ရှမ်းပြည်နယ်သတင်းများ

(၇၁) ႏွစ္ေျမာက္လြတ္လပ္ေရးေန႔ အလံတင္အခမ္းအနားႏွင့္ သဝဏ္လႊာဖတ္ၾကားပြဲက်င္းပ

ေတာင္ႀကီး ဇန္နဝါရီ - ၄

3

(၇၁)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အလံတင္အခမ္းအနားကို ဇန္နဝါရီ(၄)ရက္ နံနက္(၄)နာရီ မိနစ္(၂၀)က ေတာင္ႀကီးၿမိဳ႕၊ အေဝရာမီးပုံးပ်ံကြင္း၌ က်င္းပရာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အလံအား တိုင္အျပည့္ လႊင့္ထူေပးၿပီး ေနာက္ တာဝန္ရွိသူမ်ားမွ ႏိုင္ငံေတာ္အလံအား အေလးျပဳၾကသည္။ အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ နယ္ေျမခံတပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ ဝင္မ်ား၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ရဲတပ္ဖြဲ႕မႉးႏွင့္ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား ရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး မ်ား၊ တာဝန္ရွိသူမ်ားတက္ေရာက္ၾကေၾကာင္းသိရသည္။

ဆက္လက္၍ သဝဏ္လႊာဖတ္ၾကားပြဲအခမ္းအနားကို နံနက္(၈)နာရီက ေတာင္ႀကီးၿမိဳ႕၊ အေဝရာမီးပုံးပ်ံကြင္း၌ က်င္းပ ရာ ပထမဦးစြာစစ္ေရးျပတပ္ခြဲက စစ္ေၾကာင္းမ်ားျဖင့္ ခ်ီတက္ေနရာယူၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္အား အေလးျပဳ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာသူမ်ားက ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အလံကို အေလးျပဳၾကရာ ဂုဏ္ျပဳစစ္တီးဝိုင္းအဖြဲ႕က ႏိုင္ငံေတာ္သီခ်င္းကို တီးမႈတ္ဂုဏ္ျပဳၿပီး၊ က်ဆုံးေလ ၿပီးေသာ ေခါင္းေဆာင္ႀကီးမ်ားႏွင့္ တပ္မေတာ္သားမ်ားအား အေလးျပဳကာ ဂုဏ္ျပဳစစ္ေၾကာင္းမွ သစၥာအဓိဌာန္(၄)ခ်က္ ႐ြတ္ဆို ၾကၿပီးေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ထံမွေပးပို႔ေသာ (၇၁) ႏွစ္ေျမာက္လြတ္လပ္ေရးေန႔သဝဏ္လႊာကို ဖတ္ၾကား၍ အခမ္းအနားကို ေအာင္ျမင္စြာ႐ုပ္သိမ္းလိုက္သည္။

အဆိုပါ(၇၁)ႏွစ္ေျမာက္လြတ္လပ္ေရးေန႔အခမ္းအနားသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္ႏွင့္ ဇနီး၊ ျပည္နယ္လႊတ္ေတာ္ ဥကၠဌ၊ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ႏွင့္ ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ တိုင္းရင္းသားေရးရာဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ ဇနီး၊ အရာရွိႀကီးမ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ တိုင္းရင္းသား ၿငိမ္းခ်မ္းေရးအဖြဲ႕အစည္းမ်ား၊ စစ္ေရးျပတပ္ဖြဲ႕မ်ားႏွင့္ ဂုဏ္ျပဳစစ္တီးဝိုင္း၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ဆရာ/ ဆရာမမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားတက္ေရာက္ ၾကေၾကာင္းသိရွိရသည္။

(၇၁)ႏွစ္ေျမာက္လြတ္လပ္ေရးေန႔ အထိမ္းအမွတ္တြင္  ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားျဖင့္ ျပည္နယ္အားကစားေလ့က်င့္႐ုံကြင္း၌ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ၊ ဂိုးက်ဥ္းသြင္းၿပိဳင္ပြဲ၊ လြန္ဆြဲ၊ အာလူးေကာက္ၿပိဳင္ပြဲ၊ စာအုပ္႐ြက္ၿပိဳင္ပြဲ၊ သံပုံး႐ိုက္ၿပိဳင္ပြဲ၊ ဘက္စကတ္ ေဘာ ဂိုးသြင္းၿပိဳင္ပြဲ၊ ေခ်ာတိုင္တက္ၿပိဳင္ပြဲ၊ ေခါင္းအုံး႐ိုက္ၿပိဳင္ပြဲ အသီးသီးက်င္းပရာ ေဒသခံျပည္သူမ်ား၊ ေက်ာင္းသား/ ေက်ာင္းသူမ်ား၊ တစ္ေပ်ာ္တစ္ပါးပါဝင္ယွဥ္ၿပိဳင္ၾကကာ ဆုရရွိမ်ားကို ဆုခ်ီးျမႇင့္ၿပီး၊ ေတာင္ႀကီးၿမိဳ႕ေပၚရွိ ရပ္ကြက္(၂၂)ရပ္ကြက္ တြင္းလည္း ေပ်ာ္ပြဲ႐ႊင္ပြဲအားကစားမ်ား အသီးသီးက်င္းပေၾကာင္းသိရသည္။

 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++.

 

 (၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၄

 

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီ မိနစ်(၂၀)က တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်အပြည့် လွှင့်ထူပေးပြီး နောက် တာဝန်ရှိသူများမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များ၊ တောင်ကြီးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို နံနက်(၈)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပ ရာ ပထမဦးစွာစစ်ရေးပြတပ်ခွဲက စစ်ကြောင်းများဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အလေးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး၊ ကျဆုံးလေ ပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆို ကြပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သော (၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြား၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

အဆိုပါ(၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ အရာရှိကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုစစ်တီးဝိုင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက် ကြကြောင်းသိရှိရသည်။

(၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွင်  ပျော်ပွဲရွှင်ပွဲများဖြင့် ပြည်နယ်အားကစားလေ့ကျင့်ရုံကွင်း၌ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဂိုးကျဉ်းသွင်းပြိုင်ပွဲ၊ လွန်ဆွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ဘက်စကတ် ဘော ဂိုးသွင်းပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ အသီးသီးကျင်းပရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ၊ တစ်ပျော်တစ်ပါးပါဝင်ယှဉ်ပြိုင်ကြကာ ဆုရရှိများကို ဆုချီးမြှင့်ပြီး၊ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက် တွင်းလည်း ပျော်ပွဲရွှင်ပွဲအားကစားများ အသီးသီးကျင်းပကြောင်းသိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

09-250132943

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 60 guests and no members online