ရှမ်းပြည်နယ်သတင်းများ

ျမန္မာႏိုင္ငံဆရာဝန္အသင္း(ေတာင္ႀကီး)၏ ညီလာခံဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ေဖေဖာ္ဝါရီ - ၁၃

20

ျမန္မာႏိုင္ငံဆရာဝန္အသင္း(ေတာင္ႀကီး)၏ (၁၉)ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ညီလာခံဖြင့္ပြဲကို ေဖေဖာ္ဝါရီ (၁၃)ရက္ နံနက္ ၈ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျမန္မာႏိုင္ငံဆရာဝန္အသင္းခန္းမ၌က်င္းပေၾကာင္းသိရသည္။

(၁၉)ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ညီလာခံဖြင့္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ ျမန္မာႏိုင္ငံဆရာဝန္အသင္း(ဗဟို) ဒုတိယဥကၠဌပါေမာကၡခ်ဳပ္ ေဒါက္တာ ေအးေအာင္ တို႔မွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔သည္ ေဆးႏွင့္ေဆးပစၥည္းျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကသည္။

ဆက္လက္၍ ခန္းမအတြင္း၌ ဆရာဝန္မ်ား၏ အဓိဌာန္ျပဳကတိသစၥာအား စုေပါင္း႐ြတ္ဆိုၾကၿပီး၊ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျမန္မာႏိုင္ငံဆရာဝန္အသင္း(ေတာင္ႀကီး)၏ ႏွစ္ပတ္လည္ညီလာခံကို စဥ္ဆက္မျပတ္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပလာသည္မွာ (၁၉)ႀကိမ္ေျမာက္ရွိၿပီျဖစ္ေၾကာင္း၊ ႏွစ္ပတ္လည္ညီလာခံႏွင့္အတူ ေဆးပညာ ဖြံ႕ၿဖိဳးေရး စာတမ္းဖတ္ပြဲမ်ား၊ ဆရာဝန္မ်ားအခ်င္းခ်င္း ရင္းႏွီးခ်စ္ၾကည္မႈရရွိေစၿပီး၊ အားကစားၿပိဳင္ပြဲမ်ား၊ ေဆးကုမၸဏီ အသီးသီးမွ ေနာက္ဆုံးေပၚေဆးဝါးႏွင့္ ေဆးပစၥည္းျပခန္းမ်ားႏွင့္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္က်င္းပသည္ကို သိရပါေၾကာင္း၊ ညီလာခံတြင္ အနယ္နယ္အရပ္ရပ္မွ ပညာရွင္ဆရာႀကီး၊ ဆရာမႀကီးမ်ားမွ စာတမ္းမ်ားဖတ္ၾကားသြားမည္ျဖစ္၍ ေဆြးေႏြးပြဲမွ ရရွိလာမည့္ရလဒ္မ်ားသည္ ရွမ္းျပည္နယ္ရွိ ျပည္နယ္သူ၊ ျပည္နယ္သားမ်ားကို က်န္းမာေရးေစာင့္ေရွာက္မႈေပးရာတြင္ မ်ားစြာ အေထာက္အကူျဖစ္ေစမည္ျဖစ္ေၾကာင္း တစ္မ်ိဳးသားလုံး က်န္းမာႀကံ႕ခိုင္ေရးႏွင့္ ပညာရည္ျမင့္မားေရးဦးတည္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည္ဟုေမၽွာ္လင့္ပါေၾကာင္း၊ ေဒသတြင္း က်န္းမာေရးေစာင့္ေရွာက္မႈ အဆင့္ျမႇင့္တင္မႈလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ သက္ဆိုင္ရာဌာနမ်ား အသီးသီးေပါင္းစပ္၍ ေဆာင္႐ြက္လၽွက္ရွိ ပါေၾကာင္း၊ ၂၀၁၈- ၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း က်န္းမာေရးဝန္ႀကီးဌာနမွ ရွမ္းျပည္နယ္အတြင္းရွိ ေဆး႐ုံမ်ားႏွင့္ က်န္းမာေရးဌာနမ်ားအတြက္ တင္ဒါစနစ္ျဖင့္ ေဆးဝါးမ်ားဝယ္ယူရန္ ရန္ပုံေငြစုစုေပါင္း (၁၈၃၄)သန္းေက်ာ္ ခြဲေဝခ်ထားေပးၿပီး ျဖစ္၍ ျပည္နယ္အစိုးရအဖြဲ႕၏ ႀကီးၾကပ္လမ္းၫႊန္မႈျဖင့္ စနစ္တက် တင္ဒါေခၚယူကာ ေအာင္ျမင္ေသာ ေဆးကုမၸဏီမ်ားမွ တဆင့္ ေဆး႐ုံမ်ား၊ က်န္းမာေရးဌာနမ်ားအေရာက္ ျဖန္႔ျဖဴးေထာက္ပံ့ေပးေနသည္ကိုအသိေပးလိုေၾကာင္း၊ အေထြေထြေရာဂါကု ဆရာဝန္မ်ားသည္ ၿမိဳ႕ျပ၊ ေက်းလက္ေနရာအႏွံ႔တြင္ ျပည္သူမ်ားႏွင့္ အနီးဆုံးေနရာတြင္ ရွိေနသည့္အတြက္ ျပည္သူ႕က်န္းမာေရး ေစာင့္ေရွာက္မႈေပးသည့္ က႑တြင္ ကူညီေဆာင္႐ြက္ေပးၾကရန္သာမက ေရာဂါတိုက္ဖ်က္ေရးႏွင့္ က်န္းမာေရး ပညာေပးျခင္း လုပ္ငန္းမ်ားကို ပူးေပါင္းပါဝင္ေပးၾကရန္ တိုက္တြန္းလိုေၾကာင္း ေျပာၾကားသြားသည္။

