ရှမ်းပြည်နယ်သတင်းများ

တန္႕ယန္းေဒသဖြံ႕ျဖိဳးေရးအတြက္ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ေဒသခံျပည္သူမ်ားေတြ႕ဆုံ

တန္႕ယန္း       မတ္- ၃

37

ရွမ္းျပည္နယ္ဝန္ၾကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ၾကီးမ်ား၊ တိုင္းရင္းသားလူမ်ဳိးေရးရာဝန္ၾကီးမ်ား၊ ျပည္နယ္ ဥပေဒခ်ဳပ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႔အတြင္းေရးမွဴး၊ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္အတူ မတ္(၃)ရက္ နံနက္(၉)နာရီခြဲကတန္႕ယန္းျမိဳ႕နယ္ခန္းမတြင္ေဒသဖြံ႕ျဖိဳေရးအတြက္ျပည္သူမ်ားဌာနဆိုင္ရာမ်ားရပ္မိရပ္ဖမ်ားႏွင့္ေတြ႕ဆုံေၾကာင္းသိရသည္။

ဆက္လက္၍ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ၾကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားျပီး၊ ရပ္မိရပ္ဖ ေဒသခံျပည္သူမ်ား၊ ဌာနဆိုင္ရာမ်ား၊ ျပည္နယ္ဝန္ၾကီးမ်ား၊ တာဝန္ရွိသူမ်ားႏွင့္မိတ္ဆက္ေပးသည္။ ထို႕ေနာက္ တန္႕ယန္းျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးညီညီေထြးမွ ေဒသဆိုင္ရာအခ်က္အလက္မ်ားရွင္းလင္းတင္ျပျပီး ျမိဳ႕နယ္စည္ပင္ သာယာေရးေကာ္မတီဦးေနစိုးမွ သုသန္ေျမကိစၥရပ္မ်ားျမိဳ႕အဂၤါရပ္ႏွင့္မညီေသာေၾကာင့္ ျမိဳ႕အတြက္အက်ဳိးရွိေစႏိုင္ရန္ အေကာင္အထည္ေဖာ္ႏိုင္ေပးရန္အတြက္ေစ်းေဟာင္းကိုသုသန္တြင္စည္ပင္သာယာေစ်းအျဖစ္ထားရွိေပးရန္ႏွင့္တန္႕ယန္းျမိဳ႕တြင္ယာဥ္ရပ္နားစခန္းမ်ားကို ျမိဳ႕အထြက္ဘက္၌ အျမန္ဆုံးအေကာင္အထည္ေဖာ္ေပးေစလိုေၾကာင္း ေႏြရာသီေရာက္ရွိ လာပါသျဖင့္တန္႕ယန္းျမိဳ႕တြင္းေရရရွိေရးအတြက္တင္ျပေဆြးေႏြးျပီးရပ္ကြက္(၂)ေနထိုင္သူဦးသန္းတင္မွရပ္ကြက္(၂)အတြင္းေနထိုင္လ်က္ရွိေသာ ျပည္သူမ်ားအတြက္ (၁၀၅)ပုံစံရရွိေရးကိစၥရပ္မ်ား တင္ျပေဆြးေႏြးျခင္း ဦးသန္းေရႊမွ အခြန္ တိုးေကာက္ရျခင္းႏွင့္ပက္သတ္၍ သိရွိလိုေၾကာင္းေပ၃၀×၄၀RC ႏွစ္ထပ္ေဆာင္ေဆာက္ပါက အခြန္မည္မွ်ေကာက္ခံ သြားမည္ကို သိရွိလိုေၾကာင္းရပ္ကြက္(၃) ဦးေမာင္ေငြမွေတာင္သူလယ္သမားမ်ား လိုအပ္လ်က္ရွိေသာ ေျမစာရင္း (၁၀၅) အိမ္ဂရန္မ်ား႐ွိလုိေၾကာင္းစိုက္ပ်ဳိးေတာင္သူမ်ားမွလယ္ယာေျမပုံစံ(၇)ရရွိေရးအတြက္ေဆာင္ရြက္ေပးရန္ႏွင့္စြန္႕လႊတ္ေျမမ်ားေတာင္သူလက္ဝယ္ရရွိႏုိင္ရန္ကြင္းဆင္းေဆာင္ရြက္ေပးေစလိုေၾကာင္းဦးစိုင္းမ်ဳိးေအာင္မွေဒသဖြံ႕ျဖိဳးေရးအတြက္ေဒသစီးပြားေရးလုပ္ငန္းမ်ားကိုတင္ဒါထည့္သြင္းစဥ္းစားေပးရန္ႏွင့္ အစိုးရအဖြဲ႕မွကူညီေစာင့္ေရွာက္ေပးရန္ ျမိဳ႕နယ္အေျခခံေက်ာင္းမ်ားမွ ေျမယာကိစၥရပ္မ်ားရဆိုင္ေနရပါေၾကာင္း (၃)ထပ္သို႕မဟုတ္(၄)ထပ္ေဆာင္ေဆာက္လုပ္ခြင့္ျပဳႏိုင္ရန္ႏွင့္ စားေသာက္ကုန္ ကိစၥရပ္မ်ားၾကီးၾကပ္ေဆာင္ရြက္ေပးႏုိင္ရန္တင္ျပေဆြးေႏြးသြားၾကသည္။

