ရှမ်းပြည်နယ်သတင်းများ

ျပည္နယ္အဆင့္ ျမစိမ္းေရာင္ေက်း႐ြာစီမံကိန္း သုံးသပ္ပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး မတ္ - ၁

34

ရွမ္းျပည္နယ္ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန၊ ျပည္နယ္အဆင့္ ျမစိမ္းေရာင္ေက်း႐ြာ စီမံကိန္း သုံးသပ္ေဆြးေႏြးပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲကို မတ္လ ၁ ရက္၊ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္းသိရသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေက်းလက္ေနျပည္သူမ်ား၏ အလုပ္အကိုင္အခြင့္အလမ္း ဖန္တီးေပးရန္ မိသားစု ဝင္ေငြတိုးပြားရန္ႏွင့္ တစ္ပိုင္တစ္ႏိုင္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္းျဖင့္ အာဟာရျပည့္ဝေစရန္ ရည္မွန္းၿပီး ျမစိမ္းေရာင္ ေက်း႐ြာစီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ျမစိမ္းေရာင္ ေက်း႐ြာစီမံကိန္း အဓိကရည္႐ြယ္ခ်က္မွာ အလုပ္အကိုင္အခြင့္အလမ္းႏွင့္ မိသားစုဝင္ေငြတိုးပြားလာေစျခင္းျဖင့္ ေက်းလက္ေဒသဆင္းရဲမႈႏႈန္းကို ေလ်ာ့ခ်ရန္၊ တစ္ႏိုင္တစ္ပိုင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ျခင္း ျဖင့္ စားနပ္ရိကၡာဖူလုံေစရန္ႏွင့္ အာဟာရျပည့္ဝေစရန္၊ လည္ပတ္ရန္ပုံေငြစနစ္တြင္ အဖြဲ႕မွ သေဘာတူေသာ အတိုး ေငြထည့္ဝင္၍ တိုးပြားလာေသာေငြျဖင့္ ေက်း႐ြာ၏ လိုအပ္ခ်က္ႏွင့္ ေက်း႐ြာဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ေက်း႐ြာမွ ကိုယ္တိုင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ ေက်းလက္လူထု၏ စြမ္းေဆာင္ရည္တိုးတက္လာေစရန္ႏွင့္ မေမၽွာ္မွန္းႏိုင္ေသာ ေဘးအႏၲရာယ္မ်ား က်ေရာက္လာပါက တုံျပန္မႈအားေကာင္းေသာ လူမႈအဖြဲ႕အစည္းမ်ား ေပၚေပါက္လာေစရန္တို႔ျဖစ္ပါေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က ေျပာၾကားသြားသည္။

ျမစိမ္းေရာင္ေက်း႐ြာစီမံကိန္းကို စီမံကိန္းေဆာင္႐ြက္မည့္ ေက်း႐ြာအား အရင္းမေပ်ာက္ လည္ပတ္ရန္ပုံေငြ က်ပ္သိန္း (၃၀၀)အား ႏိုင္ငံေတာ္ဘတ္ဂ်တ္မွ မတည္ေပးၿပီး သက္ဆိုင္ရာေက်း႐ြာအလိုက္ သက္သာေသာ အတိုးႏႈန္း သတ္မွတ္ရယူျခင္းျဖင့္ ရန္ပုံေငြပမာဏတိုးပြားလာကာ ေရရွည္တည္တံ့ေစမည့္ နည္းလမ္းကို အသုံးျပဳ ထားျခင္းျဖစ္၍ ေက်း႐ြာေကာ္မတီက အမ်ားသေဘာတူညီခ်က္ျဖင့္ အတိုးႏႈန္းကို တစ္လလၽွင္ (၅၀)ျပားမွ ၁ က်ပ္ ၅၀ ျပားႏႈန္းအတြင္း သတ္မွတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ေက်း႐ြာသူ/ေက်း႐ြာသားမ်ားအေနျဖင့္ စီမံကိန္း ရန္ပုံေငြျဖင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ေရလုပ္ငန္း၊ မီးလင္းေရး၊ ကုန္ထုတ္လုပ္ငန္း၊ အေရာင္းအဝယ္ႏွင့္ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ား စသည့္ ဝင္ေငြတိုးပြားေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္တာျဖစ္ေၾကာင္း ၎ကေျပာၾကားသြားသည္။

