ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ကိုးကန္႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ကုန္းၾကမ္းျမိဳ႕ျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ကုန္းၾကမ္း     မတ္-၇

43

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ၾကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ၾကီးမ်ား၊ တိုင္းရင္းသား လူမ်ဳိးေရးရာဝန္ၾကီးမ်ား၊ ကိုးကန္႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးဥကၠ႒၊ ျပည္နယ္ဥပေဒခ်ဳပ္၊ အစိုးရအဖြဲ႕ အတြင္းေရးမွဴး၊ သက္ဆိုင္ရာျပည္နယ္အဆင့္တာဝန္ရွိသူမ်ားႏွင့္ ကုန္းၾကမ္းျမိဳ႕ရွိရပ္မိရပ္ဖမ်ား၊ ဌာနဆိုင္ရာမ်ား၊ ေဒသခံျပည္သူမ်ား မတ္(၇)ရက္နံနက္(၉)နာရီက ျမိဳ႕နယ္ေထြ/အုပ္ရုံး၌ ေတြ႕ဆုံေၾကာင္းသိရသည္။

  ဆက္လက္၍ျပည္နယ္ဝန္ၾကီးခ်ဳပ္က အဖြင့္အမွာစကားေျပာၾကားျပီး ကုန္းၾကမ္းျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ဳိးစိုးမိုးမွ ေဒသဆိုင္အခ်က္အလက္မ်ား ရွင္းလင္းတင္ျပျပီး ကုန္းၾကမ္းျမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒က ၂၀၁၈ခုႏွစ္ေနာက္ပိုင္း ကုန္းၾကမ္းျမိဳ႕ကို ေရာက္ရွိလာသည့္ အစိုးရအဖြဲ႕ကို ေက်းဇူးတင္ရွိပါေၾကာင္း ကုန္းၾကမ္းျမိဳ႕နယ္တြင္ ႏိုင္ငံသားစိစစ္ေရးကဒ္ျပဳလုပ္ရာတြင္ ခက္ခဲမႈရွိပါေၾကာင္း၊ ကိုးကန္႕လူမ်ဳိးမ်ား အေရာင္ဆိုးခံရမည္ကို စိုးရိမ္မိပါေၾကာင္း မွတ္ပုံတင္ျပဳလုပ္ရာတြင္ အျခားတိုင္းရင္းသားမ်ားထက္ မိမိတို႕ ပိုမိုခက္ခဲပါေၾကာင္း ကိုးကန္႕ေဒသ လူမႈစီးပြားေရးႏွင့္ တိုင္းရင္းသားအခ်င္း ထိခိုက္မႈမ်ား ျဖစ္လာႏိုင္ေၾကာင္း တိုက္ပြဲေၾကာင့္ဖုန္ကန္ေဒသတြင္ ျပည္သူမ်ား၏စီးပြားေရးမ်ား ထိခုိက္ရပါေၾကာင္း ဘ႑ေငြနည္းပါးေသာေၾကာင့္ အေျခခံအေဆာက္အဦနည္းပါးျခင္း လ်ွပ္စစ္မီးႏွင့္ေရးမရရွိေသးသည္အတြက္ ခက္ခဲပါေၾကာင္း လမ္းပန္း ဆက္သြယ္ေရးခက္ခဲေသာေၾကာင့္ ေဒသဖြံ႕ျဖိဳးေရးအတြက္ ထိခိုက္ပါေၾကာင္း က်န္းမာေရးမေကာင္းပါက ေလာက္ကိုင္သို႕သြားေရာက္ကုသေနရသျဖင့္ ေငြမ်ားမလုံေလာက္သည့္အတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ကူညီ ေဆာင္ရြက္ေပးႏိုင္ရန္ႏွင့္ ပညာေရးက႑တြင္မလုံေလာက္သည့္အျပင္ ဆရာမအတြက္ ဝန္ထမ္းအိမ္ရာ မရွိေသာ ေၾကာင့္ အမ်ားျပည္သူအိမ္တြင္ေနရပါေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ကုန္းၾကမ္းျမိဳ႕နယ္ပညာေရး က႑ကို ေထာက္ပံေစလိုေၾကာင္း ေက်ာင္းေနအရြယ္ကေလးမ်ားေက်ာင္းေနႏိုင္ေရးႏွင့္အလုပ္အကိုင္မရိွေသးသူ မ်ား အလုပ္အကိုင္႐ရွိႏိုင္ရန္ တင္ျပေဆြးေႏြးသြားေၾကာင္းသိရသည္။

ထို႕ေနာက္ျပည္နယ္ဝန္ၾကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ကုန္းၾကမ္းေဒသခံျပည္သူမ်ား ေဒသလိုအပ္ခ်က္ တင္ျပမႈကို ျဖည့္ဆည္းေဆာင္ရြက္ေပးႏုိင္ရန္ သက္ဆိုင္ရာျပည္နယ္ဝန္ၾကီးမ်ားႏွင့္ သက္ဆိုင္ရာျပည္နယ္္အဆင့္ ဌာနဆိုင္တို႕မွျပန္လည္ေျဖၾကားေပးမည္ျဖစ္ေၾကာင္းေျပာၾကားျပီး ျပည္နယ္ဝန္ၾကီးမ်ားႏွင့္သက္ဆိုင္ရာဌာနမွ တာဝန္ရွိသူတို႕ကလုပ္ငန္းလိုအပ္ခ်က္မ်ားကို က႑အလိုက္ျဖည့္ဆည္းေဆာင္ရြက္ေပးၾကေၾကာင္းသိရသည္။