၎ေနာက္ျပည္နယ္ဝန္ၾကီးခ်ဳပ္ျပည္နယ္ဝန္ၾကီးမ်ား သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားက ေဒသခံျပည္သူမ်ားလိုအပ္ခ်က္မ်ားကို က႑အလိုက္ေျဖရွင္းေဆာင္ရြက္ေပးေၾကာင္းသိရသည္။ ယင္းေနာက္ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွဗလာစာအုပ္အားကစားပစၥည္းႏွင့္ အလွဴေငြမ်ားတို႕ကိုျပည္နယ္လူမႈေရးဝန္ၾကီးႏွင့္ ဗမာတိုင္းရင္းသားလူမ်ဳိး ေရးရာဝန္ၾကီးတို႕က ေပးအပ္ရာသက္ဆိုင္ရာ တာဝန္ရွိသူမ်ားကအသီးသီးလက္ခံရယူၾကျပီး၊ ျပည္နယ္ဝန္ၾကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေဒသခံျပည္သူမ်ား၏လိုအပ္ခ်က္မ်ားကို အစိုးရရန္ပုံေငြထဲမွဘတ္ဂ်တ္ႏွစ္အလိုက္ျဖည့္ဆည္း ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္းနိဂုံးခ်ဳပ္စကား၌ေျပာၾကားသြားသိရသည္။ ျပည္နယ္ဝန္ၾကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔သည္ တန္႕ယန္းျမိဳ႕အထြက္ ဘိန္းအစားသီးႏွံစိုက္ပ်ဳိးေရး Mothers Love လက္ဘက္စိုက္ပ်ဳိး ေရးျခံသို႕သြားေရာက္ေလ့လာ ခ့ဲေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ၾကီး)

ခ႐ိုင္ျပန္/ဆက္

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တန့်ယန်းဒေသဖွံ့ဖြိုးရေးအတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ဒေသခံပြည်သူများတွေ့ဆုံ

