ရှမ်းပြည်နယ်သတင်းများ

ရပ္ေစာက္ၿမိဳ႕နယ္၊ အလည္ေခ်ာင္ေက်း႐ြာအုပ္စု၊ ႐ြာမ၊ ႐ြာသစ္၊ ေဖာင္းျပားေက်း႐ြာ လၽွပ္စစ္မီး ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ဇန္နဝါရီ - ၁၃

9

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဘတ္ဂ်က္ျဖင့္ေဆာင္႐ြက္ေပးေသာ ေတာင္ႀကီးခ႐ိုင္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ အလည္ေခ်ာင္ ေက်း႐ြာအုပ္စု၊ ႐ြာမ၊ ႐ြာသစ္၊ ေဖာင္းျပားေက်း႐ြာ လၽွပ္စစ္မီးဖြင့္ပြဲကို ဇန္နဝါရီ ၁၂ ရက္ နံနက္ ၉ နာရီခြဲက အလည္ေခ်ာင္ေက်း႐ြာ၌ က်င္းပေၾကာင္း သိရသည္။

႐ြာမ၊ ႐ြာသစ္၊ ေဖာင္းျပားေက်း႐ြာ (၂၄)နာရီလၽွပ္စစ္မီးရရွိသည့္ဖြင့္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ ျပည္သူ႕ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ရွမ္းျပည္နယ္အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးေဇာ္မင္းလတ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္တို႔မွ ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၾကသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္(ေတာင္ပိုင္း)အတြင္း ခ႐ိုင္ (၃)ခ႐ိုင္၊ ၿမိဳ႕နယ္(၂၁)ၿမိဳ႕နယ္ျဖင့္ ဖြဲ႕စည္းထားရွိၿပီး ကာလိ၊ မိုင္းစံ၊ ဟိုမိန္းၿမိဳ႕ (၃)ၿမိဳ႕သာ လၽွပ္စစ္မီးရရွိရန္ က်န္ရွိၿပီး က်န္ၿမိဳ႕နယ္အားလုံး လၽွပ္စစ္ဓာတ္အားရရွိၿပီးျဖစ္၍ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္လည္း ၿမိဳ႕နယ္ အားလုံးနီးပါး လၽွပ္စစ္ဓာတ္အားရရွိသုံးစြဲလ်က္ရွိကာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ႏိုင္ငံေတာ္ ဓာတ္အားစနစ္ျဖင့္ လၽွပ္စစ္ဓာတ္အားရရွိျခင္းမရွိေသးဘဲ အစိုးရသစ္တာဝန္ယူေဆာင္႐ြက္ေနရသည့္ ကာလအတြင္း လၽွပ္စစ္ဓာတ္အား ရရွိေရးအတြက္ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ရန္ပုံေငြမွ ၂၀၁၆ - ၂၀၁၇ ဘ႑ာေရး ႏွစ္တြင္ က်ပ္သန္း (၁၂၀၄၅.၃၁၇)က်ပ္၊ ၂၀၁၇ - ၂၀၁၈ ဘ႑ာေရးႏွစ္တြင္ က်ပ္သန္း (၁၂၃၂၆.၇၅၈)က်ပ္၊ ၂၀၁၈ - ၂၀၁၉ (၆)လပတ္ ဘ႑ာေရးႏွစ္တြင္ က်ပ္သန္း (၁၀၅၅၈.၄၈၂)က်ပ္ ျပည္သူမ်ား လၽွပ္စစ္မီးဗို႔အားျပည့္မီစြာ သုံးစြဲ ႏိုင္ေရး၊ လၽွပ္စစ္ဓာတ္အားလုံေလာက္စြာသုံးစြဲႏိုင္ေရးအတြက္ ျဖည့္ဆည္းေဆာင္႐ြက္ေပးလၽွက္ရွိေၾကာင္း၊ ရာခိုင္ႏႈန္း အားျဖင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)အတြင္း (၄၄.၁၃) ႏိုင္ငံေတာ္ဓာတ္အားေပးစနစ္မွ သုံးစြဲႏိုင္ၿပီး မီးလင္းရန္ က်န္ရွိသည့္ ၿမိဳ႕နယ္၊ ေက်း႐ြာမ်ားကို လၽွပ္စစ္ဓာတ္အားတိုးျမႇင့္ရရွိေရးအတြက္ ျပည္ေထာင္စုအစိုးရဘတ္ဂ်က္၊ ျပည္နယ္အစိုးရဘတ္ဂ်က္မ်ားျဖင့္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ရပ္ေစာက္ၿမိဳ႕နယ္၊ အလည္ေခ်ာင္ ေက်း႐ြာအုပ္စု၊ ႐ြာမ၊ ႐ြာသစ္၊ ေဖာင္းျပားေက်း႐ြာမ်ားတြင္ လၽွပ္စစ္ဓာတ္အားကို (၂၄)နာရီရရွိသည့္အတြက္ ေက်းလက္ေန တိုင္းရင္းသားျပည္သူမ်ား၏ လူမႈေရး၊ က်န္းမာေရးႏွင့္ စီးပြားေရးအေျခအေနေကာင္းမ်ား ေပၚေပါက္လာမည္ ျဖစ္ကာ ေဒသခံတိုင္းရင္းသားညီကိုေမာင္ႏွမမ်ား၏ စိုက္ပ်ိဳး၊ ေမြးျမဴေရးလုပ္ငန္းမ်ား၊ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေကာင္းမြန္ေအာင္ျမင္မႈရရွိလာမည္ျဖစ္ေၾကာင္းႏွင့္ လၽွပ္စစ္ဓာတ္အားကို စနစ္တက်အက်ိဳးရွိစြာ အသုံးျပဳၾကရန္ မွာၾကားလိုေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ရွမ္းျပည္နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးေဇာ္မင္းလတ္၊ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္တို႔က အသီးသီးအမွာစကားေျပာၾကားၾကသည္။

