ရှမ်းပြည်နယ်သတင်းများ

လက္နက္ကိုင္အဖြဲ႕အစည္း တစ္ဖြဲ႕မွ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရရွိသည့္လူနာမ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ သြားေရာက္ၾကည့္႐ႈေထာက္ပံ့ေငြေပးအပ္

ေတာင္ႀကီး ဒီဇင္ဘာ - ၁၂

227

လြိဳင္လင္ၿမိဳ႕နယ္၊ ေတာင္ေနာက္ေက်း႐ြာအုပ္စု၊ ဝမ့္နားေက်း႐ြာရွိ ေရထြက္သို႔ ဒီဇင္ဘာ ၁၁ ရက္ မြန္းလြဲ ၁ နာရီခြဲက ဦးေဇာ္ေအာင္၊ ေတာင္ေနာက္ေက်း႐ြာအုပ္စု၊ အငယ္တန္းစာေရး (ရပ္/ေက်း)၊ ဦးထြက္ဗြိဳင္း (အုပ္ခ်ဳပ္ေရးမႉး)၊ ဦးလုံးမြန္း (ရပ္မိရပ္ဖ)၊ ဦးခြန္ထြန္းဦး (ေက်း႐ြာတာဝန္ခံ)တို႔ႏွင့္အတူ ေရရရွိေရး ကြင္းဆင္း ေဆာင္႐ြက္ရာမွ ျပန္လာစဥ္ အမည္မသိ လက္နက္ကိုင္ (တပ္/ေခါင္းေဆာင္- စိစစ္ဆဲ)အဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္ သြားခဲ့ၿပီး ေမးျမန္းေနစဥ္ ႐ြာသားတစ္ဦးႏွင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ရာမွ လက္နက္ကိုင္အဖြဲ႕မွ ပစ္ခတ္ခဲ့သျဖင့္ ဒဏ္ရာရသူ (၃)ဦးမွာ ဦးခြန္ျမင့္ေအာင္၊ အသက္ (၃၄)ႏွစ္၊ ပအိုဝ္း/ဗုဒၶ၊ ေတာင္ယာလုပ္၊ နမ္းဟူး႐ြာေနသူမွာ ယာဘက္ေျခသလုံးေဖာက္ဝင္ဒဏ္ရာ (၁)ခ်က္ (မစိုးရိမ္ရ)၊ ဦးေဇာ္ေအာင္ (၃၇)ႏွစ္၊ ေတာင္ေနာက္ ေက်း႐ြာအုပ္စု စာေရး၊ ေဂၚရခါး/ ဗုဒၶ၊ ရပ္ကြက္(၂)၊ လြိဳင္လင္ၿမိဳ႕ေနသူမွာ ညာလက္ဖ်ံေဖာက္ထြက္ ေၾကမြဒဏ္ရာ (၁)ခ်က္၊ ဝဲဘက္ေပါင္ေဖာက္ဝင္ဒဏ္ရာ (၁)ခ်က္၊ ညာဝမ္းဗိုက္ရွပ္ထိဒဏ္ရာ (၁)ခ်က္ (မစိုးရိမ္ရ)၊ ခြန္သူရ (၂၂)ႏွစ္၊ ပအိုဝ္း/ ဗုဒၶ၊ ေတာင္ယာလုပ္၊ နမ့္ဟူး႐ြာေနသူမွာ ဝမ္းဗိုက္ေဖာက္ထြက္ဒဏ္ရာ (၁)ခ်က္ (မစိုးရိမ္ရ)ႏွင့္ ေသဆုံးသူ (၅)ဦးမွာ ဦးခြန္ထြန္းဦး (၃၃)ႏွစ္၊ ပအိုဝ္း/ဗုဒၶ၊ ေတာင္ယာလုပ္၊ နမ့္ဟူး႐ြာသူႀကီး၊ ဝမ္းဗိုက္အူထြက္ဒဏ္ရာ၊ ဝဲဘက္ေပါင္ ေဖာက္ဝင္ဒဏ္ရာ၊ ဝဲလက္ေမာင္းေဖာက္ဝင္ဒဏ္ရာျဖင့္ (ေသဆုံး)၊ ဦးခြန္တမူး (၅၈)ႏွစ္၊ ပအိုဝ္း/ဗုဒၶ၊ ေတာင္ယာလုပ္၊ နမ့္ဟူး႐ြာသား (ေသဆုံး)၊ ဦးေမာင္ဝင္း (၄၀)ႏွစ္၊ ေတာင္ယာလုပ္ (ေသဆုံး)၊ ဦးေမာင္ခဲ (၃၂)ႏွစ္၊ ေတာင္ယာလုပ္ (ေသဆုံး)၊ ခြန္တဆန္း (၃၅)ႏွစ္ (ေသဆုံး)သြားေၾကာင္း သိရသည္။

