ရှမ်းပြည်နယ်သတင်းများ

Myanmar Commercial Development Co.,Ltd စီမံကိန္းေဖာ္ေဆာင္မႈေၾကာင့္ ေဒသခံျပည္သူမ်ား အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္မည္

ေတာင္ႀကီး ဇန္နဝါရီ - ၁၅

13

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ေဒသႏၲရဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းေကာ္မတီႏွင့္ Myanmar Commercial Development Co.,Ltdတို႔ လုပ္ငန္းသေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးပြဲကို ဇန္နဝါရီ  ၁၅ နံနက္ ၁၁ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က Myanmar Commercial Development Co.,Ltd သည္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ခ႐ိုင္၊ မူဆယ္ၿမိဳ႕နယ္၊ ပန္ခမ္းေက်း႐ြာ၊ ပန္ခမ္း(ေျမာက္)၊ ကြင္းအမွတ္(၂)၊ ေျမကြက္အမွတ္(၃၃/၃၄/၃၅)ရွိ ေျမ ၁၃.၇၆ ဧကတြင္ Operation and management of Hotel and Resort Business လုပ္ငန္းစီမံကိန္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနပါေၾကာင္း၊ ၎စီမံကိန္းႏွင့္ပတ္သက္၍ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ ၁၅ ရက္ေန႔တြင္ က်င္းပျပဳလုပ္သည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ပုံမွန္အစည္းအေဝးခြင့္ျပဳခ်က္အရ လုပ္ထုံး၊ လုပ္နည္းႏွင့္အညီ အဆင့္ဆင့္ေဆာင္႐ြက္ၿပီး ယခုလိုသေဘာတူညီမႈစာခ်ဳပ္ကို ခ်ဳပ္ဆိုရျခင္းျဖစ္ေၾကာင္း၊ စီမံကိန္းလုပ္ငန္းေဆာင္႐ြက္ျခင္းျဖင့္ ေဒသဆိုင္ရာစီးပြားေရးအခြင့္အလမ္းမ်ား တိုးတက္လာၿပီး အလုပ္အကိုင္အခြင့္အလမ္းမ်ား ပိုမိုရရွိေစႏိုင္မည္ျဖစ္၍ ရင္းႏွီး ျမဳပ္ႏွံမႈက႑ ပိုမိုတိုးတက္လာမည္ျဖစ္ေၾကာင္း၊ Myanmar Commercial Development Co.,Ltd သည္ Operation and management of Hotel and Resort Business လုပ္ငန္းစီမံကိန္း တည္ေဆာက္မႈအတြက္ အေမရိကန္ေဒၚလာသန္း(၅၀)ကို က်ခံသုံးစြဲရင္းႏွီးျမဳပ္ႏွံၿပီး စီမံကိန္းဧရိယာ (၁၃.၇၆)ဧကအနက္ လုပ္ငန္းသုံးေဆာက္လုပ္ႏိုင္မည့္ေနရာ ဧရိယာ (၃.၇၉)ဧက အေပၚတြင္ ၁ စတုရန္းေပလ်င္ က်ပ္ (၅၀၀၀)ႏႈန္းျဖင့္ သတ္မွတ္တြက္ခ်က္ကာ ၁၅%ကို စီမံကိန္းအေကာင္အထည္ေဖာ္ခြင့္ ျပဳ သူမွ အက်ိဳးအျမတ္ရရွိမည္ျဖစ္၍ ေဒသခံျပည္သူ ကၽြမ္းက်င္လုပ္သား (၃၁၉)ဦးခန္႔ႏွင့္ အေျခခံလုပ္သား (၁၁၃)ဦးခန္႔တို႔ကို အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္းေျပာၾကားသြားသည္။

Myanmar Commercial Development Co.,Ltd လုပ္ငန္းသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးျခင္းႏွင့္ ပတ္သက္၍ မန္ေနဂ်ာ ဦးဝင္းေအာင္စိုးမွ ရွင္းလင္းရာ စီမံကိန္းတည္ေဆာက္ေရးကာလမွာ (၃)ႏွစ္ျဖစ္ၿပီး၊ ျပည္တြင္းအလုပ္ အကိုင္အေနျဖင့္ (၅၇၆)ဦးကို အလုပ္အကိုင္ရွာေဖြေပးႏိုင္မည္ျဖစ္၍ ႏိုင္ငံေတာ္သို႔ ႏွစ္စဥ္ဝင္ေငြခြန္ႏွင့္ ကုန္သြယ္ခြန္မ်ားလည္း ေပးေဆာင္သြားႏိုင္မည္ျဖစ္ေၾကာင္း၊ အဆိုပါလုပ္ငန္းအေကာင္အထည္ေဖာ္ၿပီးပါက ျမန္မာႏိုင္ငံဘက္မွ စီးပြားေရးလုပ္ငန္းရွင္ မ်ားသည္ တ႐ုတ္ႏိုင္ငံသို႔ စီးပြားေရးကိစၥရပ္မ်ားအတြက္ သြားေရာက္ရာတြင္ တ႐ုတ္ႏိုင္ငံတြင္ တည္းခိုစရာမလိုဘဲ မိမိႏိုင္ငံ တြင္သာ တည္းခိုႏိုင္ျခင္း၊ ႏိုင္ငံေတာ္အဆင့္ရွိ စီးပြားေရးဖိုရမ္မ်ားႏွင့္ နယ္စပ္ကုန္သြယ္ေရးအစည္းအေဝးမ်ားကိုလည္း ဟိုတယ္တြင္ လက္ခံက်င္းပႏိုင္ျခင္း၊ ႏိုင္ငံေတာ္ႏွင့္ ရွမ္းျပည္နယ္၏ လူမႈေရး၊ စီးပြားေရး၊ လမ္းပန္းဆက္သြယ္ေရး တိုးတက္ ေကာင္းမြန္ရန္အတြက္ ၎စီမံကိန္းမွ အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသြားသည္။

