ရှမ်းပြည်နယ်သတင်းများ


မိုင်းခတ် ဇန်နဝါရီ - ၉

6



အစရ(ရှမ်း)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

ပြည်နယ်လူမှုရေးဝန်ကြီး မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ် ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံ

မိုင်းခတ် ဇန်နဝါရီ - ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသဖွံ့ဖြိုးရေးခရီးစဉ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်တို့မှ ပညာရေးဝန်ထမ်းများအား  ဇန်နဝါရီ ၈ ရက် ကတွေ့ဆုံရာ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများက တင်ပြသည့်လိုအပ်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။

၎င်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးကိစ္စရပ် များအား ဆွေးနွေးခဲ့ပြီး ဗလာစာအုပ်နှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

 

အစရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 78 guests and no members online