အဆိုပါ အမည္မသိလက္နက္ကိုင္အဖြဲ႕အစည္းတစ္ဖြဲ႕မွ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရရွိသူမ်ားသည္ စဝ္စံထြန္း ေဆး႐ုံ၌ ေဆးကုသမႈခံယူလ်က္ရွိရာ ဒဏ္ရာရရွိသူ (၃)ဦးကို တစ္ဦးလၽွင္ က်ပ္ (၁)သိန္းစီ၊ ေသဆုံးသူ (၅)ဦးကို တစ္ဦးလၽွင္ က်ပ္ (၃)သိန္းစီျဖင့္ ဒီဇင္ဘာ ၁၂ ရက္ မြန္းလြဲ ၂ နာရီခြဲက ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းေဆး႐ုံသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး လွဦး၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္ႏွင့္ တာဝန္ရွိသူတို႔က သြားေရာက္ၾကည့္႐ႈအားေပးစကားေျပာၾကားၿပီး ေထာက္ပံ့ေငြမ်ား ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လက်နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည့်လူနာများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သွားရောက်ကြည့်ရှုထောက်ပံ့ငွေပေးအပ်

တောင်ကြီး ဒီဇင်ဘာ - ၁၂

လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ ဝမ့်နားကျေးရွာရှိ ရေထွက်သို့ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲက ဦးဇော်အောင်၊ တောင်နောက်ကျေးရွာအုပ်စု၊ အငယ်တန်းစာရေး (ရပ်/ကျေး)၊ ဦးထွက်ဗွိုင်း (အုပ်ချုပ်ရေးမှူး)၊ ဦးလုံးမွန်း (ရပ်မိရပ်ဖ)၊ ဦးခွန်ထွန်းဦး (ကျေးရွာတာဝန်ခံ)တို့နှင့်အတူ ရေရရှိရေး ကွင်းဆင်း ဆောင်ရွက်ရာမှ ပြန်လာစဉ် အမည်မသိ လက်နက်ကိုင် (တပ်/ခေါင်းဆောင်- စိစစ်ဆဲ)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး မေးမြန်းနေစဉ် ရွာသားတစ်ဦးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာမှ လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရသူ (၃)ဦးမှာ ဦးခွန်မြင့်အောင်၊ အသက် (၃၄)နှစ်၊ ပအိုဝ်း/ဗုဒ္ဓ၊ တောင်ယာလုပ်၊ နမ်းဟူးရွာနေသူမှာ ယာဘက်ခြေသလုံးဖောက်ဝင်ဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ)၊ ဦးဇော်အောင် (၃၇)နှစ်၊ တောင်နောက် ကျေးရွာအုပ်စု စာရေး၊ ဂေါ်ရခါး/ ဗုဒ္ဓ၊ ရပ်ကွက်(၂)၊ လွိုင်လင်မြို့နေသူမှာ ညာလက်ဖျံဖောက်ထွက် ကြေမွဒဏ်ရာ (၁)ချက်၊ ဝဲဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ညာဝမ်းဗိုက်ရှပ်ထိဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ)၊ ခွန်သူရ (၂၂)နှစ်၊ ပအိုဝ်း/ ဗုဒ္ဓ၊ တောင်ယာလုပ်၊ နမ့်ဟူးရွာနေသူမှာ ဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ)နှင့် သေဆုံးသူ (၅)ဦးမှာ ဦးခွန်ထွန်းဦး (၃၃)နှစ်၊ ပအိုဝ်း/ဗုဒ္ဓ၊ တောင်ယာလုပ်၊ နမ့်ဟူးရွာသူကြီး၊ ဝမ်းဗိုက်အူထွက်ဒဏ်ရာ၊ ဝဲဘက်ပေါင် ဖောက်ဝင်ဒဏ်ရာ၊ ဝဲလက်မောင်းဖောက်ဝင်ဒဏ်ရာဖြင့် (သေဆုံး)၊ ဦးခွန်တမူး (၅၈)နှစ်၊ ပအိုဝ်း/ဗုဒ္ဓ၊ တောင်ယာလုပ်၊ နမ့်ဟူးရွာသား (သေဆုံး)၊ ဦးမောင်ဝင်း (၄၀)နှစ်၊ တောင်ယာလုပ် (သေဆုံး)၊ ဦးမောင်ခဲ (၃၂)နှစ်၊ တောင်ယာလုပ် (သေဆုံး)၊ ခွန်တဆန်း (၃၅)နှစ် (သေဆုံး)သွားကြောင်း သိရသည်။

အဆိုပါ အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများသည် စဝ်စံထွန်း ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိရာ ဒဏ်ရာရရှိသူ (၃)ဦးကို တစ်ဦးလျှင် ကျပ် (၁)သိန်းစီ၊ သေဆုံးသူ (၅)ဦးကို တစ်ဦးလျှင် ကျပ် (၃)သိန်းစီဖြင့် ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်နှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 39 guests and no members online