေျမာက္စကား ႁမြက္ၾကားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က လူထုမီးဖိုေဆာင္ဟု ျမန္မာလိုအမည္ေပး ထားေသာ Community Kitchen သည္ အိမ္ရွင္မမ်ားကို မ်ားစြာအေထာက္အပံ့ျဖစ္ေစသည့္အျပင္ သဘာဝပတ္ဝန္းက်င္ ကိုပါ ထိန္းသိမ္းေစာင့္ေရွာက္ရာေရာက္သည့္ အစီအစဥ္ေကာင္းတစ္ခုျဖစ္၍ ဝမ္းေျမာက္စြာႀကိဳဆိုပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးစတင္သည့္ Community Kitchen ကို ရွမ္းျပည္နယ္တြင္ အေကာင္အထည္ေဖာ္ရန္ေ႐ြးခ်ယ္ေဆာင္႐ြက္ခဲ့ျခင္း အတြက္ ရွမ္းျပည္နယ္ျပည္သူလူထုကိုယ္စား ဂုဏ္ယူရပါေၾကာင္း၊ လူထုမီးဖိုေဆာင္၏ အက်ိဳးသက္ေရာက္မႈသည္ အင္မတန္ ႀကီးမားမည္ဟုယုံၾကည္ပါေၾကာင္း၊ အိမ္ရွင္မတစ္ေယာက္ထင္းတစ္ေခ်ာင္းခုတ္ယူမႈေလ်ာ့နည္းသြားပါက ေတာထဲရွိသင္ပင္ အတြက္ သက္သာရာရမည္ျဖစ္ၿပီး သစ္ပင္မ်ားအခုတ္ခံရသက္သာသျဖင့္ သစ္ေတာမ်ားအတြက္ ေဂဟစနစ္ကိုလည္း ထိန္းသိမ္းေစာင့္ေရွာက္ရာေရာက္ပါေၾကာင္း၊ ထင္းခုတ္ထင္းသယ္ရသည့္အခ်ိန္ႏွင့္ လူပင္ပန္းမႈမ်ားသည္လည္း အမ်ားႀကီး သက္သာသြားမည္ျဖစ္ၿပီး၊ ထင္းႏွင့္ခ်က္ျပဳတ္ျခင္းေၾကာင့္ ရရွိလာေသာ အသက္႐ႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားကိုလည္း ေလ်ာ့ပါးကင္းစင္သြားမည္ျဖစ္၍ အက်ိဳးသက္ေရာက္မႈႀကီးမားမည္ဟု ဆိုႏိုင္ပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအေနျဖင့္လည္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းသည့္အေနျဖင့္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ စြမ္းအားျမႇင့္မီးဖိုမ်ားကို ျပည္သူမ်ားအသုံးျပဳႏိုင္ရန္အတြက္ ေတာင္ႀကီးခ႐ိုင္တြင္ (၁၂၅) လုံး၊ လြိဳင္လင္ခ႐ိုင္တြင္ (၇၅) လုံး၊ လင္းေခးခ႐ိုင္တြင္ (၅၀) လုံး၊ ဒုျပည္နယ္လား႐ႈိးတြင္ (၁၀၀)လုံး၊ ဒုျပည္နယ္က်ိဳင္းတုံတြင္(၁၀၀)လုံး၊ စုစုေပါင္း(၄၅၀)လုံးကို ျဖန္႔ေဝေပးႏိုင္ခဲ့ေၾကာင္း ေျပာၾကားသြားသည္။

ယေန႔ဖြင့္လွစ္ႏိုင္ခဲ့သည့္ လူထုမီးဖိုေဆာင္ကို တိုင္းရင္းသားျပည္သူမ်ား ကာလတစ္ခုအတြင္း အခမဲ့သုံးစြဲႏိုင္မည္ ျဖစ္သည့္အျပင္အသုံးျပဳရာတြင္ လြယ္ကူအဆင္ေျပေစရန္ စီစဥ္ေဆာင္႐ြက္ထားၿပီးျဖစ္၍ မိမိတို႔ေရွး႐ိုးအတိုင္းသုံးစြဲေနၾကသည့္ ထင္းေလာင္စာအစား လူထုမီးဖိုေဆာင္တြင္ လာေရာက္ခ်က္ျပဳတ္ၾကပါရန္ႏွင့္ မိမိတို႔၏ က်န္းမာေရး၊ လူမႈေရးအတြက္ပါ အေထာက္အကူျဖစ္ေစသည့္အျပင္ သဘာဝပတ္ဝန္းက်င္ကိုလည္း ထိန္းသိမ္းရာေရာက္ေစေသာ LPG ေရနံသဘာဝ ဓါတ္ေငြ႕ရည္ကို အစားထိုးသုံးစြဲၾကရန္ အႀကံျပဳလိုေၾကာင္း ၎ကေျပာၾကားသြားသည္။

ဆက္လက္၍ ကမၻာလုံးဆိုင္ရာ LPG အဖြဲ႕၏ Cooking For Life မွ Mrs. Alison Abbott က ကမၻာလုံးဆိုင္ရာ အျမင္ႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားကာ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးၫိုက အမွာစကားေျပာၾကားၿပီး၊ ပါရမီစြမ္းအင္ကုမၸဏီမ်ားအုပ္စုမွ အမႈေဆာင္အရာရွိခ်ဳပ္ ဦးျပည့္ဝထြန္းက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကား၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသည့္ဧည့္သည္ေတာ္မ်ားကို ေနရာအေရာက္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ၾကသည္။