ဆက္လက္၍ ျမစိမ္းေရာင္စီမံကိန္းအေကာင္းဆုံးဆုရရွိသည့္ ေက်း႐ြာမ်ားအား ဆုခ်ီးျမႇင့္ရာ တတိယဆု ရရွိေသာ ပင္းတယၿမိဳ႕နယ္ သရက္ကုန္းေက်း႐ြာ၊ ဟိုပန္ၿမိဳ႕နယ္ ေနာင္အြန္ေက်း႐ြာ၊ မိုင္းတုံၿမိဳ႕နယ္ စမ္းသီတာ ေက်း႐ြာတို႔အား ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္မွ ဆုခ်ီးျမႇင့္၍လည္းေကာင္း၊ ဒုတိယ ဆုရရွိေသာ လင္းေခးၿမိဳ႕နယ္ ဒါးဆိပ္ေက်း႐ြာ၊ သိႏၷီၿမိဳ႕နယ္ ခမ္းတိမ္း+ဟိုနားေက်း႐ြာ၊ မိုင္းပ်ဥ္းၿမိဳ႕နယ္ စုပုံေက်း႐ြာ တို႔ကို ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္မွ ဆုခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ ပထမဆုရရွိေသာ ႐ြာငံ ၿမိဳ႕နယ္ ဒလပင္ေက်း႐ြာ၊ မိုးမိတ္ၿမိဳ႕နယ္ နမီေက်း႐ြာ၊ က်ိဳင္းတုံၿမိဳ႕နယ္ နမ့္ေအာ္ေက်း႐ြာတို႔အား ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အသီးသီးဆုခ်ီးျမႇင့္ေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

09250132943

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး မတ် - ၁

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကို မတ်လ ၁ ရက်၊ နံနက် ၉ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် မိသားစု ဝင်ငွေတိုးပွားရန်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်ဝစေရန် ရည်မှန်းပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း အဓိကရည်ရွယ်ချက်မှာ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း ဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊ လည်ပတ်ရန်ပုံငွေစနစ်တွင် အဖွဲ့မှ သဘောတူသော အတိုး ငွေထည့်ဝင်၍ တိုးပွားလာသောငွေဖြင့် ကျေးရွာ၏ လိုအပ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်တို့ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပြောကြားသွားသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို စီမံကိန်းဆောင်ရွက်မည့် ကျေးရွာအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)အား နိုင်ငံတော်ဘတ်ဂျတ်မှ မတည်ပေးပြီး သက်ဆိုင်ရာကျေးရွာအလိုက် သက်သာသော အတိုးနှုန်း သတ်မှတ်ရယူခြင်းဖြင့် ရန်ပုံငွေပမာဏတိုးပွားလာကာ ရေရှည်တည်တံ့စေမည့် နည်းလမ်းကို အသုံးပြု ထားခြင်းဖြစ်၍ ကျေးရွာကော်မတီက အများသဘောတူညီချက်ဖြင့် အတိုးနှုန်းကို တစ်လလျှင် (၅၀)ပြားမှ ၁ ကျပ် ၅၀ ပြားနှုန်းအတွင်း သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျေးရွာသူ/ကျေးရွာသားများအနေဖြင့် စီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်တာဖြစ်ကြောင်း ၎င်းကပြောကြားသွားသည်။

ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းအကောင်းဆုံးဆုရရှိသည့် ကျေးရွာများအား ဆုချီးမြှင့်ရာ တတိယဆု ရရှိသော ပင်းတယမြို့နယ် သရက်ကုန်းကျေးရွာ၊ ဟိုပန်မြို့နယ် နောင်အွန်ကျေးရွာ၊ မိုင်းတုံမြို့နယ် စမ်းသီတာ ကျေးရွာတို့အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ဆုချီးမြှင့်၍လည်းကောင်း၊ ဒုတိယ ဆုရရှိသော လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာ၊ သိန္နီမြို့နယ် ခမ်းတိမ်း+ဟိုနားကျေးရွာ၊ မိုင်းပျဉ်းမြို့နယ် စုပုံကျေးရွာ တို့ကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော ရွာငံ မြို့နယ် ဒလပင်ကျေးရွာ၊ မိုးမိတ်မြို့နယ် နမီကျေးရွာ၊ ကျိုင်းတုံမြို့နယ် နမ့်အော်ကျေးရွာတို့အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အသီးသီးဆုချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 126 guests and no members online

Latest Updates