ေဒသခံျပည္သူမ်ားကိုယ္စား ေက်း႐ြာလၽွပ္စစ္မီးလင္းေရးေကာ္မတီ အတြင္းေရးမႉး ဦးစိုးသန္းမွ လၽွပ္စစ္မီး လင္းေရးႏွင့္ပတ္သက္၍ ေဆာင္႐ြက္သည္မ်ားကို ရွင္းလင္းရာ လြန္ခဲ့ေသာ ၂၀၁၂ ခုႏွစ္ကတည္းက စတင္ ေဆာင္႐ြက္ခဲ့ၿပီး ေကာင္းဘို႔မီးလင္းေရးေကာ္မတီသို႔ လိုင္းေၾကးသိန္း (၄၀၀)က်ပ္ေပးသြင္းရမည္ဟု သေဘာတူညီမႈ ရရွိခဲ့ၿပီး ေကာင္းဘို႔ေက်း႐ြာသို႔ (၂၁၂)က်ပ္သိန္းေပးခဲ့ကာ မာဃျမင့္ကုမၸဏီႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုေဆာင္႐ြက္ခဲ့ေၾကာင္း၊ ႐ြာသူ/႐ြာသားမ်ား စုေပါင္းေငြေၾကးျဖင့္ ႀကိဳးစားေဆာင္႐ြက္ခဲ့ရာ (11KV)လိုင္း (၆၇၂၀)ေပႏွင့္ ေက်း႐ြာတြင္း (၄၀၀) ဗို႔အားလိုင္းသြယ္တန္းရန္ မီးတိုင္ (၁၉၈)တိုင္စိုက္ထူၿပီး (160 KVA) ထရစ္စေဖာ္မာ (၂)လုံး တည္ေဆာက္ ႏိုင္ကာ မာဃျမင့္ကုမၸဏီသို႔ က်ပ္သိန္းေပါင္း (၄၃၀)ေက်ာ္အေႂကြးတင္ရွိကာ ေက်း႐ြာျပည္သူမ်ား၏ စီးပြားေရး အေျခအေန အခက္အခဲမ်ားရွိေနေသာေၾကာင့္ ၂၀၁၇ ခုႏွစ္အထိ မီးလင္းေရးလုပ္ငန္းရပ္တန္႔ခဲ့ၿပီးေနာက္ ရပ္ေစာက္ ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)၊ ျပည္နယ္လႊတ္ေတာ္ ဦးခိုင္ညီညီေက်ာ္မွ ေက်း႐ြာသို႔ ကြင္းဆင္းေဆာင္႐ြက္ခဲ့ရာ အေျခအေနကို သိရွိၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ခ်ိတ္ဆက္ေပးမႈေၾကာင့္ ၂၀၁၇- ၂၀၁၈ ခုႏွစ္RE ဘတ္ဂ်တ္တြင္ သိန္းေပါင္း (၉၂၀)က်ပ္၊ ၂၀၁၈ ခုႏွစ္ မီနီဘတ္ဂ်က္တြင္ သိန္းေပါင္း (၁၄၀၀)က်ပ္ႏွင့္ (160 KVA) ထရစ္စေဖာ္မာ (၁)လုံးကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဘတ္ဂ်က္မွ ခ်ေပးခဲ့ေၾကာင္း၊ ယခုတြင္ ႐ြာသစ္၊ ႐ြာမ၊ ေဖာင္းျပားေက်း႐ြာ (၃) ႐ြာအတြင္း (160 KVA) ထရစ္စေဖာ္မာ (၃)လုံး၊ (11KV)လိုင္း (၁၀၃၆၄)ေပ၊ (၄၀၀) ဗို႔အားလိုင္း (၂၉၂၈၆)ေပ တည္ေဆာက္ၿပီးစီးခဲ့၍ လၽွပ္စစ္မီးသုံးစြဲရန္ မီတာေဘာက္စာရင္း (၅၄၅)အိမ္ရွိခဲ့ေၾကာင္းႏွင့္ ယခုကဲ့သို႔ လၽွပ္စစ္မီး ရရွိႏိုင္ရန္အတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္တို႔ကို အထူး ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားသြားသည္။