ဆက္လက္၍ လုပ္ငန္းသေဘာတူစာခ်ဳပ္လက္မွတ္ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ေဒသႏၲရဖြံ႕ၿဖိဳး တိုးတက္ေရး စီမံကိန္းေကာ္မတီႏွင့္ Myanmar Commercial Development Co.,Ltdတို႔ ေရးထိုးၾကၿပီး၊ စာခ်ဳပ္မ်ားအျပန္အလွန္ လဲလွယ္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)

၀၉-၂၅၀၁၃၂၉၄၃

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

Myanmar Commercial Development Co.,Ltd စီမံကိန်းဖော်ဆောင်မှုကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် 

တောင်ကြီး ဇန်နဝါရီ - ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီနှင့် Myanmar Commercial Development Co.,Ltdတို့ လုပ်ငန်းသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီ  ၁၅ နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က Myanmar Commercial Development Co.,Ltd သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာ၊ ပန်ခမ်း(မြောက်)၊ ကွင်းအမှတ်(၂)၊ မြေကွက်အမှတ်(၃၃/၃၄/၃၅)ရှိ မြေ ၁၃.၇၆ ဧကတွင် Operation and management of Hotel and Resort Business လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ၎င်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးခွင့်ပြုချက်အရ လုပ်ထုံး၊ လုပ်နည်းနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ပြီး ယခုလိုသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုရခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ဒေသဆိုင်ရာစီးပွားရေးအခွင့်အလမ်းများ တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်မည်ဖြစ်၍ ရင်းနှီး မြုပ်နှံမှုကဏ္ဍ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ Myanmar Commercial Development Co.,Ltd သည် Operation and management of Hotel and Resort Business လုပ်ငန်းစီမံကိန်း တည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာသန်း(၅၀)ကို ကျခံသုံးစွဲရင်းနှီးမြုပ်နှံပြီး စီမံကိန်းဧရိယာ (၁၃.၇၆)ဧကအနက် လုပ်ငန်းသုံးဆောက်လုပ်နိုင်မည့်နေရာ ဧရိယာ (၃.၇၉)ဧက အပေါ်တွင် ၁ စတုရန်းပေလျင် ကျပ် (၅၀၀၀)နှုန်းဖြင့် သတ်မှတ်တွက်ချက်ကာ ၁၅%ကို စီမံကိန်းအကောင်အထည်ဖော်ခွင့် ပြု သူမှ အကျိုးအမြတ်ရရှိမည်ဖြစ်၍ ဒေသခံပြည်သူ ကျွမ်းကျင်လုပ်သား (၃၁၉)ဦးခန့်နှင့် အခြေခံလုပ်သား (၁၁၃)ဦးခန့်တို့ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းပြောကြားသွားသည်။

Myanmar Commercial Development Co.,Ltd လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ မန်နေဂျာ ဦးဝင်းအောင်စိုးမှ ရှင်းလင်းရာ စီမံကိန်းတည်ဆောက်ရေးကာလမှာ (၃)နှစ်ဖြစ်ပြီး၊ ပြည်တွင်းအလုပ် အကိုင်အနေဖြင့် (၅၇၆)ဦးကို အလုပ်အကိုင်ရှာဖွေပေးနိုင်မည်ဖြစ်၍ နိုင်ငံတော်သို့ နှစ်စဉ်ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များလည်း ပေးဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းအကောင်အထည်ဖော်ပြီးပါက မြန်မာနိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းရှင် များသည် တရုတ်နိုင်ငံသို့ စီးပွားရေးကိစ္စရပ်များအတွက် သွားရောက်ရာတွင် တရုတ်နိုင်ငံတွင် တည်းခိုစရာမလိုဘဲ မိမိနိုင်ငံ တွင်သာ တည်းခိုနိုင်ခြင်း၊ နိုင်ငံတော်အဆင့်ရှိ စီးပွားရေးဖိုရမ်များနှင့် နယ်စပ်ကုန်သွယ်ရေးအစည်းအဝေးများကိုလည်း ဟိုတယ်တွင် လက်ခံကျင်းပနိုင်ခြင်း၊ နိုင်ငံတော်နှင့် ရှမ်းပြည်နယ်၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်ရန်အတွက် ၎င်းစီမံကိန်းမှ အထောက်အကူပြုမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားသည်။

ဆက်လက်၍ လုပ်ငန်းသဘောတူစာချုပ်လက်မှတ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဒေသန္တရဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကော်မတီနှင့် Myanmar Commercial Development Co.,Ltdတို့ ရေးထိုးကြပြီး၊ စာချုပ်များအပြန်အလှန် လဲလှယ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 61 guests and no members online

Latest Updates