ရှမ်းပြည်နယ်သတင်းများ

မီးပုံးပ်ံေလာင္ကၽြမ္း၍ ယမ္းေခြျပဳတ္က်မႈေၾကာင့္ ဒဏ္ရာရရွိသူ ႏွစ္ဦးအား ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ သြားေရာက္ၾကည့္႐ႈ

ေတာင္ႀကီး ႏိုဝင္ဘာ-၁၆

210

၂၀၁၈ခုႏွစ္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ ႏိုဝင္ဘာ(၁၄)ရက္ဖြင့္ပြဲ ည(၁၀)နာရီ (၅၀)မိနစ္က မဂၤလာဦးရပ္ကြက္ကိုယ္စားျပဳ ညမီးႀကီးအမ်ိဳးအစား အဖြဲ႕ေခါင္းေဆာင္ မ်ိဳးသန္႔(ခ) ဒီလုံး၏ ဓါတ္ခဲမီး မီးပုံးပ်ံေလာင္ကၽြမ္း၍ယမ္းေခြျပဳတ္က်မႈေၾကာင့္ ေနလင္းဆန္း(၂၄)ႏွစ္ (ဘ)ဦးဝင္းေ႐ႊ၊ ထုံးဖို ေက်း႐ြာ၊ ေအးသာယာၿမိဳ႕တြင္ ေနထိုင္သူသည္ တစ္ကိုယ္လုံးမီးေလာင္ဒဏ္ရာရရွိၿပီး (စိုးရိမ္ရ)ႏွင့္ ကိုေက်ာ္မင္းသူ (၂၅)ႏွစ္ (ဘ) ဦးရဲထြန္း၊ မေကြးၿမိဳ႕နယ္၊ ဖိုေဝး႐ြာတြင္ ေနထိုင္သူမွာ ဘယ္ေျခထိပ္ ဘယ္လက္ထိပ္ႏွင့္ ဆံပင္ မီးေလာင္ကၽြမ္း (မစိုးရိမ္ရ)တို႔ဒဏ္ရာရရွိေၾကာင္းသိရသည္။

စဝ္စံထြန္းေဆး႐ုံတြင္ ေဆးကုသမႈခံယူေနေသာ ဒဏ္ရာရရွိသူႏွစ္ဦးအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က ႏိုဝင္ဘာ ၁၅ ရက္ ည ၆ နာရီက သြားေရာက္ၾကည့္႐ႈၿပီး ေထာက္ပံ့ေငြမ်ား ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မီးပုံးပျံလောင်ကျွမ်း၍ ယမ်းခွေပြုတ်ကျမှုကြောင့် ဒဏ်ရာရရှိသူ နှစ်ဦးအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

တောင်ကြီး နိုဝင်ဘာ-၁၆

၂၀၁၈ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နိုဝင်ဘာ(၁၄)ရက်ဖွင့်ပွဲ ည(၁၀)နာရီ (၅၀)မိနစ်က မင်္ဂလာဦးရပ်ကွက်ကိုယ်စားပြု ညမီးကြီးအမျိုးအစား အဖွဲ့ခေါင်းဆောင် မျိုးသန့်(ခ) ဒီလုံး၏ ဓါတ်ခဲမီး မီးပုံးပျံလောင်ကျွမ်း၍ယမ်းခွေပြုတ်ကျမှုကြောင့် နေလင်းဆန်း(၂၄)နှစ် (ဘ)ဦးဝင်းရွှေ၊ ထုံးဖို ကျေးရွာ၊ အေးသာယာမြို့တွင် နေထိုင်သူသည် တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာရရှိပြီး (စိုးရိမ်ရ)နှင့် ကိုကျော်မင်းသူ (၂၅)နှစ် (ဘ) ဦးရဲထွန်း၊ မကွေးမြို့နယ်၊ ဖိုဝေးရွာတွင် နေထိုင်သူမှာ ဘယ်ခြေထိပ် ဘယ်လက်ထိပ်နှင့် ဆံပင် မီးလောင်ကျွမ်း (မစိုးရိမ်ရ)တို့ဒဏ်ရာရရှိကြောင်းသိရသည်။

စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒဏ်ရာရရှိသူနှစ်ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နိုဝင်ဘာ ၁၅ ရက် ည ၆ နာရီက သွားရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ခရိုင်ပြန်/ဆက်ဦးစီးဌာန

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 101 guests and no members online