ထို႔ေနာက္ ျမန္မာႏိုင္ငံဆရာဝန္အသင္း(ဗဟို) ဒုတိယဥကၠဌပါေမာကၡခ်ဳပ္ ေဒါက္တာ ေအးေအာင္က အမွာစကား ေျပာၾကားသည္။ အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျမန္မာႏိုင္ငံ ဆရာဝန္အသင္း(ဗဟို) ဒုဥကၠဌႏွင့္အဖြဲ႕ဝင္မ်ား၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ ျမန္မာႏိုင္ငံဆရာဝန္အသင္းဝင္မ်ား တက္ေရာက္ၾကၿပီး၊ အခမ္းအနားကို ေဖေဖာ္ဝါရီ (၁၃)ရက္မွ (၁၆)ရက္ေန႔အထိက်င္းပသြားမည္ျဖစ္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

09250132943

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၏ ညီလာခံဖွင့်ပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၁၃

မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၃)ရက် နံနက် ၈ နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ၌ကျင်းပကြောင်းသိရသည်။

(၁၉)ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဌပါမောက္ခချုပ် ဒေါက်တာ အေးအောင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ဆေးနှင့်ဆေးပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ခန်းမအတွင်း၌ ဆရာဝန်များ၏ အဓိဌာန်ပြုကတိသစ္စာအား စုပေါင်းရွတ်ဆိုကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၏ နှစ်ပတ်လည်ညီလာခံကို စဉ်ဆက်မပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပလာသည်မှာ (၁၉)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ နှစ်ပတ်လည်ညီလာခံနှင့်အတူ ဆေးပညာ ဖွံ့ဖြိုးရေး စာတမ်းဖတ်ပွဲများ၊ ဆရာဝန်များအချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိစေပြီး၊ အားကစားပြိုင်ပွဲများ၊ ဆေးကုမ္ပဏီ အသီးသီးမှ နောက်ဆုံးပေါ်ဆေးဝါးနှင့် ဆေးပစ္စည်းပြခန်းများနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပသည်ကို သိရပါကြောင်း၊ ညီလာခံတွင် အနယ်နယ်အရပ်ရပ်မှ ပညာရှင်ဆရာကြီး၊ ဆရာမကြီးများမှ စာတမ်းများဖတ်ကြားသွားမည်ဖြစ်၍ ဆွေးနွေးပွဲမှ ရရှိလာမည့်ရလဒ်များသည် ရှမ်းပြည်နယ်ရှိ ပြည်နယ်သူ၊ ပြည်နယ်သားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဦးတည်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ အသီးသီးပေါင်းစပ်၍ ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများနှင့် ကျန်းမာရေးဌာနများအတွက် တင်ဒါစနစ်ဖြင့် ဆေးဝါးများဝယ်ယူရန် ရန်ပုံငွေစုစုပေါင်း (၁၈၃၄)သန်းကျော် ခွဲဝေချထားပေးပြီး ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စနစ်တကျ တင်ဒါခေါ်ယူကာ အောင်မြင်သော ဆေးကုမ္ပဏီများမှ တဆင့် ဆေးရုံများ၊ ကျန်းမာရေးဌာနများအရောက် ဖြန့်ဖြူးထောက်ပံ့ပေးနေသည်ကိုအသိပေးလိုကြောင်း၊ အထွေထွေရောဂါကု ဆရာဝန်များသည် မြို့ပြ၊ ကျေးလက်နေရာအနှံ့တွင် ပြည်သူများနှင့် အနီးဆုံးနေရာတွင် ရှိနေသည့်အတွက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ကဏ္ဍတွင် ကူညီဆောင်ရွက်ပေးကြရန်သာမက ရောဂါတိုက်ဖျက်ရေးနှင့် ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသွားသည်။

ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဌပါမောက္ခချုပ် ဒေါက်တာ အေးအောင်က အမှာစကား ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဒုဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များ တက်ရောက်ကြပြီး၊ အခမ်းအနားကို ဖေဖော်ဝါရီ (၁၃)ရက်မှ (၁၆)ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 60 guests and no members online