ရှမ်းပြည်နယ်သတင်းများ

တိုင္းေဒသႀကီး/ျပည္နယ္ အသက္ (၁၉)ႏွစ္ေအာက္ အမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲက်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ - ၂၈

218

၂၀၁၈ ခုႏွစ္၊ တိုင္းေဒသႀကီး/ ျပည္နယ္ အသက္(၁၉)ႏွစ္ေအာက္ အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲကို ႏိုဝင္ဘာ ၁၁ ရက္ေန႔ ညေန ၃ နာရီက ေနျပည္ေတာ္၊ ဝဏၰသိဒၶိေလ့က်င့္ေရးအားကစားကြင္း၌ က်င္းပျပဳလုပ္ရာ ရွမ္းျပည္နယ္ အသင္းႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကရာ ရွမ္းျပည္နယ္အသင္းက ရန္ကုန္တိုင္း ေဒသႀကီးအသင္းကို ၂ ဂိုး ၁ ဂိုးျဖင့္ အႏိုင္ရဗိုလ္စြဲသြားေၾကာင္း သိရသည္။

ဆက္လက္၍ ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားတြင္ (ဂိုး)အေကာင္းဆုံးအားကစားဆုရရွိခဲ့သူ ရွမ္းျပည္နယ္ အသင္းမွ မေထြးေထြးခ်ိဳအား ျပည္သူ႕လႊတ္ေတာ္ဒုဥကၠဌ၏ ဇနီး ေဒၚရင္ေအးမွ ဆုတံဆိပ္ႏွင့္ ေငြသားဆုကို လည္းေကာင္း၊ ပြဲစဥ္တစ္ေလၽွာက္ အေကာင္းဆုံးအားကစားသမားဆုရရွိခဲ့သူ ရွမ္းျပည္နယ္အသင္းမွ နန္းဟြမ္လႈိင္း အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးမွ ဆုတံဆိပ္ႏွင့္ ေငြသားဆုကို လည္းေကာင္း၊ တတိယဆုရရွိခဲ့ေသာ မႏၲေလးတိုင္းေဒသႀကီးအသင္းအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္မွ ဆုတံဆိပ္ႏွင့္ ေငြသားဆုကို လည္းေကာင္း၊ ဒုတိယဆုရရွိခဲ့ေသာ ရန္ကုန္တိုင္းေဒသႀကီးအသင္းအား ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ တိုင္းေဒသႀကီး လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းမွ ဆုတံဆိပ္ႏွင့္ ေငြသားဆုကို လည္းေကာင္း၊ ပထမဆုရရွိခဲ့ေသာ ရွမ္းျပည္နယ္အသင္းအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယ ပညာေကာ္မတီ ဥကၠဌ ေဒါက္တာမ်ိဳးထြန္းမွ ဆုတံဆိပ္ႏွင့္ ေငြသားဆုႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္မွ တံခြန္စိုက္ဆုဖလားကိုလည္းေကာင္း ဆုမ်ားအသီးသီးေပးခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တိုင်းဒေသကြီး/ပြည်နယ် အသက် (၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၂၈

၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်း ဒေသကြီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် (ဂိုး)အကောင်းဆုံးအားကစားဆုရရှိခဲ့သူ ရှမ်းပြည်နယ် အသင်းမှ မထွေးထွေးချိုအား ပြည်သူ့လွှတ်တော်ဒုဥက္ကဌ၏ ဇနီး ဒေါ်ရင်အေးမှ ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သူ ရှမ်းပြည်နယ်အသင်းမှ နန်းဟွမ်လှိုင်း အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ တတိယဆုရရှိခဲ့သော မန္တလေးတိုင်းဒေသကြီးအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ ပထမဆုရရှိခဲ့သော ရှမ်းပြည်နယ်အသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယ ပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်းမှ ဆုတံဆိပ်နှင့် ငွေသားဆုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ဆုများအသီးသီးပေးခဲ့ကြောင်း သိရသည်။

 

အစရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 72 guests and no members online