ရှမ်းပြည်နယ်သတင်းများ


နမ့်ခမ်း           မတ် - ၅

40



ထို့နောက်နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းဦးမှဒေသဆိုင်ရာ အချက်အလက်များရှင်းလင်းဆွေးနွေးပြီး ရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးစိုင်းအောင်လွင်မှ နမ့်ခမ်းနှင့်ရွှေလီတံတားကိုကွန်ဂရစ်တံတားအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးနိုင် ရန်နှင့်ပြည်သူများကျန်းမာရေးထိခိုက်မှုမရှိစေရေးအတွက် လမ်းများပျက်စီးဖုန်ထခြင်းကြောင့် လမ်းကောင်းမွန်ရေးအတွက် အမြန်ဆုံးဆောင်ပေးရန်တင်ပြဆွေးနွေးပြီး ဦးစိုင်းပေါ့မှ နမ့်ခမ်းမြို့နှင်ရွှေလီမြစ်ကူတံတားသည် တစ်ဘက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်ဆက်သွယ်ထားကြောင့် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်တင်ပြ၍လည်းကောင်း၊ မြို့မိမြို့ဖဦးမန်းရင်မှ နမ့်ခမ်းမြို့ လမ်းမကြီးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ယခုအခါပြည်ထောင်စုလမ်းမကြီးသည် မြို့ကျက်သရေဆောင် ဖြစ်သောကြောင့် လမ်းကျဉ်းနေသဖြင့် ကျန်ရှိသည့်(၂)လမ်းသွားကို(၄)လမ်းသွားအဖြစ် ဆောင်ရွက်ပေးစေလိုကြောင်း နမ့်ခမ်းရှမ်းစာပေယဉ်ကျေးမှုဥက္ကဋ္ဌဦးကျော်သန်းမှ တင်ပြဆွေးနွေးရာ ကြံများတစ်ဘက်နိုင်ငံသို့တင်ပို့နေရသည့်အတွက် အခက်အခဲရှိပါသဖြင့် ကုန်ကျမှုစရိတ်များသောကြောင့် သကြားစက်ရုံတည်ထောင်ပေးနိုင်ရန်နှင့် ပြည်သူများ စိုက်ပျိုးရေး မွေးမြူရေးအဆင်ပြေစေရန်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးစိုင်းထွန်းအောင်မှ ပညာရေး၊ ကျန်းမာရေးနှင့်အားကစားကိစ္စရပ်များ တင်ပြရာ(၂)ထပ်ကျောင်းဆောင်နှင့် ထိုင်ခုံစာရေးခုံ များလိုအပ်လျက်ရှိကြောင်း၊ နမ့်ခမ်းမြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းတင်ဦးမှ အဆောက်အဦများ အထပ်မြင့် တည်ဆောက်ရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် လာရောက်စာတင်ရသည်မှာ ကြန့်ကြာမှုရှိသဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်သက်ဆိုင်ရာဌာနများတွင် ထားရှိဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးတင်ပြ သွားကြသည်။




Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

နမ့်ခမ်းမြို့ဒေသဖွံ့ဖြို းရေးအတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ဒေသခံပြည်သူများတွေ့ဆုံ

နမ့်ခမ်း           မတ် - ၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်ခရိုင်နမ့်ခမ်းမြို့ ဒေသဖွံ့ဖြိုးရေးနှင့် ဒေသအတွင်းလိုအပ်ချက်များဖြည့်ဆည်းပေး နိုင်ရန် မတ်(၅)ရက် နံနက်(၉)နာရီ၁၅မိနစ်က ကျားဖြူခန်းမတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ် ဝန်ကြီး များ နှင့်တာဝန်ရှိသူများတွေ့ဆုံကြကြောင်းသိရသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာ ယခုလိုနမ့်ခမ်းမြို့ကိုလာရောက်ခြင်းမှာ ဒေသအတွင်းပြည်သူများလိုအပ်လျက်ရှိသော လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ပေး နိုင်ရန် ရောက်ရှိလာရခြင်းဖြစ်ကြောင်းပြောကြားသွားသည်။