ယင္းေနာက္ကြင္းဆင္းေဆာင္ရြက္မႈ အခ်ဳိ႕ျပဳလုပ္ေပးေသာႏိုင္ငံသားစိစစ္ေရးကဒ္ျပားမ်ားကို ျပည္နယ္ ဝန္ၾကီးခ်ဳပ္၊ ျပည္နယ္ဝန္ၾကီးမ်ား၊ တိုင္းရင္းသားလူမ်ဳိးေရးရာဝန္ၾကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္ တို႕ကေပးအပ္ရာ ကိုးကန္႕တိုင္းသားမ်ား၊ ပေလာင္တိုင္းရင္းသား/သူမ်ားက လက္ခံရရာယူၾကျပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လွဴဒါန္းေသာေက်ာင္းသုံးဗလာစာအုပ္၊ အားကစားပစၥည္းႏွင့္ ကုန္းၾကမ္းရွိ ဝန္ထမ္းမ်ားအတြက္အာဟာရျပည္႕ စားေသာက္စရာမ်ားကို ျပည္နယ္စည္ပင္သာယာေရးဝန္ၾကီး၊ ျပည္နယ္လူမႈေရးဝန္ၾကီး၊ အစိုးရအဖြဲ႕အတြင္းေရးမွဴး တို႕ကအသီးသီးေပးအပ္ရာ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လက္ခံရယူၾကျပီး ျပည္နယ္ဝန္ၾကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က နိဂုံးခ်ဳပ္စကားေျပာၾကားခ့ဲေၾကာင္းသိရသည္။

     ေမာင္ေမာင္သန္း(ေတာင္ၾကီး)

     09250132943

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့ပြည်သူများနှင့်တွေ့ဆုံ

ကုန်းကြမ်း     မတ်-၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် ကုန်းကြမ်းမြို့ရှိရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ မတ်(၇)ရက်နံနက်(၉)နာရီက မြို့နယ်ထွေ/အုပ်ရုံး၌ တွေ့ဆုံကြောင်းသိရသည်။

  ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကုန်းကြမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးမှ ဒေသဆိုင်အချက်အလက်များ ရှင်းလင်းတင်ပြပြီး ကုန်းကြမ်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ၂၀၁၈ခုနှစ်နောက်ပိုင်း ကုန်းကြမ်းမြို့ကို ရောက်ရှိလာသည့် အစိုးရအဖွဲ့ကို ကျေးဇူးတင်ရှိပါကြောင်း ကုန်းကြမ်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြုလုပ်ရာတွင် ခက်ခဲမှုရှိပါကြောင်း၊ ကိုးကန့်လူမျိုးများ အရောင်ဆိုးခံရမည်ကို စိုးရိမ်မိပါကြောင်း မှတ်ပုံတင်ပြုလုပ်ရာတွင် အခြားတိုင်းရင်းသားများထက် မိမိတို့ ပိုမိုခက်ခဲပါကြောင်း ကိုးကန့်ဒေသ လူမှုစီးပွားရေးနှင့် တိုင်းရင်းသားအချင်း ထိခိုက်မှုများ ဖြစ်လာနိုင်ကြောင်း တိုက်ပွဲကြောင့်ဖုန်ကန်ဒေသတွင် ပြည်သူများ၏စီးပွားရေးများ ထိခိုက်ရပါကြောင်း ဘဏ္ဍငွေနည်းပါးသောကြောင့် အခြေခံအဆောက်အဦနည်းပါးခြင်း လျှပ်စစ်မီးနှင့်ရေးမရရှိသေးသည်အတွက် ခက်ခဲပါကြောင်း လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် ထိခိုက်ပါကြောင်း ကျန်းမာရေးမကောင်းပါက လောက်ကိုင်သို့သွားရောက်ကုသနေရသဖြင့် ငွေများမလုံလောက်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီ ဆောင်ရွက်ပေးနိုင်ရန်နှင့် ပညာရေးကဏ္ဍတွင်မလုံလောက်သည့်အပြင် ဆရာမအတွက် ဝန်ထမ်းအိမ်ရာ မရှိသော ကြောင့် အများပြည်သူအိမ်တွင်နေရပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကုန်းကြမ်းမြို့နယ်ပညာရေး ကဏ္ဍကို ထောက်ပံစေလိုကြောင်း ကျောင်းနေအရွယ်ကလေးများကျောင်းနေနိုင်ရေးနှင့်အလုပ်အကိုင်မရှိသေးသူ များ အလုပ်အကိုင်ရရှိနိုင်ရန် တင်ပြဆွေးနွေးသွားကြောင်းသိရသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကုန်းကြမ်းဒေသခံပြည်သူများ ဒေသလိုအပ်ချက် တင်ပြမှုကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်တို့မှပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတို့ကလုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးကြကြောင်းသိရသည်။

ယင်းနောက်ကွင်းဆင်းဆောင်ရွက်မှု အချို့ပြုလုပ်ပေးသောနိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် တို့ကပေးအပ်ရာ ကိုးကန့်တိုင်းသားများ၊ ပလောင်တိုင်းရင်းသား/သူများက လက်ခံရရာယူကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောကျောင်းသုံးဗလာစာအုပ်၊ အားကစားပစ္စည်းနှင့် ကုန်းကြမ်းရှိ ဝန်ထမ်းများအတွက်အာဟာရပြည့် စားသောက်စရာများကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး တို့ကအသီးသီးပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။

     မောင်မောင်သန်း(တောင်ကြီး)

     09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 81 guests and no members online