ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး မတ် - ၁၁

46




09250132943

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းများအား လှည့်လည် ကြည့်ရှု

တောင်ကြီး မတ် - ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် တာဝန်ရှိသူတို့သည် မတ် ၁၁ နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ အ.ထ.က (၂)၊ အ.ထ.က (၁)၊ အ.ထ.က (၄)၊ အ.ထ.က (၅)ကျောင်းတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသည့် ကျောင်းများအား လှည့်လည်ကြည့်ရှုကြောင်း သိရသည်။

အဆိုပါ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သိပ္ပံတွဲ (၄)ရက်မြောက်နေ့တွင် အ.ထ.က (၁)ကျောင်း၌ ဖြေဆိုသူ စာရင်းရှိ (၆၉၈)ဦး၊ ဖြေဆို (၆၈၃)ဦး၊ အ.ထ.က (၂)ကျောင်း၌ စာရင်းရှိ (၅၉၁)ဦး၊ ဖြေဆို (၅၇၂)ဦး၊ အ.ထ.က (၄)ကျောင်း၌ စာရင်းရှိ (၆၉၇)ဦး၊ ဖြေဆို (၆၂၉)ဦး၊ အ.ထ.က (၅)ကျောင်း၌ စာရင်းရှိ (၆၅၁)ဦး၊ ဖြေဆို (၆၀၀)ဦး အသီးသီးဖြေဆိုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 56 guests and no members online