ရှမ်းပြည်နယ်သတင်းများ

ဓါတ္သတၱဳအေသးစား၊ လက္လုပ္လက္စား ခြင့္ျပဳမိန္႔မ်ားထုတ္ေပးျခင္းႏွင့္ အေသးစားလုပ္ငန္း သေဘာတူစာခ်ဳပ္ခ်ဳပ္ဆို

ေတာင္ႀကီး ဇန္နဝါရီ - ၁၄

11

ရွမ္းျပည္နယ္အတြင္း ဓါတ္သတၱဳအေသးစား၊ လက္လုပ္လက္စား ခြင့္ျပဳမိန္႔မ်ားထုတ္ေပးျခင္းႏွင့္ အေသးစားလုပ္ငန္း သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုပြဲကို ဇန္နဝါရီ ၁၄ ရက္ ညေန ၃ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌ က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္သည္ အက်ယ္အဝန္းအားျဖင့္ (၆၀၁၅၅.၂၃) စတုရန္းမိုင္းက်ယ္ဝန္းၿပီး ဓါတ္သတၱဳသယံဇာတမ်ား စီးပြားျဖစ္ထုတ္လုပ္ရန္ အလားအလာေကာင္းမ်ားစြာ ရွိေနပါေၾကာင္း၊ လက္ရွိတြင္ ဓါတ္သတၱဳ (၂၄)မ်ိဳးကို စမ္းသပ္တိုင္းတာရန္ႏွင့္ တူးေဖာ္ထုတ္လုပ္ရန္အတြက္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ ခြင့္ျပဳမိန္႔မ်ားထုတ္ေပးထားၿပီး၊ အႀကီးစားထုတ္လုပ္ခြင့္(၃၉)ခု၊ အေသးစား ထုတ္လုပ္ခြင့္(၂၁၇)ခု၊ စမ္းသပ္တိုင္းတာခြင့္(၆၅)ခု၊ လက္လုပ္လက္စား(၂)ခု၊ စုစုေပါင္းခြင့္ျပဳမိန္႔(၃၂၃)ခု ေျမဧရိယာစုစုေပါင္း (၈၂၅၃၃.၂၆)ဧကေပၚတြင္ ႏိုင္ငံေတာ္ႏွင့္ အက်ိဳးတူလုပ္ငန္း ေဆာင္႐ြက္လ်က္ရွိၿပီး၊ ဓါတ္သတၱဳက႑ ေျမအသုံးခ်မႈအေနျဖင့္ ရွမ္းျပည္နယ္တစ္ခုလုံး၏ (၀.၂၁၄%)သာရွိပါေၾကာင္း၊ ယေန႔အခမ္းအနားတြင္ ကြင္းဆင္းစိစစ္ၿပီး သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီေသာ ေအာင္ဆုေဗြကုမၸဏီမွေမာက္မယ္ၿမိဳ႕နယ္အတြင္း စက္မႈတြင္းထြက္ကုန္ၾကမ္းေဂါဒန္ေက်ာက္ အေသးစားစမ္းသပ္ တိုင္းတာရန္ႏွင့္ ဦးဖိုးပု၊ ဦးျမင့္ႏိုင္၊ ဦးနီဆန္းဦးတို႔၏ ႐ြာငံၿမိဳ႕နယ္အတြင္း သံႂကြယ္ေဘာ္ဆိုဒ္ လက္လုပ္လက္စားထုတ္လုပ္ရန္ ခြင့္ျပဳမိန္႔မ်ားကို စတင္ထုတ္ေပးရာ ကြင္းဆင္းစိစစ္ၿပီး သတ္မွတ္ခ်က္မ်ားႏွင့္ကိုက္ညီေသာ လုပ္ကြက္မ်ားကို ခြင့္ျပဳမိန္႔မ်ား စဥ္ဆက္မျပတ္ ထုတ္ေပးႏိုင္ေရး ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

