ရှမ်းပြည်နယ်သတင်းများ


နမ့်ဆန် ဖေဖော်ဝါရီ - ၂၀

24



အစရ(ရှမ်း)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်း

နမ့်ဆန် ဖေဖော်ဝါရီ - ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံ့ဆိုင်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့်အဖွဲ့သည်  ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နှင့်  မန်တုံ မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေးပြီး တာဝန် ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါခရီးစဉ်အတွင်း နမ့်ဆန်နှင့် မန်တုံမြို့နယ်များအတွက် ပြည်နယ်လူမှုရေးဝန်ကြီးမှ ဗလာ စာအုပ် ဒါဇင်(၂၀၀)စီနှင့် အားကစားပစ္စည်းများအားလည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးမှ ရေပိုက်များအားလည်းကောင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ မူကြိုကျောင်းသုံး အထောက် အကူပြုပစ္စည်းများအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 47 guests and no members online

Latest Updates