ရှမ်းပြည်နယ်သတင်းများ

ပညာေရးစုံညီပြဲေတာ္ႏွင့္ ဘက္စုံပညာထူးခၽြန္ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားက်င္းပ

ကေလာ ဇန္နဝါရီ - ၁၅

14

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ အ.ထ.က (၁)ကေလာ ပညာေရးစုံညီပြဲေတာ္ႏွင့္ ဘက္စုံပညာထူးခၽြန္ဆု ခ်ီးျမႇင့္ျခင္း အခမ္းအနားကို ဇန္နဝါရီလ(၁၄)ရက္ နံနက္ (၁၀)နာရီက ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕၊ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္း၊ ေတဇခန္းမ၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း  သိရသည္။

         ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္သူ႕ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚၿပဳံးေကသီႏိုင္၊ ျပည္နယ္ပညာေရးမႉး ဦးဝင္းေမာင္၊ ေက်ာင္းအုပ္ ဆရာမႀကီး ေဒၚျမျမခိုင္၊ ေက်ာင္းအက်ိဳးေတာ္ေဆာင္ ဦးျမေသာင္းတို႔မွ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ပညာေရးစုံညီ ပြဲေတာ္ကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ အမွာစကားေျပာၾကားၿပီး အားကစားပစၥည္းမ်ိဳးစုံႏွင့္ ေက်ာင္းသုံးဗလာစာအုပ္ ဒါဇင္(၁၀၀)လႉဒါန္းရာ ေက်ာင္းအုပ္ဆရာမႀကီးမွ လက္ခံယူခဲ့ေၾကာင္း၊ ပညာေရးစုံညီပြဲျဖစ္ေျမာက္ေရးအတြက္ ကူညီလႉဒါန္းေပးခဲ့ၾကေသာ အလႉရွင္မ်ား အား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္ခဲ့ၿပီး ဘက္စုံထူးခၽြန္ဆု အဂၤလိပ္စာစြမ္းရည္ၿပိဳင္ပြဲတြင္ ဗဟိုအဆင့္(၃)ႏွစ္ဆက္တိုက္ရရွိခဲ့သူ သတၱမတန္းမွ ေမာင္လင္းမာန္ခန္႔အား ျပည္နယ္လူမႈေရးဝန္ႀကီးမွ ဂုဏ္ျပဳဆုေပးအပ္ခ်ီးျမႇင့္ခဲ့ကာ  ျပည္နယ္ပညာေရးမႉးဦးဝင္းေမာင္၊ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၿပဳံးေကသီႏိုင္ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမႉး ဦးခင္မင္းတို႔မွ ဆုရရွိသူမ်ားကို ဆုမ်ားအသီးသီးေပးအပ္ခဲ့ ေၾကာင္း သိရသည္။

၎ေနာက္ ေက်ာင္းအက်ိဳးေတာ္ေဆာင္ ဦးျမေကာင္းမွ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားခဲ့ၿပီး နဝမတန္းေက်ာင္းသူမ်ားမွ "မေလးလက္ခတ္သံ"သီခ်င္းျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကေၾကာင္းသိရသည္။

အဆိုပါအခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၿပဳံးေကသီႏိုင္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးသန္းထိုက္၊ ျပည္နယ္ပညာေရးမႉး ဦးဝင္းေမာင္၊ ကေလာၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမႉး ဦးခင္မင္းႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ အမ်ိဳးသမီးေရးရာအဖြဲ႕ဝင္မ်ား၊ အလႉရွင္မ်ား၊ ေက်ာင္းသားမိဘမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား စုစုေပါင္း(၈၀၀) ဦးခန္႔ တက္ေရာက္ေၾကာင္းသိရသည္။

အစရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကလော ဇန်နဝါရီ - ၁၅

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အ.ထ.က (၁)ကလော ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဇန်နဝါရီလ(၁၄)ရက် နံနက် (၁၀)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

         ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြခိုင်၊ ကျောင်းအကျိုးတော်ဆောင် ဦးမြသောင်းတို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အမှာစကားပြောကြားပြီး အားကစားပစ္စည်းမျိုးစုံနှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၀၀)လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံယူခဲ့ကြောင်း၊ ပညာရေးစုံညီပွဲဖြစ်မြောက်ရေးအတွက် ကူညီလှူဒါန်းပေးခဲ့ကြသော အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ဘက်စုံထူးချွန်ဆု အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဗဟိုအဆင့်(၃)နှစ်ဆက်တိုက်ရရှိခဲ့သူ သတ္တမတန်းမှ မောင်လင်းမာန်ခန့်အား ပြည်နယ်လူမှုရေးဝန်ကြီးမှ ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ကာ  ပြည်နယ်ပညာရေးမှူးဦးဝင်းမောင်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်နှင့် မြို့နယ်အုပ်ချူပ်ရေးမှူး ဦးခင်မင်းတို့မှ ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ခဲ့ ကြောင်း သိရသည်။

၎င်းနောက် ကျောင်းအကျိုးတော်ဆောင် ဦးမြကောင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး နဝမတန်းကျောင်းသူများမှ "မလေးလက်ခတ်သံ"သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းထိုက်၊ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်၊ ကလောမြို့နယ်အုပ်ချူပ်ရေးမှူး ဦးခင်မင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၈၀၀) ဦးခန့် တက်ရောက်ကြောင်းသိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 45 guests and no members online