ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕ႏွင့္ ေတြ႕ဆုံ

ေတာင္ႀကီး မတ္ - ၁၅

50

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းတို႔သည္ မတ္ ၁၄ ရက္ မြန္းလြဲ ၂ နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး Call  ခန္းမတြင္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕ႏွင့္ ေတြ႕ဆုံေၾကာင္း သိရသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕မွ ရွမ္းျပည္နယ္တြင္ အဓိက ေဆာင္႐ြက္မည့္လုပ္ငန္းမ်ားကို လာေရာက္ရွင္းျပျခင္းျဖစ္ပါေၾကာင္း၊ ျပည္ေထာင္စုအဆင့္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ သကဲ့သို႔ ရွမ္းျပည္နယ္တြင္လည္း ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ အကူအညီေပးရန္အတြက္ အကူအညီ လိုသူမ်ားကို မည္ကဲ့သို႔ ကူညီရန္ ေျပာလိုပါေၾကာင္း၊ ရခိုင္ျပည္နယ္တြင္ ေဆာင္႐ြက္သကဲ့သို႔ ရွမ္းျပည္နယ္တြင္ လည္း အစိုးရအဖြဲ႕မွ လမ္းၫႊန္မႈေပးၿပီး ေဆာင္႐ြက္လိုပါေၾကာင္း၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သီေပါၿမိဳ႕တြင္ စစ္ေဘးေရွာင္မ်ားကို ကူညီေဆာင္႐ြက္လိုေၾကာင္း ေဆြးေႏြးသြားေၾကာင္း သိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ယခုကဲ့သို႔ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕မွ ရွမ္းျပည္နယ္၏အခ်က္အလက္မ်ားကို ျပည္စုံစြာ ရွင္းျပ သည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ မတ္လ (၁) ရက္ေန႔က ရွမ္းျပည္နယ္အစိုးရအဖြဲ႕သည္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)ကို သြားေရာက္ခဲ့ပါေၾကာင္း၊ နမၼတူႏွင့္ သီေပါစစ္ေဘးေရွာင္ကိုလည္း ေရာက္ရွိခဲ့ပါေၾကာင္း၊ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕၏ ကူညီေထာက္ပံ့မႈမ်ားကိုလည္း ရရွိပါေၾကာင္း ေျပာၾကား သြားသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး မတ် - ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းတို့သည် မတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး Call  ခန်းမတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ရှမ်းပြည်နယ်တွင် အဓိက ဆောင်ရွက်မည့်လုပ်ငန်းများကို လာရောက်ရှင်းပြခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ပူးပေါင်းဆောင်ရွက် သကဲ့သို့ ရှမ်းပြည်နယ်တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကူအညီပေးရန်အတွက် အကူအညီ လိုသူများကို မည်ကဲ့သို့ ကူညီရန် ပြောလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်သကဲ့သို့ ရှမ်းပြည်နယ်တွင် လည်း အစိုးရအဖွဲ့မှ လမ်းညွှန်မှုပေးပြီး ဆောင်ရွက်လိုပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့တွင် စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်လိုကြောင်း ဆွေးနွေးသွားကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ရှမ်းပြည်နယ်၏အချက်အလက်များကို ပြည်စုံစွာ ရှင်းပြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မတ်လ (၁) ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကို သွားရောက်ခဲ့ပါကြောင်း၊ နမ္မတူနှင့် သီပေါစစ်ဘေးရှောင်ကိုလည်း ရောက်ရှိခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့၏ ကူညီထောက်ပံ့မှုများကိုလည်း ရရှိပါကြောင်း ပြောကြား သွားသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 55 guests and no members online

Latest Updates