ရှမ်းပြည်နယ်သတင်းများ

အရည္အေသြးျပည့္ဝေသာ သားပ်က္သားေလၽွာ လူနာျပဳစုကုသျခင္းစီမံကိန္း စတင္ ေဆာင္႐ြက္ျခင္းႏွင့္ လုပ္ငန္းအစီအစဥ္မ်ား အသိေပးေဆြးေႏြးပြဲက်င္းပ

ေတာင္ႀကီး ေဖေဖာ္ဝါရီ - ၂၆

30

၂၀၁၉ ဇန္နဝါရီလ ၂၆ ရက္ေန႔ နံနက္ ၉ နာရီက ရွမ္းျပည္နယ္ကုသေရးႏွင့္ က်န္းမာေရး ဦးစီးဌာန အစည္းအေဝးခန္းမတြင္ က်င္းပျပဳလုပ္ေသာ အရည္အေသြးျပည့္ဝေသာ သားပ်က္ သားေလၽွာ လူနာျပဳစုကုသျခင္းစီမံကိန္း စတင္ေဆာင္႐ြက္ျခင္းႏွင့္လုပ္ငန္းအစီအစဥ္မ်ား အသိေပး ေဆြးေႏြးပြဲကို က်င္းပခဲ့ေၾကာင္းသိရသည္။

အဆိုပါ ေဆြးေႏြးပြဲသို႔ ရွမ္းျပည္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းက တက္ေရာက္၍ အဖြင့္မိန္႔ခြန္းေျပာၾကားရာ ျမန္မာႏိုင္ငံသည္ အိမ္နီးခ်င္းအာရွႏိုင္ငံမ်ားထဲတြင္ မိခင္ေသဆုံးမႈျမင့္မားေသာ ႏိုင္ငံတစ္ခုျဖစ္ေၾကာင္း၊ မိခင္ေသဆုံးမႈေလၽွာ႔ခ်ရန္ ေခတ္အဆက္ဆက္ ႀကိဳးစားခဲ့ေသာ္လည္း ေထာင္စုႏွစ္ ရည္မွန္းခ်က္မျပည့္မီေသးေၾကာင္း၊ သကၠရာဇ္ ၂၀၃၀ မွာ ရည္မွန္းခ်က္ျပည့္မီေစရန္ ကုလသမဂၢအဖြဲ႕က တိုက္တြန္းထားေၾကာင္း၊ ထို႔ေၾကာင့္ရွမ္းျပည္နယ္ တြင္ အရည္အေသြးျပည့္ဝသည့္ သားပ်က္သားေလၽွာ လူနာျပဳစုကုသျခင္းစီမံကိန္း လာေရာက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သည္ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ဝမ္းေျမာက္စြာႀကိဳဆိုေၾကာင္း၊ ပံ့ပိုးကူညီေပးေသာ  Ipas  အဖြဲ႕ကို အထူးေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ မိခင္ႏွင့္ကေလးက်န္းမာေရး အဆင့္အတန္းျမင့္မားလာေရးအတြက္ ဝိုင္းဝန္းႀကိဳးစားေဆာင္႐ြက္ၾကရန္ တိုက္တြန္းေၾကာင္း ေျပားၾကားခဲ့သည္။

အစရ(ရွမ္း)

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အရည်အသွေးပြည့်ဝသော သားပျက်သားလျှော လူနာပြုစုကုသခြင်းစီမံကိန်း စတင် ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းအစီအစဉ်များ အသိပေးဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၂၆

၂၀၁၉ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော အရည်အသွေးပြည့်ဝသော သားပျက် သားလျှော လူနာပြုစုကုသခြင်းစီမံကိန်း စတင်ဆောင်ရွက်ခြင်းနှင့်လုပ်ငန်းအစီအစဉ်များ အသိပေး ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံသည် အိမ်နီးချင်းအာရှနိုင်ငံများထဲတွင် မိခင်သေဆုံးမှုမြင့်မားသော နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိခင်သေဆုံးမှုလျှော့ချရန် ခေတ်အဆက်ဆက် ကြိုးစားခဲ့သော်လည်း ထောင်စုနှစ် ရည်မှန်းချက်မပြည့်မီသေးကြောင်း၊ သက္ကရာဇ် ၂၀၃၀ မှာ ရည်မှန်းချက်ပြည့်မီစေရန် ကုလသမဂ္ဂအဖွဲ့က တိုက်တွန်းထားကြောင်း၊ ထို့ကြောင့်ရှမ်းပြည်နယ် တွင် အရည်အသွေးပြည့်ဝသည့် သားပျက်သားလျှော လူနာပြုစုကုသခြင်းစီမံကိန်း လာရောက် အကောင်အထည်ဖော်ဆောင်ရွက်သည်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝမ်းမြောက်စွာကြိုဆိုကြောင်း၊ ပံ့ပိုးကူညီပေးသော  Ipas  အဖွဲ့ကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မိခင်နှင့်ကလေးကျန်းမာရေး အဆင့်အတန်းမြင့်မားလာရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြေားကြားခဲ့သည်။

အစရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 51 guests and no members online