သတၱဳတြင္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးျမင့္ေဌးမွ အေသးစားလက္လုပ္လက္စား ခြင့္ျပဳမိန္႔ထုတ္ေပးျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းရာ ၂၀၁၈ ခုႏွစ္ေမလမွစ၍ သတၱဳလုပ္ကြက္ေလၽွာက္ထားမႈမ်ား စတင္လက္ခံခဲ့ရာ ယေန႔ခ်ိန္ထိ ၿမိဳ႕နယ္ေပါင္း (၁၉)ၿမိဳ႕နယ္မွ အေသးစားစမ္းသပ္တိုင္းတာလုပ္ကြက္ (၁၁၃)ကြက္၊ လက္လုပ္လက္စား ထုတ္လုပ္ခြင့္လုပ္ကြက္ (၂၁၂)ကြက္၊ စုစုေပါင္း(၃၂၅)ကြက္ ေလၽွာက္ထားလာၾကၿပီး (၂၂၄)ကြက္အားကြင္းဆင္းစိစစ္ၿပီးျဖစ္ေၾကာင္းႏွင့္ (၃၉)ကြက္အား သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံးသို႔ သေဘာထားမွတ္ခ်က္ ေတာင္းခံ ထားေၾကာင္း၊ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း အေသးစား(၁၀)ကြက္ႏွင့္ လက္လုပ္လက္စားအကြက္(၃၀)ကို ခြင့္ျပဳမိန္႔ထုတ္ ေပးႏိုင္ေရး လ်ာထားခဲ့ၿပီး ဘ႑ာေငြက်ပ္သိန္းေပါင္း (၂၂၉.၄)သိန္းသာ ရည္မွန္းခဲ့ေသာ္လည္း ယခုအေသးစား(၄)ကြက္ႏွင့္ လက္လုပ္လက္စား(၃)ကြက္အား ခြင့္ျပဳမိန္႔စတင္ထုတ္ေပးသည္ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဘ႑ာေငြစာရင္းသို႔ ဘ႑ာေငြက်ပ္ (၆၆.၂)သိန္းကို စတင္ေပးသြင္းႏိုင္ခဲ့သျဖင့္ လ်ာထားခ်က္ထက္ပိုမိုအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မည္ ျဖစ္ေၾကာင္း ရွင္းလင္းသြားသည္။

ဆက္လက္၍ ေမာက္မယ္ၿမိဳ႕နယ္၊ ေလေကာင္ေဒသႏွင့္ ပူရာစန္းေဒသတို႔၌ ေဂါဒန္ေက်ာက္ အေသးစားစမ္းသပ္ တိုင္းတာရန္ ခြင့္ျပဳမိန္႔အား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ ေပးအပ္ထုတ္ေပးရာ ေအာင္ဆုေဗြကုမၸဏီတာဝန္ ရွိသူ တစ္ဦးမွ လက္ခံရယူ၍လည္းေကာင္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္မွ ႐ြာငံၿမိဳ႕နယ္၊ ၿမိဳ႕ႀကီးေက်း႐ြာအုပ္စု၊ ခေႏၲာေဒသ၌ ဦးဖိုးပု၊ ကၫို႔ေဒသမွ ဦးျမင့္ႏိုင္ႏွင့္ ဦးနီဆန္းတို႔အား သံႂကြယ္ေဘာ္ဆိုဒ္ လက္လုပ္လက္စား ထုတ္လုပ္ရန္ခြင့္ျပဳမိန္႔ တို႔ကို အသီးသီးေပးအပ္ခဲ့ၿပီး၊ ေမာက္မယ္ၿမိဳ႕နယ္၊ ေလေကာင္ေဒသႏွင့္ ပူရာစန္းေဒသတို႔၌ ေဂါဒန္ေက်ာက္ အေသးစားစမ္းသပ္ တိုင္းတာရန္ ရွမ္းျပည္နယ္ လုပ္ကြက္စိစစ္ ခ်ထားေပးေရးအဖြဲ႕ႏွင့္ ေအာင္ဆုေဗြကုမၸဏီတို႔ စာခ်ဳပ္၌ လက္မွတ္ေရးထိုးၾက၍ မွတ္တမ္းတင္ဓါတ္ပုံ႐ိုက္ကူးၾကေၾကာင္း သိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

Unicode+++++++++++++++++++++++++++++++++++++++++++

ဓါတ်သတ္တုအသေးစား၊ လက်လုပ်လက်စား ခွင့်ပြုမိန့်များထုတ်ပေးခြင်းနှင့် အသေးစားလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆို

တောင်ကြီး ဇန်နဝါရီ - ၁၄

ရှမ်းပြည်နယ်အတွင်း ဓါတ်သတ္တုအသေးစား၊ လက်လုပ်လက်စား ခွင့်ပြုမိန့်များထုတ်ပေးခြင်းနှင့် အသေးစားလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆိုပွဲကို ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်သည် အကျယ်အဝန်းအားဖြင့် (၆၀၁၅၅.၂၃) စတုရန်းမိုင်းကျယ်ဝန်းပြီး ဓါတ်သတ္တုသယံဇာတများ စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းများစွာ ရှိနေပါကြောင်း၊ လက်ရှိတွင် ဓါတ်သတ္တု (၂၄)မျိုးကို စမ်းသပ်တိုင်းတာရန်နှင့် တူးဖော်ထုတ်လုပ်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့်များထုတ်ပေးထားပြီး၊ အကြီးစားထုတ်လုပ်ခွင့်(၃၉)ခု၊ အသေးစား ထုတ်လုပ်ခွင့်(၂၁၇)ခု၊ စမ်းသပ်တိုင်းတာခွင့်(၆၅)ခု၊ လက်လုပ်လက်စား(၂)ခု၊ စုစုပေါင်းခွင့်ပြုမိန့်(၃၂၃)ခု မြေဧရိယာစုစုပေါင်း (၈၂၅၃၃.၂၆)ဧကပေါ်တွင် နိုင်ငံတော်နှင့် အကျိုးတူလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး၊ ဓါတ်သတ္တုကဏ္ဍ မြေအသုံးချမှုအနေဖြင့် ရှမ်းပြည်နယ်တစ်ခုလုံး၏ (၀.၂၁၄%)သာရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် ကွင်းဆင်းစိစစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသော အောင်ဆုဗွေကုမ္ပဏီမှမောက်မယ်မြို့နယ်အတွင်း စက်မှုတွင်းထွက်ကုန်ကြမ်းဂေါဒန်ကျောက် အသေးစားစမ်းသပ် တိုင်းတာရန်နှင့် ဦးဖိုးပု၊ ဦးမြင့်နိုင်၊ ဦးနီဆန်းဦးတို့၏ ရွာငံမြို့နယ်အတွင်း သံကြွယ်ဘော်ဆိုဒ် လက်လုပ်လက်စားထုတ်လုပ်ရန် ခွင့်ပြုမိန့်များကို စတင်ထုတ်ပေးရာ ကွင်းဆင်းစိစစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသော လုပ်ကွက်များကို ခွင့်ပြုမိန့်များ စဉ်ဆက်မပြတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဌေးမှ အသေးစားလက်လုပ်လက်စား ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းရာ ၂၀၁၈ ခုနှစ်မေလမှစ၍ သတ္တုလုပ်ကွက်လျှောက်ထားမှုများ စတင်လက်ခံခဲ့ရာ ယနေ့ချိန်ထိ မြို့နယ်ပေါင်း (၁၉)မြို့နယ်မှ အသေးစားစမ်းသပ်တိုင်းတာလုပ်ကွက် (၁၁၃)ကွက်၊ လက်လုပ်လက်စား ထုတ်လုပ်ခွင့်လုပ်ကွက် (၂၁၂)ကွက်၊ စုစုပေါင်း(၃၂၅)ကွက် လျှောက်ထားလာကြပြီး (၂၂၄)ကွက်အားကွင်းဆင်းစိစစ်ပြီးဖြစ်ကြောင်းနှင့် (၃၉)ကွက်အား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးသို့ သဘောထားမှတ်ချက် တောင်းခံ ထားကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အသေးစား(၁၀)ကွက်နှင့် လက်လုပ်လက်စားအကွက်(၃၀)ကို ခွင့်ပြုမိန့်ထုတ် ပေးနိုင်ရေး လျာထားခဲ့ပြီး ဘဏ္ဍာငွေကျပ်သိန်းပေါင်း (၂၂၉.၄)သိန်းသာ ရည်မှန်းခဲ့သော်လည်း ယခုအသေးစား(၄)ကွက်နှင့် လက်လုပ်လက်စား(၃)ကွက်အား ခွင့်ပြုမိန့်စတင်ထုတ်ပေးသည်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာငွေစာရင်းသို့ ဘဏ္ဍာငွေကျပ် (၆၆.၂)သိန်းကို စတင်ပေးသွင်းနိုင်ခဲ့သဖြင့် လျာထားချက်ထက်ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရှင်းလင်းသွားသည်။

ဆက်လက်၍ မောက်မယ်မြို့နယ်၊ လေကောင်ဒေသနှင့် ပူရာစန်းဒေသတို့၌ ဂေါဒန်ကျောက် အသေးစားစမ်းသပ် တိုင်းတာရန် ခွင့်ပြုမိန့်အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်ထုတ်ပေးရာ အောင်ဆုဗွေကုမ္ပဏီတာဝန် ရှိသူ တစ်ဦးမှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ ခန္တောဒေသ၌ ဦးဖိုးပု၊ ကညို့ဒေသမှ ဦးမြင့်နိုင်နှင့် ဦးနီဆန်းတို့အား သံကြွယ်ဘော်ဆိုဒ် လက်လုပ်လက်စား ထုတ်လုပ်ရန်ခွင့်ပြုမိန့် တို့ကို အသီးသီးပေးအပ်ခဲ့ပြီး၊ မောက်မယ်မြို့နယ်၊ လေကောင်ဒေသနှင့် ပူရာစန်းဒေသတို့၌ ဂေါဒန်ကျောက် အသေးစားစမ်းသပ် တိုင်းတာရန် ရှမ်းပြည်နယ် လုပ်ကွက်စိစစ် ချထားပေးရေးအဖွဲ့နှင့် အောင်ဆုဗွေကုမ္ပဏီတို့ စာချုပ်၌ လက်မှတ်ရေးထိုးကြ၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

ခရိုင် ပြန်/ဆက်

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 49 guests and no members online