ရှမ်းပြည်နယ်သတင်းများ

MPT အသက္ ၁၄ ႏွစ္ေအာက္ လူငယ္ေဘာလုံးၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ဒီဇင္ဘာ - ၆

224

ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၊ ျမန္မာေနရွင္နယ္လိဂ္ႏွင့္ MPT တို႔က အေျခခံပညာဦးစီးဌာန၊ အားကစားႏွင့္ ကာယပညာဦးစီးဌာနတို႔ႏွင့္ ပူးေပါင္းက်င္းပသည့္ ရွမ္းျပည္နယ္အဆင့္ ၂၀၁၈ ခုႏွစ္၊ MPT အသက္ ၁၄ ႏွစ္ေအာက္ လူငယ္ေဘာလုံးၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲကို ဒီဇင္ဘာ ၅ ရက္ မြန္းလႊဲ ၂ နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္အားကစားကြင္း၌ က်င္းပေၾကာင္း သိရသည္။

MPT အသက္ ၁၄ ႏွစ္ေအာက္ လူငယ္ေဘာလုံးၿပိဳင္ပြဲ ေနာက္ဆုံးဗိုလ္လုပြဲကို ေတာင္ႀကီးအသင္းႏွင့္ ကေလာအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကရာ ဂိုးမရွိ သေရရလဒ္ေၾကာင့္ ပယ္နယ္တီျဖင့္ ဆုံးျဖတ္ရာ ကေလာ အသင္းမွ ၄ ဂိုး၊ ၃ ဂိုးျဖင့္ အႏိုင္ရဗိုလ္စြဲသြားၿပီး၊ ဆုခ်ီးျမႇင့္ပြဲက်င္းပရာ MPT U-14 Football Tournament 2018 ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲစဥ္တြင္ တာဝန္ယူႀကီးၾကပ္ေဆာင္႐ြက္ ေပးသည့္ဒိုင္လူႀကီးမ်ားအား အသိ အမွတ္ျပဳဆုတံဆိပ္ ခ်ီးျမႇင့္ျခင္းႏွင့္ အေကာင္းဆုံး ေရွ႕တန္း၊ အလယ္တန္း၊ ေနာက္တန္း၊ ဂိုးအေကာင္းဆုံးဆု၊ ဂိုးအမ်ားဆုံးသြင္းယူဆု၊ အေကာင္းဆုံး အားကစားသမားရရွိသူမ်ားအား ဆုတံဆိပ္ႏွင့္ ေငြသားဆုမ်ားကို ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးထန္အိတ္ႏွင့္ MPT မွ တာဝန္ရွိသူ တို႔က ဆုခ်ီးျမႇင့္၍ လည္းေကာင္း၊ အသန္႔ရွင္းဆုံးရရွိသည့္ ပင္ေလာင္းအသင္းအား ဆုေၾကးေငြ (၂)သိန္းက်ပ္၊ တတိယဆုရွိသည့္ ဟိုပုံးအသင္းအား (၃)သိန္းက်ပ္ႏွင့္ တစ္ဦးခ်င္း ဆုတံဆိပ္မ်ားကို ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္ႏွင့္ ပရီမီယာ (ေကာ္ဖီမစ္)မွ တာဝန္ရွိသူတို႔က ဆုခ်ီးျမႇင့္၍ လည္း ေကာင္း၊ ဒုတိယဆုရရွိေသာ ေတာင္ႀကီးအသင္းအား (၅)သိန္းက်ပ္ႏွင့္ တစ္ဦးခ်င္းဆုတံဆိပ္မ်ားကို ျမန္မာ ေနရွင္နယ္လိဂ္ CEO ဦးစိုးမိုးေက်ာ္ႏွင့္ MPT/ JO မွ  COO မစၥတာ ယိုရွီယာကီဘန္နီႏိုတို႔က ဆုခ်ီးျမႇင့္ ေပး၍ လည္းေကာင္း၊ ပထမဆုရရွိေသာ ကေလာအသင္းအား တစ္ဦးခ်င္းဆုတံဆိပ္မ်ားကို ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္၊ ေငြသားက်ပ္ (၁၀)သိန္းကို MPT/ JO မွ COO မစၥတာ ယိုရွီယာကီဘန္နီႏိုႏွင့္ တံခြန္စိုက္ဆုဖလားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းတို႔က အသီးသီးဆုခ်ီးျမႇင့္ေပးၾကေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၆

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့က အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ်အဆင့် ၂၀၁၈ ခုနှစ်၊ MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၅ ရက် မွန်းလွှဲ ၂ နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို တောင်ကြီးအသင်းနှင့် ကလောအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိ သရေရလဒ်ကြောင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ ကလော အသင်းမှ ၄ ဂိုး၊ ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး၊ ဆုချီးမြှင့်ပွဲကျင်းပရာ MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် တာဝန်ယူကြီးကြပ်ဆောင်ရွက် ပေးသည့်ဒိုင်လူကြီးများအား အသိ အမှတ်ပြုဆုတံဆိပ် ချီးမြှင့်ခြင်းနှင့် အကောင်းဆုံး ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးအကောင်းဆုံးဆု၊ ဂိုးအများဆုံးသွင်းယူဆု၊ အကောင်းဆုံး အားကစားသမားရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထန်အိတ်နှင့် MPT မှ တာဝန်ရှိသူ တို့က ဆုချီးမြှင့်၍ လည်းကောင်း၊ အသန့်ရှင်းဆုံးရရှိသည့် ပင်လောင်းအသင်းအား ဆုကြေးငွေ (၂)သိန်းကျပ်၊ တတိယဆုရှိသည့် ဟိုပုံးအသင်းအား (၃)သိန်းကျပ်နှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်နှင့် ပရီမီယာ (ကော်ဖီမစ်)မှ တာဝန်ရှိသူတို့က ဆုချီးမြှင့်၍ လည်း ကောင်း၊ ဒုတိယဆုရရှိသော တောင်ကြီးအသင်းအား (၅)သိန်းကျပ်နှင့် တစ်ဦးချင်းဆုတံဆိပ်များကို မြန်မာ နေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်နှင့် MPT/ JO မှ  COO မစ္စတာ ယိုရှီယာကီဘန်နီနိုတို့က ဆုချီးမြှင့် ပေး၍ လည်းကောင်း၊ ပထမဆုရရှိသော ကလောအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ငွေသားကျပ် (၁၀)သိန်းကို MPT/ JO မှ COO မစ္စတာ ယိုရှီယာကီဘန်နီနိုနှင့် တံခွန်စိုက်ဆုဖလားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က အသီးသီးဆုချီးမြှင့်ပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 33 guests and no members online