ထို႔ေနာက္ ေဒသခံျပည္သူမ်ားကိုယ္စား ရပ္မိရပ္ဖ ဦးလွမ်ိဳးေဇာ္က ေက်းဇူးတင္စကား ျပန္လည္ေျပာၾကား ၿပီး ရပ္ေစာက္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)၊ ျပည္နယ္လႊတ္ေတာ္ ဦးခိုင္ညီညီေက်ာ္မွ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ အင္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ျပည္သူ႕လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအား အမွတ္တရလက္ေဆာင္မ်ား ေပးအပ္ခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္) ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရပ်စောက်မြို့နယ်၊ အလည်ချောင်ကျေးရွာအုပ်စု၊ ရွာမ၊ ရွာသစ်၊ ဖောင်းပြားကျေးရွာ လျှပ်စစ်မီး ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၁၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့်ဆောင်ရွက်ပေးသော တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အလည်ချောင် ကျေးရွာအုပ်စု၊ ရွာမ၊ ရွာသစ်၊ ဖောင်းပြားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီခွဲက အလည်ချောင်ကျေးရွာ၌ ကျင်းပကြောင်း သိရသည်။

ရွာမ၊ ရွာသစ်၊ ဖောင်းပြားကျေးရွာ (၂၄)နာရီလျှပ်စစ်မီးရရှိသည့်ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရှမ်းပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်မင်းလတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ခရိုင် (၃)ခရိုင်၊ မြို့နယ်(၂၁)မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိပြီး ကာလိ၊ မိုင်းစံ၊ ဟိုမိန်းမြို့ (၃)မြို့သာ လျှပ်စစ်မီးရရှိရန် ကျန်ရှိပြီး ကျန်မြို့နယ်အားလုံး လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း မြို့နယ် အားလုံးနီးပါး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲလျက်ရှိကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိခြင်းမရှိသေးဘဲ အစိုးရသစ်တာဝန်ယူဆောင်ရွက်နေရသည့် ကာလအတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်း (၁၂၀၄၅.၃၁၇)ကျပ်၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၁၂၃၂၆.၇၅၈)ကျပ်၊ ၂၀၁၈ - ၂၀၁၉ (၆)လပတ် ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၁၀၅၅၈.၄၈၂)ကျပ် ပြည်သူများ လျှပ်စစ်မီးဗို့အားပြည့်မီစွာ သုံးစွဲ နိုင်ရေး၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာသုံးစွဲနိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ရာခိုင်နှုန်း အားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း (၄၄.၁၃) နိုင်ငံတော်ဓာတ်အားပေးစနစ်မှ သုံးစွဲနိုင်ပြီး မီးလင်းရန် ကျန်ရှိသည့် မြို့နယ်၊ ကျေးရွာများကို လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရေးအတွက် ပြည်ထောင်စုအစိုးရဘတ်ဂျက်၊ ပြည်နယ်အစိုးရဘတ်ဂျက်များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရပ်စောက်မြို့နယ်၊ အလည်ချောင် ကျေးရွာအုပ်စု၊ ရွာမ၊ ရွာသစ်၊ ဖောင်းပြားကျေးရွာများတွင် လျှပ်စစ်ဓာတ်အားကို (၂၄)နာရီရရှိသည့်အတွက် ကျေးလက်နေ တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေကောင်းများ ပေါ်ပေါက်လာမည် ဖြစ်ကာ ဒေသခံတိုင်းရင်းသားညီကိုမောင်နှမများ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်အောင်မြင်မှုရရှိလာမည်ဖြစ်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျအကျိုးရှိစွာ အသုံးပြုကြရန် မှာကြားလိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်မင်းလတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်တို့က အသီးသီးအမှာစကားပြောကြားကြသည်။

