ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး တည္ေဆာက္ေရးလုပ္ငန္းမ်ားအား ကြင္းဆင္းစစ္ေဆး

သီေပါ ေဖေဖာ္ဝါရီ -၂၀

25

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔သည္ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔က သီေပါၿမိဳ႕၊ ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ မ်ားသို႔သြားေရာက္ကာ က်န္းမာေရး၊ အားကစားကြင္း ဆိုင္ရာတည္ေဆာက္ေရး လုပ္ငန္းခြင္မ်ားသို႔ တာဝန္ရွိသူမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးၿပီး တည္ေဆာက္ေရးလုပ္ငန္းမ်ား အခ်ိန္မီၿပီးစီးေရး၊စံခ်ိန္စံၫႊန္းျပည့္မီေရး၊ ေပါင္းစပ္ၫွိႏႈိင္းေဆာင္႐ြက္ေရး ကိစၥရပ္မ်ားကို တည္ေဆာက္ေရး ကုမၸဏီမ်ားမွ တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာ အႀကီးအကဲမ်ား တို႔အား မွာၾကားခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔သည္ စည္ပင္သာယာေရးႏွင့္ က်န္းမာေရး ဌာနတို႔မွ သန္႔ရွင္းေရးဝန္ထမ္းမ်ားအား သီေပါေဆး႐ုံမွ ကာကြယ္ေဆးထိုးႏွံေပးမႈအား ၾကည့္႐ႈ အားေပးခဲ့ၿပီး၊ ေနာင္ခ်ိဳၿမိဳ႕နယ္မွ က်န္းမာေရး ဝန္ထမ္းမ်ားႏွင့္ ေတြ႕ဆုံကာ ျပည္သူလူထုယုံၾကည္ အားကိုးသည့္ ေဆး႐ုံ၊ ေဆးခန္းမ်ားျဖစ္ေအာင္ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ရန္ မွာၾကားခဲ့ေၾကာင္း သိရွိရသည္။

အစရ(ရွမ္း)

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

သီပေါ ဖေဖော်ဝါရီ -၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့က သီပေါမြို့၊ နောင်ချိုမြို့၊ ကျောက်မဲမြို့ များသို့သွားရောက်ကာ ကျန်းမာရေး၊ အားကစားကွင်း ဆိုင်ရာတည်ဆောက်ရေး လုပ်ငန်းခွင်များသို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊စံချိန်စံညွှန်းပြည့်မီရေး၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး ကိစ္စရပ်များကို တည်ဆောက်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တို့အား မှာကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် စည်ပင်သာယာရေးနှင့် ကျန်းမာရေး ဌာနတို့မှ သန့်ရှင်းရေးဝန်ထမ်းများအား သီပေါဆေးရုံမှ ကာကွယ်ဆေးထိုးနှံပေးမှုအား ကြည့်ရှု အားပေးခဲ့ပြီး၊ နောင်ချိုမြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်သူလူထုယုံကြည် အားကိုးသည့် ဆေးရုံ၊ ဆေးခန်းများဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 65 guests and no members online