ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးၿမိဳ႕၌ လူငယ္ေဘာလုံးပြဲေတာ္က်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ - ၂၉

220

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္လမ္းၫြန္မႈျဖင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၊ ျမန္မာေနရွင္နယ္လိဂ္၊ MPT၊ အေျခခံပညာဦးစီးဌာန အားကစားႏွင့္ကာယပညာဦးစီးဌာနတို႔ ပူးေပါင္းက်င္းပသည့္ ရွမ္းျပည္နယ္အဆင့္ ၂၀၁၈ ခုႏွစ္ MPT လူငယ္ေဘာလုံးပြဲေတာ္ႏွင့္ MPT အသက္ ၁၄ ႏွစ္ေအာက္ လူငယ္ေဘာလုံး ၿပိဳင္ပြဲဖြင့္ပြဲအခမ္းအနားကို ႏိုဝင္ဘာ ၂၅ ရက္ မြန္းလြဲ ၃ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္အားကစားကြင္း၌ က်င္းပ ျပဳလုပ္ေၾကာင္း သိရသည္။ 

အဆိုပါ အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းမွ အဖြင့္ အမွာစကားေျပာၾကားၿပီး ျမန္မာေနရွင္နယ္လိဂ္စီမံခန္႔ခြဲေရးအရာရွိခ်ဳပ္ ဦးဆူးေအာင္မွ ျမန္မာေဘာလုံးအားကစား အနာဂတ္တြင္ ေျခစြမ္းထက္ျမက္သည့္ လူငယ္မ်ိဳးဆက္သစ္လူငယ္ကစားသမားမ်ား ေပၚထြက္လာေစရန္ႏွင့္ ေက်ာင္းသားလူငယ္မ်ားအၾကားတြင္ က်န္းမာသန္စြမ္းေစေရးဆိုင္ရာမ်ား ရွင္းလင္းေျပာၾကားခဲ့သည္။

ဆက္လက္၍ MPT-Ksgm Joint Operations မွ Marketing Director ဦးခင္ေမာင္ျမင့္က ႏႈတ္ခြန္း ဆက္အမွာစကားေျပၾကားၿပီး ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္တာဝန္ရွိသူတို႔က ေဘာလုံးမ်ားအား ေဘာလုံးကြင္း အတြင္းသို႔ တၿပိဳင္ထဲကန္သြင္း၍ လူငယ္ေဘာလုံးပြဲေတာ္အား ဖြင့္လွစ္ေပးခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းႏွင့္ အဖြဲ႕ဝင္မ်ားသည္ MPT လူငယ္ေဘာလုံး ပြဲေတာ္ႏွင့္ MPT အသက္ ၁၄ ႏွစ္ေအာက္ လူငယ္ေဘာလုံးၿပိဳင္ပြဲ အားကစားသမားမ်ားႏွင့္ နည္းျပဆရာတို႔အား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

တောင်ကြီးမြို့၌ လူငယ်ဘောလုံးပွဲတော်ကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၂၉

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT၊ အခြေခံပညာဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ်အဆင့် ၂၀၁၈ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ အဖွင့် အမှာစကားပြောကြားပြီး မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်မှ မြန်မာဘောလုံးအားကစား အနာဂတ်တွင် ခြေစွမ်းထက်မြက်သည့် လူငယ်မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ကျောင်းသားလူငယ်များအကြားတွင် ကျန်းမာသန်စွမ်းစေရေးဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ MPT-Ksgm Joint Operations မှ Marketing Director ဦးခင်မောင်မြင့်က နှုတ်ခွန်း ဆက်အမှာစကားပြေကြားပြီး ပြည်နယ်လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူတို့က ဘောလုံးများအား ဘောလုံးကွင်း အတွင်းသို့ တပြိုင်ထဲကန်သွင်း၍ လူငယ်ဘောလုံးပွဲတော်အား ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် အဖွဲ့ဝင်များသည် MPT လူငယ်ဘောလုံး ပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ အားကစားသမားများနှင့် နည်းပြဆရာတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

အစရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 36 guests and no members online