ဒေသခံပြည်သူများကိုယ်စား ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ အတွင်းရေးမှူး ဦးစိုးသန်းမှ လျှပ်စစ်မီး လင်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်သည်များကို ရှင်းလင်းရာ လွန်ခဲ့သော ၂၀၁၂ ခုနှစ်ကတည်းက စတင် ဆောင်ရွက်ခဲ့ပြီး ကောင်းဘို့မီးလင်းရေးကော်မတီသို့ လိုင်းကြေးသိန်း (၄၀၀)ကျပ်ပေးသွင်းရမည်ဟု သဘောတူညီမှု ရရှိခဲ့ပြီး ကောင်းဘို့ကျေးရွာသို့ (၂၁၂)ကျပ်သိန်းပေးခဲ့ကာ မာဃမြင့်ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ကြောင်း၊ ရွာသူ/ရွာသားများ စုပေါင်းငွေကြေးဖြင့် ကြိုးစားဆောင်ရွက်ခဲ့ရာ (11KV)လိုင်း (၆၇၂၀)ပေနှင့် ကျေးရွာတွင်း (၄၀၀) ဗို့အားလိုင်းသွယ်တန်းရန် မီးတိုင် (၁၉၈)တိုင်စိုက်ထူပြီး (160 KVA) ထရစ်စဖော်မာ (၂)လုံး တည်ဆောက် နိုင်ကာ မာဃမြင့်ကုမ္ပဏီသို့ ကျပ်သိန်းပေါင်း (၄၃၀)ကျော်အကြွေးတင်ရှိကာ ကျေးရွာပြည်သူများ၏ စီးပွားရေး အခြေအနေ အခက်အခဲများရှိနေသောကြောင့် ၂၀၁၇ ခုနှစ်အထိ မီးလင်းရေးလုပ်ငန်းရပ်တန့်ခဲ့ပြီးနောက် ရပ်စောက် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ဦးခိုင်ညီညီကျော်မှ ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အခြေအနေကို သိရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ချိတ်ဆက်ပေးမှုကြောင့် ၂၀၁၇- ၂၀၁၈ ခုနှစ်RE ဘတ်ဂျတ်တွင် သိန်းပေါင်း (၉၂၀)ကျပ်၊ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် သိန်းပေါင်း (၁၄၀၀)ကျပ်နှင့် (160 KVA) ထရစ်စဖော်မာ (၁)လုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်မှ ချပေးခဲ့ကြောင်း၊ ယခုတွင် ရွာသစ်၊ ရွာမ၊ ဖောင်းပြားကျေးရွာ (၃) ရွာအတွင်း (160 KVA) ထရစ်စဖော်မာ (၃)လုံး၊ (11KV)လိုင်း (၁၀၃၆၄)ပေ၊ (၄၀၀) ဗို့အားလိုင်း (၂၉၂၈၆)ပေ တည်ဆောက်ပြီးစီးခဲ့၍ လျှပ်စစ်မီးသုံးစွဲရန် မီတာဘောက်စာရင်း (၅၄၅)အိမ်ရှိခဲ့ကြောင်းနှင့် ယခုကဲ့သို့ လျှပ်စစ်မီး ရရှိနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်တို့ကို အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

ထို့နောက် ဒေသခံပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးလှမျိုးဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပြီး ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ဦးခိုင်ညီညီကျော်မှ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်) ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 66 guests and no members online