တန့်ယန်း       မတ်- ၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မတ်(၃)ရက် နံနက်(၉)နာရီခွဲကတန့်ယန်းမြို့နယ်ခန်းမတွင်ဒေသဖွံ့ဖြိုရေးအတွက်ပြည်သူများဌာနဆိုင်ရာများရပ်မိရပ်ဖများနှင့်တွေ့ဆုံကြောင်းသိရသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ ရပ်မိရပ်ဖ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်မိတ်ဆက်ပေးသည်။ ထို့နောက် တန့်ယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးမှ ဒေသဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြပြီး မြို့နယ်စည်ပင် သာယာရေးကော်မတီဦးနေစိုးမှ သုသန်မြေကိစ္စရပ်များမြို့အင်္ဂါရပ်နှင့်မညီသောကြောင့် မြို့အတွက်အကျိုးရှိစေနိုင်ရန် အကောင်အထည်ဖော်နိုင်ပေးရန်အတွက်ဈေးဟောင်းကိုသုသန်တွင်စည်ပင်သာယာဈေးအဖြစ်ထားရှိပေးရန်နှင့်တန့်ယန်းမြို့တွင်ယာဉ်ရပ်နားစခန်းများကို မြို့အထွက်ဘက်၌ အမြန်ဆုံးအကောင်အထည်ဖော်ပေးစေလိုကြောင်း နွေရာသီရောက်ရှိ လာပါသဖြင့်တန့်ယန်းမြို့တွင်းရေရရှိရေးအတွက်တင်ပြဆွေးနွေးပြီးရပ်ကွက်(၂)နေထိုင်သူဦးသန်းတင်မှရပ်ကွက်(၂)အတွင်းနေထိုင်လျက်ရှိသော ပြည်သူများအတွက် (၁၀၅)ပုံစံရရှိရေးကိစ္စရပ်များ တင်ပြဆွေးနွေးခြင်း ဦးသန်းရွှေမှ အခွန် တိုးကောက်ရခြင်းနှင့်ပက်သတ်၍ သိရှိလိုကြောင်းပေ၃၀×၄၀RC နှစ်ထပ်ဆောင်ဆောက်ပါက အခွန်မည်မျှကောက်ခံ သွားမည်ကို သိရှိလိုကြောင်းရပ်ကွက်(၃) ဦးမောင်ငွေမှတောင်သူလယ်သမားများ လိုအပ်လျက်ရှိသော မြေစာရင်း (၁၀၅) အိမ်ဂရန်များရှိလိုကြောင်းစိုက်ပျိုးတောင်သူများမှလယ်ယာမြေပုံစံ(၇)ရရှိရေးအတွက်ဆောင်ရွက်ပေးရန်နှင့်စွန့်လွှတ်မြေများတောင်သူလက်ဝယ်ရရှိနိုင်ရန်ကွင်းဆင်းဆောင်ရွက်ပေးစေလိုကြောင်းဦးစိုင်းမျိုးအောင်မှဒေသဖွံ့ဖြိုးရေးအတွက်ဒေသစီးပွားရေးလုပ်ငန်းများကိုတင်ဒါထည့်သွင်းစဉ်းစားပေးရန်နှင့် အစိုးရအဖွဲ့မှကူညီစောင့်ရှောက်ပေးရန် မြို့နယ်အခြေခံကျောင်းများမှ မြေယာကိစ္စရပ်များရဆိုင်နေရပါကြောင်း (၃)ထပ်သို့မဟုတ်(၄)ထပ်ဆောင်ဆောက်လုပ်ခွင့်ပြုနိုင်ရန်နှင့် စားသောက်ကုန် ကိစ္စရပ်များကြီးကြပ်ဆောင်ရွက်ပေးနိုင်ရန်တင်ပြဆွေးနွေးသွားကြသည်။

၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသခံပြည်သူများလိုအပ်ချက်များကို ကဏ္ဍအလိုက်ဖြေရှင်းဆောင်ရွက်ပေးကြောင်းသိရသည်။ ယင်းနောက်ရှမ်းပြည်နယ် အစိုးရအဖွဲ့မှဗလာစာအုပ်အားကစားပစ္စည်းနှင့် အလှူငွေများတို့ကိုပြည်နယ်လူမှုရေးဝန်ကြီးနှင့် ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးတို့က ပေးအပ်ရာသက်ဆိုင်ရာ တာဝန်ရှိသူများကအသီးသီးလက်ခံရယူကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဒေသခံပြည်သူများ၏လိုအပ်ချက်များကို အစိုးရရန်ပုံငွေထဲမှဘတ်ဂျတ်နှစ်အလိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနိဂုံးချုပ်စကား၌ပြောကြားသွားသိရသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တန့်ယန်းမြို့အထွက် ဘိန်းအစားသီးနှံစိုက်ပျိုးရေး Mothers Love လက်ဘက်စိုက်ပျိုး ရေးခြံသို့သွားရောက်လေ့လာ ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 57 guests and no members online

Latest Updates