ရှမ်းပြည်နယ်သတင်းများ

ျပည္ေထာင္စုတိုင္းရင္းသားလူငယ္ အားကစားသမားမ်ား ခ်စ္ၾကည္ပူးေပါင္းမႈရရွိရန္ အားကစားေလာကဖြံ႕ၿဖိဳး တိုးတက္ေအာင္ပူးေပါင္းေဆာင္႐ြက္

ေတာင္ႀကီး ဇန္နဝါရီ - ၂

1

၇၁ ႏွစ္ေျမာက္လြတ္လပ္ေရးေန႔အထိမ္းအမွတ္ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ား ခ်စ္ၾကည္ေရး အားကစား ပြဲေတာ္ဖြင့္ပြဲကို ဇန္နဝါရီ ၁ ရက္ နံနက္ ၉ နာရီက ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးခ႐ိုင္၊ ဖယ္ခုံ ၿမိဳ႕နယ္၊ မိုးၿဗဲၿမိဳ႕ အားကစားခန္းမ၌က်င္းပေၾကာင္းသိရသည္။

ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ား ခ်စ္ၾကည္ေရး အားကစားပြဲေတာ္ဖြင့္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ကခ်င္တိုင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီး ဦးဇုတ္ေဒါင္၊ အာခါတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးအာေဗလ၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒၚေနာ္သန္းသၪၨာမ်ိဳး တို႔ကဖဲႀကိဳးျဖတ္ဖြင့္လွစ္ ေပးၾကသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ၿပိဳင္ပြဲက်င္းပရျခင္း၏ ရည္႐ြယ္ခ်က္ မွာ ျပည္ေထာင္စုတိုင္းရင္းသား လူငယ္အားကစားသမားမ်ားသည္ အခ်င္းခ်င္းခ်စ္ၾကည္ပူးေပါင္းမႈရရွိၿပီး အားကစားေလာက ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ေစရန္ျဖစ္ေၾကာင္း၊ ၇၁ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အထိမ္းအမွတ္ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ား ခ်စ္ၾကည္ေရး အားကစားပြဲေတာ္တြင္ ေဘာလုံး၊ ပိုက္ေက်ာ္ျခင္း၊ ေဘာ္လီေဘာ အားကစားနည္း(၃)မ်ိဳးယွဥ္ၿပိဳင္ကစားၾကမည္ျဖစ္ေၾကာင္းႏွင့္ ျမန္မာ့အားကစားမွ ကမၻာ့အားကစားသို႔ ဟူေသာရည္မွန္းခ်က္ မ်ားကို အမ်ိဳးသားလႈပ္ရွားမႈအသြင္ျဖင့္ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ လူငယ္ေမာင္မယ္မ်ား၏ အခန္းက႑သည္ အဓိကေနရာက ပါဝင္ေနသည္ကို  ေလးေလးနက္နက္ ခံယူထားၾကရန္ လိုအပ္ပါေၾကာင္း အားကစားျဖင့္ ႏိုင္ငံႏွင့္လူမ်ိဳးကို ျမႇင့္တင္ေပးႏိုင္သလို မ်ိဳးခ်စ္စိတ္ဓါတ္ႏွင့္ ဇာတိေသြးဇာတိမာန္ ရွင္သန္လာမည္ျဖစ္ေၾကာင္း၊ ျပည္ေထာင္စုတိုင္းရင္းသား လူငယ္မ်ား ခ်စ္ၾကည္ေရး အားကစားပြဲေတာ္တြင္ အားကစားသမားမ်ားအေနျဖင့္ အားကစားစိတ္ဓါတ္ကို အရင္းခံၿပီး ဒိုင္လူႀကီးမ်ား၏ ဆုံးျဖတ္ခ်က္ကို နာခံၾကရန္ႏွင့္ ၿပိဳင္ပြဲကို ႀကီးၾကပ္မည့္ ဒိုင္လူႀကီးမ်ားအေနျဖင့္လည္း ဘက္လိုက္မႈ ကင္းရွင္းၿပီး ၿပိဳင္ပြဲစည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္းတရားမၽွတစြာ တိတိက်က်မွန္မွန္ကန္ကန္ ဆုံးျဖတ္ေပးသြားရန္ ေျပာၾကားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွလႉဒါန္းေသာ အလႉေငြမ်ားကို  ျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေပးအပ္ရာ တာဝန္ရွိ သူတစ္ဦးမွ လက္ခံရယူၿပီး၊ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ား ခ်စ္ၾကည္ေရး အားကစားပြဲေတာ္ ပြဲျဖစ္ေျမာက္ေရး ေကာ္မတီ ဥကၠဌ ကခ်င္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးဇုတ္ေဒါင္မွ ႏႈတ္ခြန္းဆက္စကား ေျပာၾကားကာ၊ ပြဲေတာ္က်င္းပရျခင္း၏ ရည္႐ြယ္ခ်က္မ်ားကို ဒုတိယဥကၠဌ အာခါတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးအာေဗလမွ ရွင္းလင္းေျပာၾကား၍၊ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ား ခ်စ္ၾကည္ေရး အားကစားပြဲေတာ္သို႔ ႂကြေရာက္ ခ်ီးျမႇင့္ေသာ ဧည့္သည္ေတာ္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီး ေဒၚေနာ္သန္းသၪၨာမ်ိဳးက အားေပးစကား ေျပာၾကားေၾကာင္းႏွင့္ ကယန္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးခြန္းေအးေမာင္မွ အားကစားပြဲေတာ္ အစီအစဥ္မ်ားကို ရွင္းလင္း ေျပာၾကားၿပီးရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးမွ အားကစားပစၥည္းမ်ားကို ေထာက္ပံ့ေပးျခင္းႏွင့္ ကုမၸဏီမွ လႉဒါန္းေသာ အလႉေငြမ်ားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က လက္ခံရယူ ေပးခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ား ခ်စ္ၾကည္ေရး အားကစားပြဲေတာ္ဖြင့္ပြဲ အခမ္းအနားတြင္ အထက (မိုးၿဗဲ)ေက်ာင္းသားလူငယ္ပန္းပြားအဖြဲ႕၊ Fitness dance အဖြဲ႕၊ ျမန္မာ့သိုင္းအဖြဲ႕မ်ားမွ ဂုဏ္ျပဳတင္ဆက္ ေဖ်ာ္ေျဖၾကၿပီး စုေပါင္းအမွတ္တရမွတ္တမ္းဓါတ္ပုံ႐ိုက္ကူးၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္ ဦးစီးဌာန

