ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းရံုး ရံုးသစ္ဖြင့္ပြဲတက္ေရာက္အားေပး

လား႐ွိဳး မတ္ - ၄

38

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္သည္ မတ္လ (၄)ရက္ မဂၤလာအခ်ိန္ နံနက္(၉)နာရီခြဲက ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းရံုး ရံုးသစ္ဖြင့္ပြဲအား တက္ေရာက္၍ အသင္းဆိုင္းဘုတ္အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးသည္။

အသင္းရံုးဆိုင္းဘုတ္အား အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအး၊ ျမန္မာႏိုင္ငံကုန္သည္ စက္မႈအသင္းခ်ဳပ္ဥကၠဌ ဦးေဇာ္မင္းဝင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္၊ စားသံုးသူေရးရာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးျမင့္လြင္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကုန္သည္စက္မႈလက္မႈအသင္းဥကၠဌ ဦးစိုင္းဘိုဘို တို႔က ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးသည္။

ထို႔ေနာက္ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔က အသင္းရံုးသစ္၏ကမၸည္းေမာ္ကြန္းအား အေမႊးနံ႕သာ၊ ေအာင္သေျပတို႔ျဖင့္ပက္ျဖန္းမဂၤလာျပဳေပးၾကသည္။ အသင္းရံုးဖြင့္ပြဲအခမ္းအနားကိုအသင္းရံုးခန္းမ၌ ဆက္လက္က်င္းပရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားၿပီး၊ ျမန္မာႏိုင္ငံစက္မႈအသင္းခ်ဳပ္ဥကၠဌ ဦးေဇာ္မင္းဝင္းက ထပ္ဆင့္အမွာစကားေျပာၾကားသည္။

ဆက္လက္၍ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကုန္သည္စက္မႈလက္မႈအသင္းဥကၠဌ ဦးစိုင္းဘိုဘိုက အသင္းရံုးဖြင့္လွစ္ ႏိုင္မႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အသင္းရံုးသစ္အား လွည့္လည္ ၾကည့္႐ွဳစစ္ေဆးခဲ့ၿပီးလိုအပ္ခ်က္မ်ားအားျဖည့္ဆည္းမွာၾကားခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ျပန္/ဆက္

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး ရုံးသစ်ဖွင့်ပွဲတက်ရောက်အားပေး

လားရှိုး မတ် - ၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် မတ်လ (၄)ရက် မင်္ဂလာအချိန် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး ရုံးသစ်ဖွင့်ပွဲအား တက်ရောက်၍ အသင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

အသင်းရုံးဆိုင်းဘုတ်အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ မြန်မာနိုင်ငံကုန်သည် စက်မှုအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်စက်မှုလက်မှုအသင်းဥက္ကဌ ဦးစိုင်းဘိုဘို တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသင်းရုံးသစ်၏ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာ၊ အောင်သပြေတို့ဖြင့်ပက်ဖြန်းမင်္ဂလာပြုပေးကြသည်။ အသင်းရုံးဖွင့်ပွဲအခမ်းအနားကိုအသင်းရုံးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံစက်မှုအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်းက ထပ်ဆင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်စက်မှုလက်မှုအသင်းဥက္ကဌ ဦးစိုင်းဘိုဘိုက အသင်းရုံးဖွင့်လှစ် နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အသင်းရုံးသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်ချက်များအားဖြည့်ဆည်းမှာကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 61 guests and no members online