ထို႔ေနာက္ လူထုမီးဖိုေဆာင္ Community Kitchen ကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးၫို၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္၊ Mrs. Alison Abbott၊ ပါရမီစြမ္းအင္ကုမၸဏီမ်ားအုပ္စုမွ အမႈေဆာင္အရာရွိခ်ဳပ္ ဦးျပည့္ဝထြန္း တို႔ႏွင့္ တာဝန္ရွိသူတို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကၿပီး၊ တက္ေရာက္လာသူပရိတ္သက္မ်ားက လူထုမီးဖိုေဆာင္ Community Kitchen တြင္ လက္ေတြ႕ခ်က္ျပဳတ္ျခင္းကို လွည့္လည္ၾကည့္႐ႈၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာနိုင်ငံအတွက် ပထမဦးဆုံး လူထုမီးဖိုဆောင်ဖွင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၉

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၌ နိုဝင်ဘာ ၉ ရက် နံနက် ၈ နာရီခွဲက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး လူထုမီးဖိုဆောင်ဖွင့်ပွဲကျင်းပရာ နောင်တောင်း ပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် ဦးရာဇိန္ဒသီရိက က ဝမ်းမြောက်စကား မြွက်ကြားကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လူထုမီးဖိုဆောင်ဟု မြန်မာလိုအမည်ပေး ထားသော Community Kitchen သည် အိမ်ရှင်မများကို များစွာအထောက်အပံ့ဖြစ်စေသည့်အပြင် သဘာဝပတ်ဝန်းကျင် ကိုပါ ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည့် အစီအစဉ်ကောင်းတစ်ခုဖြစ်၍ ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင်သည့် Community Kitchen ကို ရှမ်းပြည်နယ်တွင် အကောင်အထည်ဖော်ရန်ရွေးချယ်ဆောင်ရွက်ခဲ့ခြင်း အတွက် ရှမ်းပြည်နယ်ပြည်သူလူထုကိုယ်စား ဂုဏ်ယူရပါကြောင်း၊ လူထုမီးဖိုဆောင်၏ အကျိုးသက်ရောက်မှုသည် အင်မတန် ကြီးမားမည်ဟုယုံကြည်ပါကြောင်း၊ အိမ်ရှင်မတစ်ယောက်ထင်းတစ်ချောင်းခုတ်ယူမှုလျော့နည်းသွားပါက တောထဲရှိသင်ပင် အတွက် သက်သာရာရမည်ဖြစ်ပြီး သစ်ပင်များအခုတ်ခံရသက်သာသဖြင့် သစ်တောများအတွက် ဂေဟစနစ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာရောက်ပါကြောင်း၊ ထင်းခုတ်ထင်းသယ်ရသည့်အချိန်နှင့် လူပင်ပန်းမှုများသည်လည်း အများကြီး သက်သာသွားမည်ဖြစ်ပြီး၊ ထင်းနှင့်ချက်ပြုတ်ခြင်းကြောင့် ရရှိလာသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း လျော့ပါးကင်းစင်သွားမည်ဖြစ်၍ အကျိုးသက်ရောက်မှုကြီးမားမည်ဟု ဆိုနိုင်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စွမ်းအားမြှင့်မီးဖိုများကို ပြည်သူများအသုံးပြုနိုင်ရန်အတွက် တောင်ကြီးခရိုင်တွင် (၁၂၅) လုံး၊ လွိုင်လင်ခရိုင်တွင် (၇၅) လုံး၊ လင်းခေးခရိုင်တွင် (၅၀) လုံး၊ ဒုပြည်နယ်လားရှိုးတွင် (၁၀၀)လုံး၊ ဒုပြည်နယ်ကျိုင်းတုံတွင်(၁၀၀)လုံး၊ စုစုပေါင်း(၄၅၀)လုံးကို ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။

ယနေ့ဖွင့်လှစ်နိုင်ခဲ့သည့် လူထုမီးဖိုဆောင်ကို တိုင်းရင်းသားပြည်သူများ ကာလတစ်ခုအတွင်း အခမဲ့သုံးစွဲနိုင်မည် ဖြစ်သည့်အပြင်အသုံးပြုရာတွင် လွယ်ကူအဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်၍ မိမိတို့ရှေးရိုးအတိုင်းသုံးစွဲနေကြသည့် ထင်းလောင်စာအစား လူထုမီးဖိုဆောင်တွင် လာရောက်ချက်ပြုတ်ကြပါရန်နှင့် မိမိတို့၏ ကျန်းမာရေး၊ လူမှုရေးအတွက်ပါ အထောက်အကူဖြစ်စေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်စေသော LPG ရေနံသဘာဝ ဓါတ်ငွေ့ရည်ကို အစားထိုးသုံးစွဲကြရန် အကြံပြုလိုကြောင်း ၎င်းကပြောကြားသွားသည်။

ဆက်လက်၍ ကမ္ဘာလုံးဆိုင်ရာ LPG အဖွဲ့၏ Cooking For Life မှ Mrs. Alison Abbott က ကမ္ဘာလုံးဆိုင်ရာ အမြင်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကားပြောကြားပြီး၊ ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုမှ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့်ဧည့်သည်တော်များကို နေရာအရောက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ထို့နောက် လူထုမီးဖိုဆောင် Community Kitchen ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ Mrs. Alison Abbott၊ ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုမှ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်း တို့နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ တက်ရောက်လာသူပရိတ်သက်များက လူထုမီးဖိုဆောင် Community Kitchen တွင် လက်တွေ့ချက်ပြုတ်ခြင်းကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 57 guests and no members online