09-250132943

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်ထောင်စုတိုင်းရင်းသားလူငယ် အားကစားသမားများ ချစ်ကြည်ပူးပေါင်းမှုရရှိရန် အားကစားလောကဖွံ့ဖြိုး တိုးတက်အောင်ပူးပေါင်းဆောင်ရွက်

တောင်ကြီး ဇန်နဝါရီ - ၂

၇၁ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစား ပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဖယ်ခုံ မြို့နယ်၊ မိုးဗြဲမြို့ အားကစားခန်းမ၌ကျင်းပကြောင်းသိရသည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော်ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ကချင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးဇုတ်ဒေါင်၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်သန်းသဉ္ဇာမျိုး တို့ကဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် မှာ ပြည်ထောင်စုတိုင်းရင်းသား လူငယ်အားကစားသမားများသည် အချင်းချင်းချစ်ကြည်ပူးပေါင်းမှုရရှိပြီး အားကစားလောက ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ဖြစ်ကြောင်း၊ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော်တွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော အားကစားနည်း(၃)မျိုးယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းနှင့် မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့ ဟူသောရည်မှန်းချက် များကို အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လူငယ်မောင်မယ်များ၏ အခန်းကဏ္ဍသည် အဓိကနေရာက ပါဝင်နေသည်ကို  လေးလေးနက်နက် ခံယူထားကြရန် လိုအပ်ပါကြောင်း အားကစားဖြင့် နိုင်ငံနှင့်လူမျိုးကို မြှင့်တင်ပေးနိုင်သလို မျိုးချစ်စိတ်ဓါတ်နှင့် ဇာတိသွေးဇာတိမာန် ရှင်သန်လာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော်တွင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓါတ်ကို အရင်းခံပြီး ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို နာခံကြရန်နှင့် ပြိုင်ပွဲကို ကြီးကြပ်မည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်းတရားမျှတစွာ တိတိကျကျမှန်မှန်ကန်ကန် ဆုံးဖြတ်ပေးသွားရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော အလှူငွေများကို  ပြည်နယ်ဝန်ကြီးချုပ် ကပေးအပ်ရာ တာဝန်ရှိ သူတစ်ဦးမှ လက်ခံရယူပြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော် ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ကချင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်မှ နှုတ်ခွန်းဆက်စကား ပြောကြားကာ၊ ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဒုတိယဥက္ကဌ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလမှ ရှင်းလင်းပြောကြား၍၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော်သို့ ကြွရောက် ချီးမြှင့်သော ဧည့်သည်တော် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်သန်းသဉ္ဇာမျိုးက အားပေးစကား ပြောကြားကြောင်းနှင့် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်မှ အားကစားပွဲတော် အစီအစဉ်များကို ရှင်းလင်း ပြောကြားပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ အားကစားပစ္စည်းများကို ထောက်ပံ့ပေးခြင်းနှင့် ကုမ္ပဏီမှ လှူဒါန်းသော အလှူငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က လက်ခံရယူ ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် အထက (မိုးဗြဲ)ကျောင်းသားလူငယ်ပန်းပွားအဖွဲ့၊ Fitness dance အဖွဲ့၊ မြန်မာ့သိုင်းအဖွဲ့များမှ ဂုဏ်ပြုတင်ဆက် ဖျော်ဖြေကြပြီး စုပေါင်းအမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက် ဦးစီးဌာန

 

09-250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 138 guests and no members online