ထို့နောက်နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းဦးမှဒေသဆိုင်ရာ အချက်အလက်များရှင်းလင်းဆွေးနွေးပြီး ရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးစိုင်းအောင်လွင်မှ နမ့်ခမ်းနှင့်ရွှေလီတံတားကိုကွန်ဂရစ်တံတားအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးနိုင် ရန်နှင့်ပြည်သူများကျန်းမာရေးထိခိုက်မှုမရှိစေရေးအတွက် လမ်းများပျက်စီးဖုန်ထခြင်းကြောင့် လမ်းကောင်းမွန်ရေးအတွက် အမြန်ဆုံးဆောင်ပေးရန်တင်ပြဆွေးနွေးပြီး ဦးစိုင်းပေါ့မှ နမ့်ခမ်းမြို့နှင်ရွှေလီမြစ်ကူတံတားသည် တစ်ဘက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်ဆက်သွယ်ထားကြောင့် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်တင်ပြ၍လည်းကောင်း၊ မြို့မိမြို့ဖဦးမန်းရင်မှ နမ့်ခမ်းမြို့ လမ်းမကြီးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ယခုအခါပြည်ထောင်စုလမ်းမကြီးသည် မြို့ကျက်သရေဆောင် ဖြစ်သောကြောင့် လမ်းကျဉ်းနေသဖြင့် ကျန်ရှိသည့်(၂)လမ်းသွားကို(၄)လမ်းသွားအဖြစ် ဆောင်ရွက်ပေးစေလိုကြောင်း နမ့်ခမ်းရှမ်းစာပေယဉ်ကျေးမှုဥက္ကဋ္ဌဦးကျော်သန်းမှ တင်ပြဆွေးနွေးရာ ကြံများတစ်ဘက်နိုင်ငံသို့တင်ပို့နေရသည့်အတွက် အခက်အခဲရှိပါသဖြင့် ကုန်ကျမှုစရိတ်များသောကြောင့် သကြားစက်ရုံတည်ထောင်ပေးနိုင်ရန်နှင့် ပြည်သူများ စိုက်ပျိုးရေး မွေးမြူရေးအဆင်ပြေစေရန်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးစိုင်းထွန်းအောင်မှ ပညာရေး၊ ကျန်းမာရေးနှင့်အားကစားကိစ္စရပ်များ တင်ပြရာ(၂)ထပ်ကျောင်းဆောင်နှင့် ထိုင်ခုံစာရေးခုံ များလိုအပ်လျက်ရှိကြောင်း၊ နမ့်ခမ်းမြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းတင်ဦးမှ အဆောက်အဦများ အထပ်မြင့် တည်ဆောက်ရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် လာရောက်စာတင်ရသည်မှာ ကြန့်ကြာမှုရှိသဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်သက်ဆိုင်ရာဌာနများတွင် ထားရှိဆောင်ရွက်ပေးစေလ်ိုကြောင်း ဆွေးနွေးတင်ပြ သွားကြသည်။

ယင်းနောက်ဒေသခံပြည်သူများ၏ လိုအပ်ချက်တင်ပြမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများက ပြန်လည်ဖြေရှင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် မှနိုင်ငံသားစိစစ်ရေးကဒ်ပြားများကို တိုင်းရင်းသူလေးများအား ပေးအပ်ပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောဗလာစာအုပ် အားကစားပစ္စည်းများကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးတို့က ပေးအပ်ရာ မြို့နယ်ပညာရေးမှူ းကလက်ခံရယူကြသည်။

၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလိုနမ့်ခမ်းမြို့ရှိရပ်မိရပ်ဖနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက် များကိုပွင့်လင်းမြင်သာစွာဖြင့်တင်ပြသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိရှိရသဖြင့် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် နောင်များတွင်လည်း အစိုးရအဖွဲ့မှလုပ်ငန်းကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်စကားတွင်ပြေကြားသွားကြောင်းသိရသည်။

     မောင်မောင်သန်း(တောင်ကြီး)

    09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates